၁တဖန် ယာကုပ်သည် ခရီးသွား၍၊ အရှေ့ပြည်သားတို့နေရာ အရပ်သို့ရောက်ပြီးလျှင်၊ ၂မြော်ကြည့်၍ တောစ၌ ရေတွင်းတခုကိုမြင်၏။ ထိုတွင်းရေဖြင့် သိုးစုများကို တိုက်တတ်သည်ဖြစ်၍၊ တွင်းနားမှာ သိုးစုသုံးစုအိပ်လျက် ရှိ၏။ ရေတွင်းဝပေါ်မှာ ကြီးစွာသောကျောက်ရှိ၏။ ၃သိုးထိန်းအပေါင်း တို့သည် ထိုအရပ်၌ စုဝေးသောအခါ၊ ရေတွင်း ဝ၌ ဖုံးအုပ်သောကျောက်ကို လှိမ့်လှန်၍၊ သိုးများကို ရေတိုက်ပြီးလျှင်၊ ထိုကျောက်ကို မိမိနေရာ ရေတွင်းဝပေါ်မှာ တဖန်တင်ထားလေ့ရှိ၏။ ၄ယာကုပ်ကလည်း၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်အရပ်ကလာကြသနည်းဟု မေးလျှင်၊ ငါတို့သည် ခါရန်မြို့က လာကြသည်ဟု ပြောဆိုလေ၏။ ၅တဖန်ယာကုပ်က၊ နာခေါ်သား လာဗန်ကို သိသ လောဟု မေးလျှင်၊ သိ၏ဟုပြန်ဆိုသော်၊ ၆သူသည်မာပါ၏လောဟု တဖန်မေးပြန်လျှင်၊ မာပါ၏။ သူ၏သမီး ရာခေလ သည် သိုးများနှင့်တကွလာလိမ့်မည်ဟု ဆိုကြလေ၏။ ၇ယာကုပ်ကလည်း၊ နေ့အချိန်အလွန်များစွာ ရှိသေး၏။ သိုးတို့ကို စုဝေးရာအချိန် မဟုတ်သေး။ ရေတိုက်ပြီးလျှင်၊ သွား၍ ထိန်းကြဦးလော့ဟု ဆိုလေ၏။ ၈သူတို့ကလည်း၊ သိုးထိန်း အပေါင်းတို့စုဝေး၍၊ ရေတွင်းဝ၌ ဖုံးအုပ်သောကျောက်ကို လှိမ့်လှန်ပြီးမှသာ၊ သိုးတို့ကိုရေတိုက်ရ၏။ သို့မဟုတ်၊ မတိုက်ရဟုပြန်ဆိုကြ၏။ ၉ထိုသို့တဦးနှင့်တဦး နှုတ်ဆက်ကြစဉ်တွင် ရာခေလသည်၊ မိမိအဘ၏ သိုးတို့ကိုထိန်းရသည် ဖြစ်၍၊ သိုးတို့ကို ဆောင်လျက်လာ၏။ ၁ဝယာကုပ်သည်၊ မိမိဦးရီးလာဗန်၏ သမီး ရာခေလနှင့်ဦးရီးလာဗန်၏ သိုးတို့ကို မြင်သောအခါ၊ အနီးသို့ချဉ်း၍၊ ရေတွင်း၌ ဖုံးအုပ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ဦးရီးလာဗန်၏ သိုးတို့ကို ရေတိုက် လေ၏။ ၁၁ထိုနောက်၊ ယာကုပ်သည် ရာခေလကိုနမ်း၍၊ ကျယ်သောအသံနှင့်ငိုလေ၏။ ၁၂မိမိသည် ရာခေလအဘ၏ တူ၊ ရေဗက္က၏သားဖြစ်ကြောင်းကို ကြားပြောလျှင်၊ ရာခေလသည်ပြေး၍ မိမိအဘအားပြန်ကြားလေ၏။ ၁၃လာဗန် သည် မိမိတူယာကုပ်၏ သိတင်းစကားကို ကြားသောအခါ၊ ကြိုဆိုခြင်းငှါ အလျင်အမြန်သွား၍၊ ပိုက်ဘတ်နမ်းရှုတ် လျက်၊ မိမိအိမ်သို့ ဆောင်သွားလေ၏။ ယာကုပ်သည်လည်း မိမိအမှုအရာရှိသမျှကို ကြားပြောလျှင်၊ ၁၄လာဗန်က၊ အကယ်စင်စစ်သင်သည် ငါ့အရိုးအသားပင်ဖြစ်၏ဟု ဆိုလေ၏။
၁၅ယာကုပ်သည် တလခန့်မျှ နေပြီးမှ၊ လာဗန်က၊ သင်သည်ငါ့တူဖြစ်သောကြောင့်၊ အကျိုးမဲ့ ကျွန်ခံရပါမည်လော။ ခံလိုသောအခကို ငါ့အားပြောလော့ဟု ဆိုလေ၏။ ၁၆ထိုအခါ လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီးကား၊ လေအာအမည်ရှိ၏။ အငယ်ကား၊ ရာခေလအမည်ရှိ၏။ ၁၇လေအာကား၊ မျက်စီ နုညံ့၏။ ရာခေလကား၊ ပုံပြင် ယဉ်ကျေး၍ အသွေးအဆင်းလည်းလှ၏။ ၁၈ယာကုပ်သည် ရာခေလကိုချစ်သောကြောင့်၊ လာဗန်အား၊ ဦးမင်းသမီး အငယ်ရာခေလကိုရခြင်းငှါ၊ ခုနစ်နှစ်အစေခံပါမည်ဟု ဆိုလျှင်၊ ၁၉လာဗန်က၊ အခြားသောသူအားပေးစားသည်ထက်၊ သင့်အားပေးစားသော် သာ၍ကောင်း၏။ ငါနှင့်အတူနေလော့ဟု ဆို၏။ ၂ဝယာကုပ်သည်လည်း၊ ရာခေလကိုရခြင်းငှါ ခုနစ်နှစ်အစေခံလေ၏။ ရာခေလကို ချစ်သောကြောင့်၊ ခုနစ်နှစ်ကို နည်းသော နေ့ရက်ကဲ့သို့ထင်မှတ်သတည်း။
၂၁ယာကုပ်ကလည်း၊ ချိန်းချက်သောအချိန်စေ့ပါပြီ။ ကျွန်ုပ်သည် မယားနှင့် ဆက်ဆံဘို့ရာ ပေးစားပါဟုလာဗန် အားဆိုလျှင်၊ ၂၂လာဗန်သည် ထိုအရပ်၌ နေသော သူအပေါင်းတို့ကို စည်းဝေးစေ၍ ပွဲလုပ်လေ၏။ ၂၃ညဦးအချိန်ရောက် မှ၊ ဇိလပအမည်ရှိသော ကျွန်မသမီးလေအာ၌ လက်ဖွဲလျက်၊ ထိုသမီးကို ဆောင်သွင်း၍၊ ယာကုပ်သည် သူနှင့် ဆက်ဆံလေ၏။ ၂၅နံနက်အချိန်ရောက်မှ ယာကုပ်သည် ကြည့်ရှုသောအခါ၊ လေအာဖြစ်ကြောင်းကိုသိမြင်လျှင်၊ လာဗန်ထံသို့သွား၍ ကျွန်ုပ်၌ပြုသောအမှုကား၊ အဘယ်သို့နည်း။ ကျွန်ုပ်သည် ရာခေလကို ရခြင်းငှါ အစေခံရပြီမဟုတ် လော။ ကျွန်ုပ်ကိုအဘယ်ကြောင့် လှည့်စားသနည်းဟု ဆိုသော်၊ ၂၆လာဗန်က၊ ငါတို့ပြည်၌သမီးအကြီးကိုမပေးစားမှီ၊ အငယ်ကိုမပေးစားရ။ ၂၇ခုနစ်ရက်စေ့အောင် ငံ့ဦးလော့။ နောက်တဖန် ခုနစ်နှစ်အစေခံရသည် အတွက်၊ ရာခေလကို လည်းသင့်အားပေးစားဦးမည်ဟု ဆိုသည်အတိုင်း၊ ၂၈-၂၉ယာကုပ်ဝန်ခံ၍ ခုနစ်ရက်စေ့ပြီးမှ၊ လာဗန်သည် ဗိလဟာ အမည် ရှိသော ကျွန်မကို လက်ဖွဲ့လျက်၊ သမီးရာခေလကို ပေးစားလေ၏။ ၃ဝယာကုပ်သည် ရာခေလနှင့် ဆက်ဆံ၍၊ လေအာကို ချစ်သည်ထက်သာ၍ ချစ်၏။ လာဗန်ထံမှာ တဖန်ခုနစ်နှစ်အစေခံလေ၏။
၃၁လေအာသည် အမုန်းခံရသည်ကို ထာဝရဘုရားသိမြင်၍၊ သားဘွားရသောအခွင့်ကို ပေးတော် မူ၏။ ရာခေလမူကား မြုံ၏။ ၃၂လေအာသည် ပဋိသန္ဓြေွယူသဖြင့်၊ သားကိုဘွားမြင်၍ ရုဗင်အမည်ဖြင့် မှည့်လေ၏။ အကြောင်း မူကား၊ ထာဝရဘုရားသည် ငါ၏ဆင်းရဲခံခြင်းကို အမှန်ကြည့်မြင်တော်မူပြီ။ သို့ဖြစ်၍ ယခုငါ့လင်သည် ငါ့ကိုချစ်လိမ့် မည်ဟု ဆိုသတည်း။ ၃၃တဖန် ပဋိသန္ဓြေွယူပြန်၍ သားကိုဘွားမြင်သော်၊ ငါသည်အမုန်းခံရကြောင်းကို ထာဝရဘုရား ကြားသောကြောင့်၊ ဤသားကိုလည်းပေးသနားတော်မူပြီဟု ဆိုပြီးလျှင်၊ ထိုသားကို ရှိမောင် အမည်ဖြင့်မှည့်လေ၏။ ၃၄တဖန်ပဋိသန္ဓြွယူပြန်၍ သားကိုဘွားမြင်သော်၊ ငါ့လင်အားသားသုံးယောက်ကို ငါဘွားမြင်သောကြောင့်၊ ယခုတခါ သူသည် ငါနှင့် ပေါင်းဘော်လိမ့်မည်ဟု ဆို၍၊ ထိုသားကိုလေဝိအမည်ဖြင့်မှည့်လေ၏။ ၃၅တဖန် ပဋိသန္ဓြေွယူပြန်၍ သားကို ဘွားမြင်သော်၊ ထာဝရဘုရားကို ယခုငါချီးမွမ်းမည်ဟု ဆိုသည်ဖြစ်၍၊ ထိုသားကို ယုဒအမည်ဖြင့်မှည့်လေ၏။ ထိုနောက်၊ သားပြတ်၍ မဘွားဘဲနေ၏။