ကမ္ဘာဦးကျမ်း အခန်းကြီး (၃၅)


            ၁ထိုနောက် ဘုရားသခင်က၊ သင်ထ၍ ဗေသလအရပ်သို့ သွားနေလော့။ သင်သည် အစ်ကိုဧသော ထံမှ ပြေးသောအခါ၊ သင့်အား ထင်ရှားသော ဘုရားသခင်အဘို့၊ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လော့ဟု၊ ယာကုပ်အား မိန့်တော်မူ၏။ ၂ထိုအခါ ယာကုပ်သည် အိမ်သူအိမ်သားများနှင့်၊ မိမိ၌ရှိသောသူ အပေါင်းတို့ကို ခေါ်၍၊ သင်တို့တွင် ပါသော၊ တပါးအမျိုးသားတို့၏ ဘုရားတို့ကို ပယ်ပစ်ကြလော့။ အဝတ်ကိုလဲ၍ သန့်ရှင်းခြင်းရှိစေကြလော့။ ၃ယခု ထ၍ ဗေသလအရပ်သို့ သွားကြစို့။ ငါသည် ဆင်းရဲခံရသောကာလ ငါ့ကိုထူး၍၊ ငါသွားသောလမ်း၌ ကြွတော်မူသော ဘုရားသခင်အဘို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို ငါတည်မည်ဟု ဆိုလေ၏။ ၄သူတို့သည်လည်း၊ မိမိတို့၌ပါသော တပါး အမျိုးသားတို့၏ ဘုရားအပေါင်းတို့နှင့်၊ နား၌ပန်သော နားပန်းတန်ဆာရှိသမျှတို့ကို၊ ယာကုပ်အားပေး၍၊ ယာကုပ် လည်း၊ ရှေခင်မြို့နားတွင်ရှိသော သပိတ်ပင် အောက်၌ မြ‡ုပ်ထားလေ၏။ ၅သူတို့ပြောင်းသွားကြသောအခါ၊ ပတ်ဝန်း ကျင်မြို့သားတို့သည် ဘုရားသခင်ကို ကြောက်ရွံ့၍၊ ယာကုပ်သားတို့ကို မလိုက်ဝံ့ဘဲနေကြ၏။ ၆ယာကုပ်သည် မိမိ၌ပါသောသူ အပေါင်းတို့နှင့်တကွ၊ ခါနာန်ပြည် လုဇမြို့တည်းဟူသော၊ ဗေသလအရပ်သို့ ရောက်ကြသော်၊ ၇ယဇ်ပလ္လင်ကိုတည်၍၊ ထိုအရပ်ကို ဗေသလအမည်ဖြင့် တဖန်သမုတ်ပြန်လေ၏။ အကြောင်းမူကား၊ အစ်ကိုထံမှ ပြေးသောအခါ၊ ထိုအရပ်၌ ဘုရားသခင် ထင်ရှားတော်မူသတည်း။

            ၈ရေဗက္က၏အထိန်း ဒေဗောရသေ၍၊ ဗေသလအရပ်၌ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ ထိုအပင်ကို အာလုမBာကုတ်ဟူ၍ တွင်သတည်း။

            ၉ယာကုပ်သည် ပါဒနာရံအရပ်မှ ပြန်လာသောနောက်၊ တဖန် ဘုရားသခင်ထင်ရှား၍ ကောင်းကြီး ပေးတော် မူပြီးလျှင်၊ ၁ဝသင်သည် ယခုယာကုပ်အမည်ရှိ၏။ နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍မခေါ်ရ။ ဣသရေလဟူ၍ ခေါ်ရမည်ဟု မိန့်တော်မူလျက်၊ ဣသရေလအမည်ဖြင့် သမုတ်တော်မူ၏။ ၁၁တဖန် ဘုရားသခင်က၊ ငါသည် အနန္တ တန်ခိုးရှင် ဘုရားသခင်ဖြစ်၏။ တိုးပွားများပြားလော့။ လူတမျိုးမက၊ အမျိုးမျိုး တို့သည် သင်၌ဖြစ်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည် သင်၏အမျိုးအနွှယ်၌ ဖြစ်ကြလိမ့်မည်။ ၁၂အာဗြဟံနှင့် ဣဇာက်အား ငါပေးသောမြေကို သင်နှင့် သင်၏အမျိုးအနွှယ်အား ငါပေးမည်ဟု မိန့်တော်မူ၏။ ၁၃ထိုသို့ ယာကုပ်နှင့်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာ အရပ်မှ၊ ဘုရားသခင် တက်ကြွတော်မူ၏။ ၁၄ဘုရားသခင် နှုတ်ဆက်၍ မိန့်တော်မူရာ အရပ်၌၊ ယာကုပ်သည် ကျောက်တိုင် ကိုစိုက်၍၊ ကျောက်ဖျာပေါ်၌ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ဆီကို၎င်း လောင်းလေ၏။ ၁၅ဗျာဒိတ်တော်ကို ခံရသော ထိုအရပ်ကို လည်း၊ ဗေသလဟူ၍ တဖန် သမုတ်ပြန်လေ၏။

