၁အဘိမလက် လက်ထက်နောက်မှ၊ ဣသရေလအမျိုးကို ကယ်တင်သော သူဣသခါအမျိုး၊ ဒေါဒေါသား ဖုဝါ၏သား တောလသည် ပေါ်ထွန်း၍၊ ဧဖရိမ်တောင်ပေါ်၊ ရှမိရမြို့မှာ နေလေ၏။ ၂ထိုသူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံး အုပ်စိုးပြီးမှ သေ၍၊ ရှမိရမြို့မှာ သင်္ဂြိုဟ်လေ၏။
၃ထိုသူလက်ထက်နောက်မှ၊ ဂိလဒ်ပြည်သား ယာဣရသည် ပေါ်ထွန်း၍၊ ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံးအုပ်စိုး၏။ ၄ထိုမင်း၌ကား၊ သားသုံးဆယ်ရှိ၍၊ သူတို့သည် မြည်းသငယ်သုံးဆယ်တို့ ကိုစီးလျက် ဂိလဒ်ပြည်၌ ယာဝုတ်ယာဣရအမည်ဖြင့် ယနေ့တိုင်အောင် ခေါ်ဝေါ်သော မြို့သုံးဆယ်တို့ကို ကံကျွေးပြု ကြ၏။ ၅ယာဣယသေ၍ ကာမုန်မြို့မှာ သင်္ဂြိုဟ်လေ၏။
၆တဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဗာလဘုရား၊ အာရှတရပ် ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ မောဘဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိဘုရားတို့ကို ဝတ်ပြု၍၊ ထာဝရဘုရားကို ဝတ်မပြုစွန်ထားကြ၏။ ၇ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်၍၊ ဖိလိတ္တိလူတို့၌ ၄င်း၊ အမ္မုန်အမျိုး သားတို့၌၄င်း၊ ရောင်းတော်မူသဖြင့်၊ ၈ယော်ဒန်မြစ်တဘက် အာမောရိလူနေရာ ဂိလဒ်ပြည်၌နေသော ဣသရေလအမျိုးသားအပေါင်းတို့ကို ထိုနှစ်မှစ၍၊ တဆယ်ရှစ်နှစ်ပတ်လုံး ညှဉ်းဆဲကြ၏။ ၉အမ္မုန်အမျိုးသားတို့သည် လည်း၊ ယော်ဒန်မြစ်ကိုကူး၍ ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုး၊ ဧဖရိမ်အမျိုးသားတို့ကို တိုက်သဖြင့်၊ ဣသရေလအမျိုးသား တို့သည် ကြီးစွာသောဆင်းရဲခြင်းသို့ရောက်ကြ၏။
၁ဝထိုအခါ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားပါပြီ။ အကျွန်ုပ်တို့၏ ဘုရားသခင်ကို စွန့်၍၊ ဗာလဘုရားတို့ကို ဝတ်ပြုမိပါပြီဟု ထာဝရဘုရားအားဟစ်ကြော်ကြ၏။ ၁၁ထာဝရဘုရား ကလည်း၊ ငါသည်သင်တို့ကို အဲဂုတ္တုလူ၊ အာမောရိ၊ အမ္မုန်လူ၊ ဖိလိတ္တိလူတို့လက်မှ ကယ်နှုတ်သည် မဟုတ်လော။ ၁၂ဇိဒုန်လူ၊ အာမလက်လူ၊ မောနိလူတို့ ညှဉ်းဆဲသောအခါ၌လည်း၊ သင်တို့သည် ငါ့ကိုဟစ်ကြော်၍၊ သူတို့လက်မှ ငါကယ်နှုတ်၏။ ၁၃သို့သော်လည်း၊ သင်တို့သည် ငါ့ကိုစွန့်၍ အခြားတပါးသောဘုရားတို့ကို ဝတ်ပြုသောကြောင့် နောက်တဖန် ငါမကယ်နှုတ်၊ သင်တို့ရွေးယူသော ဘုရားတို့ကို သွား၍ ဟစ်ကြော်ကြလော့။ အမှုရောက်သော ယခုကာလ၌ သူတို့သည် ကယ်နှုတ်ကြစေဟု ဣသရေလအမျိုးသားတို့အား မိန့်တော်မူ၏။ ၁၅ဣသရေလ အမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ စိတ်တော်ရှိသည် အတိုင်းအကျွန်ုပ်တို့၌ ပြုတော်မူပါ။ ယခုတကြိမ်သာကယ်နှုတ်တော်မူမည်အကြောင်း၊ အကျွန်ုပ်တို့တောင်းပန်ပါ၏ဟု ထာဝရဘုရားအား တောင်းလျှောက်လျက်၊ ၁၆တပါးအမျိုးသားကိုးကွယ်သော ဘုရားတို့ကိုပယ်၍ ထာဝရဘုရားကိုဝတ်ပြုကြ၏။ ထိုအခါထာဝရဘုရားသည် ဣသရေလအမျိုးခံရသော ဒုက္ခဆင်းရဲကြောင့် ကြင်နာသောစိတ်နှလုံးရှိတော်မူ၏။ ၁၇အမ္မုန်အမျိုးသားတို့သည် စည်းဝေး၍ ဂိလဒ်ပြည်၌ တပ်ချကြ၏။ ဣသရေလအမျိုးသားတို့သည် စည်းဝေး၍၊ မိဇပါမြို့မှာတပ်ချကြ၏။ ၁၈ဂိလဒ်ပြည်သား မင်းများတို့အား အကြင်သူသည် အမ္မုန်အမျိုးသားတို့ကို အဦးတိုက်၏။ ထိုသူသည် ဂိလဒ်ပြည်သားအပေါင်းတို့၏ အထွဋိဖြစ်စေဟု တိုင်ပင်စီရင်ကြ၏။