ကမ္ဘာဦးကျမ်း အခန်းကြီး (၁၁)


            ၁မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း၊ ၂အရှေ့မျက်နှာမှခရီးသွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ်ကိုတွေ့၍ နေရာချကြ၏။ ၃သူတို့ကလည်းလာကြ။ အုတ်လုပ်၍ ခိုင်မာစွာဖုတ်ကြကုန်အံ့ဟု၊ တယောက်ကိုတယောက်ပြောကြ၏။ ထိုသို့ကျောက်အရာ၌ အုတ်ကို၎င်း၊ သရွတ်အရာ၌ ရေညိ‡တမျိုးကို၎င်း ရပြီးလျှင်၊ ၄လာကြ၊ မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ်၍၊ မြို့ကို၎င်း၊ မိုဃ်းကောင်းကင် သို့မှီရသော ရဲတိုက်ကို၎င်း တည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှါ၊ ပြုကြကုန်အံ့ဟု ပြောဆိုကြ၏။ ၅ထိုသို့ လူသားတို့တည် လုပ်သော မြို့နှင့် ရဲတိုက်ကို ကြည့်ရှုခြင်းငှါ၊ ထာဝရဘုရားသည် ဆင်းသက် တော်မူ၏။ ၆ထာဝရဘုရားက၊ ကြည့်ရှုလော့။ လူတမျိုးတည်း။ စကားတမျိုးတည်းရှိသည် ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။ ၇လာကြ။ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနာမလည်စေခြင်း ငှါ၊ သူတို့စကားကို ရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။ ၈ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည် မြို့ကိုမတည်ဘဲ နေကြ၏။ ၉သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကို ရှုတ်ထွေး၍၊ သူတို့ကိုမြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသော ကြောင့်၊ ထိုမြို့သည် ဗာဗုလုန်မြို့ဟူ၍ တွင်သတည်း။

            ၁ဝရှေမ၏ သားစဉ်မြေဆက်ဟူမူကား၊ ရှေမသည် အသက်တရာရှိ၍၊ ရေလွှမ်းမိုးသောနောက် နှစ်နှစ်ကြာသော်၊ သားအာဖာဇဒ်ကိုမြင်လေ၏။ ၁၁အာဖာဇဒ်ဘွားမြင်သောနောက်၊ ရှေမသည် အနှစ်ငါးရာ အသက်ရှင်၍၊ သားသမီးများ ကိုမြင်လေ၏။ ၁၂အာဖက်ဇဒ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော်၊ သားရှာလ ကို မြင်လေ၏။ ၁၃ရှာလဘွားမြင်သော နောက်၊ အာဖာဇဒ်သည် အနှစ်လေးရာသုံးနှစ်အသက်ရှင်၍၊ သားသမီးများကိုမြင်လေ၏။ ၁၄ရှာလသည် အသက်သုံးဆယ်ရှိသော်၊ သားဟေဗာကို မြင်လေ၏။ ၁၅ဟေဗာဘွားမြင်သောနောက်၊ ရှာလသည် အနှစ်လေးရာ သုံးနှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၁၆ဟေဗာသည် အသက်သုံးဆယ်လေးနှစ်ရှိသော်၊ သားဖာလက်ကို မြင်လေ၏။ ၁၇ဖာလက်ဘွား မြင်သောနောက်၊ ဟေဗာသည် အနှစ်လေးရာသုံးဆယ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၁၈ဖက်လက်သည် အသက်သုံးဆယ်ရှိသော်၊ သားရာဂေါကိုမြင်လေ၏။ ၁၉ရာဂေါဘွားမြင်သောနောက်၊ ဖာလက်သည်အနှစ်နှစ်ရာကိုးနှစ်အသက်ရှင်၍၊ သားသမီးများကို ဘွားမြင်မြင်လေ၏။ ၂ဝရာဂေါသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ သားစေရောက် ကိုမြင်လေ၏။ ၂၁စေရောက်ဘွားမြင်သောနောက်၊ ရာဂေါ သည် အနှစ်နှစ်ရာခုနစ်နှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၂၂စေရောက်သည် အသက် သုံးဆယ်ရှိသော်၊ သားနာခေါ်ကိုမြင်လေ၏။ ၂၃နာခေါ်ဘွားမြင်သောနောက်၊ စေရောက်သည်အနှစ်နှစ်ရာ အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။ ၂၄နာခေါ်သည် အသက်နှစ်ဆယ်ကိုးနှစ်ရှိ သော်၊ သားတေရကိုမြင်လေ၏။ ၂၅တေရဘွားမြင်သောနောက်၊ နာခေါ်သည် အနှစ်တရာတဆယ်ကိုးနှစ် အသက် ရှင်၍၊ သားသမီးများကိုမြင်လေ၏။ ၂၆တေရသည် အသက်ခုနစ်ဆယ်ရှိသော်၊ သားအာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။

            ၂၇တေရ၏သားစဉ်မြေးဆက်ဟူမူကား၊ တေရသည် အာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။ ၂၈ခါရန်သည်လည်း လောတကိုမြင်လေ၏။ ခါရန်သည်၊ အဘတေရမသေမှီ၊ မိမိဘွားရာအရပ်၊ ခါလဒဲပြည်သား တို့နေသောဥရမြို့၌သေ လေ၏။ ၂၉အာဗြံနှင့် နာခေါ်သည် မယားကို ယူ၍၊ အာဗြံ၏မယားကား၊ စာရဲအမည်ရှိ၏။ နာခေါ်၏ မယားကား၊ ခါရန်၏သမီးမိလခါအမည်ရှိ၏။ ခါရန်သည် မိလခါနှင့် ဣသခ၏ အဘဖြစ်သတည်း။ ၃ဝစာရဲမူကား၊ မြုံသောမိန်းမဖြစ်၍၊ သားသမီးမရှိ။ ၃၁တေရသည် သားအာဗြံကို၎င်း၊ ခါရန်၏ သားဖြစ်သောမြေးလောတကို၎င်း၊ သားအာဗြံ၏ မယားဖြစ်သော မိမိချွေးမစာရဲကို၎င်းခေါ်၍၊ သူတို့သည်ခါနာန်ပြည်သို့သွားခြင်းငှါ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှထွက် သဖြင့်၊ ခါရန်မြို့သို့ရောက်၍ နေကြ၏။ ၃၂တေရသည် အသက်နှစ်ပေါင်းနှစ်ရာငါးနှစ်ရှိသော်၊ ခါရန်မြို့၌သေလေ၏။