            ၁၆ထိုနောက်တဖန် ဗေသလအရပ်မှ ခရီးသွားပြန်၍၊ ဧဖရတ်မြို့နှင့်နီးသောအခါ၊ ရာခေလသည် သားဘွား အံ့သောအချိန် ရောက်၍၊ ပြင်းစွာသော ဝေဒနာကိုခံရ၏။ ၁၇ထိုသို့ ပြင်းစွာ ခံနေရစဉ်တွင်၊ ဝမ်းဆွဲက၊ မစိုးရိမ်နှင့်၊ သားယောက်ျားကို ရပြီဟုဆိုလေ၏။ ၁၈ရာခေလလည်း သေအံ့ဆဲဆဲရှိ၍၊ နံဝိညာဉ်ထွက် စဉ်အခါ၊ ထိုသားကို ဗေနောနိအမည်ဖြင့် မှည့်လေ၏။ အဘမူကား၊ ဗင်္ယာမိန်အမည်ဖြင့်မှည့်သတည်း။ ၁၉ရာခေလသေ၍၊ ဗက်လင်အမည် ရှိသော ဧဖရတ်မြို့သို့သွားသောလမ်းခရီးတွင်၊ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ ၂ဝယာကုပ်လည်း၊ သင်္ချိုင်းပေါ်မှာ မှတ်တိုင် စိုက်လေ၏။ ထိုမှတ်တိုင်ကား၊ ယနေ့တိုင်အောင် ရာခေလ၏ သင်္ချိုင်းမှတ်တိုင် ဖြစ်သတည်း။

            ၂၁ဣသရေလသည် တဖန်ခရီးသွားပြန်၍၊ ဧဒလင့်စင်ကိုလွန်ပြီးမှ တဲကိုဆောက်လေ၏။ ၂၂ထိုအရပ်၌ နေသောအခါ၊ ရုဗင်သည် သွား၍အဘ၏ မယားငယ်၊ ဗိလဟာနှင့်အိပ်လေ၏။ ထိုသတင်းကို ဣသရေလ ကြား၏။

            ၂၃ယာကုပ်သား တကျိပ်နှစ်သားရှိ၏။ လေအာတွင်မြင်သောသားကား၊ ယာကုပ်၏သားဦးရုဗင်၊ အစရှိ သောရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်တည်း။ ၂၄ရာခေလသားကား၊ ယောသပ်နှင့် ဗင်္ယာမိန်တည်း။ ၂၅ယာခေလ၏ကျွန်မ ဗိလဟာသားကား၊ ဒန်နှင့်နာဿလိတည်း။ ၂၆လေအာ၏ကျွန်မ ဇိလပသားကား၊ ဂဒ်နှင့် အာရှာတည်း။ ဤသူတို့ကား၊ ပါဒနာရံပြည်၌ ဘွားမြင်သော ယာကုပ်၏ သားများတည်း။

            ၂၇ထိုနောက် ယာကုပ်သည် အာဗြဟံနှင့် ဣဇာက်တည်းခိုရာ မံရေအရပ်၊ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘမြို့၌နေသော၊ အဘဣဇာက်ထံသို့ ရောက်လေ၏။ ၂၈ဣဇာက်အသက်သည် အနှစ်တရာ ရှစ်ဆယ် နှင့် ပြည့်စုံသည်ရှိသော်၊ ၂၉အသက်ကြီးရင့်ကာ၊ ကာလပြည့်စုံရာ၌ အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုး စည်းဝေးရာသို့ ရောက်လေ၏။ သားဧသောနှင့်ယာကုပ်တို့သည် သင်္ဂြိုဟ်ကြ၏။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s