၎ရာ အခန်းကြီး(၇)


၁ဧလိရှဲက၊ ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ နက်ဖြန်နေ့ယခုအချိန်ရောက်လျှင်၊ ဂျုံမုန့်ညက် တစိတ်ကို ငွေတကျပ်၊ မုယောဆန်တခွဲကို တကျပ်နှင့် ရှမာရိမြို့တံခါး ဝ၌ ရောင်းရလိမ့်မည်ဟု ဆင့်ဆို၏။ ၂ရှင်ဘုရင် မှီခြင်းကိုခံရသော အမတ်က၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၌ ပြင်တင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင်၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု ဘုရားသခင်၏ လူအားဆိုသော်၊ ဘုရားသခင်၏လူက၊ သင်သည် ကိုယ်မျက်စီနှင့် မြင်ရသော်လည်း မစားရဟုပြန်ပြော၏။ ၃ထိုအခါ မြို့တံခါး၌ ထိုင်လျက်ရှိသောလူနူ လေးယောက်တို့က၊ ငါတို့သည် သေသည်တိုင်အောင် အဘယ်ကြောင်ဤအရပ်၌ ထိုင်ရမည် နည်း။ ၄မြို့ထဲသို့ဝင်လျှင် အစာခေါင်းပါးသောကြောင့် သေရမည်။ ဤအရပ်၌ ထိုင်လျက်နေလျှင်လည်း သေရမည်။ သို့ဖြစ်၍ ရှုရိတပ်သို့ဝင်စားကြကုန်အံ့။ သူတို့သည် အသက်ရှင်စေလျှင်ရှင်ရမည်။ သတ်လျှင် သေရမည်ဟု တိုင်ပင်ပြီးလျှင်၊ ၅မိုဃ်းမလင်းမှီထ၍ ရှုရိတပ်သို့သွားကြ၏။ တပ်ဦးသို့ ရောက်သောအခါ အဘယ်သူကိုမျှမတွေ့ကြ။ ၆အကြောင်းမူကား၊ ရှုရိလူတို့သည် ရထားစီးသူရဲ၊ မြင်းစီးသူရဲ၊ များစွာသော ဗိုလ်ခြေအသံကိုကြားစေခြင်းငှါ၊ ထာဝရဘုရားပြုတောမူသဖြင့်၊ သူတို့က ဣသရေလရှင်ဘုရင်သည် ငါတို့ကို တိုက်စေခြင်းငှါ၊ ဟိတ္တိမင်းများ၊ အဲဂုတ္တု မင်းများတို့ကိုငှါးပြီးဟု တယောက်ကိုတယောက်ဆိုလျက်၊ ၇မိုဃ်းမလင်းမှီထ၍ သူတို့တဲ၊ မြင်း၊ မြည်းအစရှိသော တတပ်လုံးကို စွန့်ပစ်၍ ကိုယ်အသက်လွတ်အောင်ပြေးကြ၏။ ၈လူနူတို့သည် တပ်ဦးသို့ရောက်သောအခါ၊ တဲတခုထဲသို့ ဝင်၍စားသောက်ပြီးမှ၊ ရွေငွေအဝတ်တန်ဆာကို ယူသွားပြီးလျှင် ဝှက်ထားကြ၏။ နောက်တဖန် အခြားသောတဲသို့ ဝင်၍၊ ဥစ္စာများကိုယူသွားပြီးလျှင် ဝှက်ထားကြ၏။ ၉သို့ရာတွင်၊ ငါတို့သည် ကောင်းမွန်စွာ မပြုပါတကား။ ယခုနေ့သည် ကောင်းသော သိတင်းကိုကြားပြောရသော နေ့ဖြစ်လျက်၊ ငါတို့သည် မကြားမပြောဘဲနေပါပြီ တကား။ မိုဃ်းလင်းသည် တိုင်အောင် မပြောဘဲနေလျှင် အမှုတစုံတခု ရောက်လိမ့်မည်။ သို့ဖြစ်၍ နန်းတော်၌ သိတင်းကြား ပြောအံ့သောငှါ ငါတို့သည် သွားကြကုန်အံ့ဟု တိုင်ပင်ပြီးမှ၊ ၁ဝမြို့သို့သွား၍ တံခါးပြင်၌ ဟစ်ခေါ်လျက်၊ ငါတို့သည် ရှုရိတပ်သို့ ရောက်၍ အဘယ်သူကိုမျှ မတွေ့။ လူသံကိုမကြား။ မြင်း၊ မြည်းတို့ကို ချည်နှောင်လျက်၊ တဲများလည်း တတ်တိုင်ရှိသည်ကို တွေ့ပါ၏ဟု ကြားပြောသည်အတိုင်း၊ ၁၁တံခါးစောင့် တို့သည် တယောက်ကို တယောက်ဟစ်၍၊ ထိုသိတင်းသည် နန်းတော်ထဲသို့ ရောက်လေ၏။ ၁၂မိုဃ်းမလင်းမှီ ရှင်ဘုရင်သည်ထ၍၊ ရှုရိလူတို့သည် ငါတို့၌ အဘယ်သို့ပြုလိုသည်ကို ငါပြောမည်။ သူတို့က မြို့ပြင်သို့ထွက်သော မြို့သားတို့ကို အရှင်ဘမ်းပြီးမှ၊ မြို့ထဲသို့ဝင် မည်အကြံရှိ၍၊ ငါတို့ငတ်မွတ်ကြောင်းကို သိသောကြောင့်၊ မိမိတို့တပ်ပြင်သို့ ထွက်၍ တော၌ ပုန်းရှောင်လျက်နေကြ သည်ဟု ဆိုလျင်၊ ၁၃ကျွန်တယောက်က၊ မြို့၌ကျန်ကြွင်းသော မြင်းငါးစီးကို ပေးတော်မူပါ။ ထိုမြင်းမူကား ပျက်ဆီးခြင်း သို့ရောက်သော ဣသရေလအမျိုး အလုံးအရင်းကဲ့သို့ ဖြစ်ပါ၏။ ထိုမြင်းတို့ကို စီးလျက်သွား၍ ကြည့်ရှု့ရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်ပြီးမှ၊ ၁၄ရထားမြင်းနှစ်စီးကို ယူပြီးလျှင် သွား၍ကြည့်ရှုကြလော့ဟု ရှင်ဘုရင်သည် ရှုရိဗိုလ်ခြေနောက်သို့ စေလွှတ်သည်အတိုင်း၊ ၁၅ယောဒန်မြစ်တိုင်အောင် လိုက်ကြ၏။ ရှုရိလူတို့သည် အလျင်အမြန် ပြေးရာတွင် ပစ်ခဲ့သောအဝတ်တန်ဆာတို့သည် လမ်း၌ပြည့်လျက်ရှိကြ၏။ စေလွှတ်သူတို့သည် ပြန်လာ၍ နားတော် လျှောက်ကြ၏။ ၁၆ထိုအခါ မြို့သားတို့သည် ထွက်၍ ရှုရိတဲတို့ကို လုယူကြ၏။ ထာဝရဘုရား၏ စကားတော်အတိုင်း၊ ဂျုံမုန့်ညက်တစိတ်ကို ငွေတကျပ်၊ မုရောဆန်တခွဲကို တကျပ်နှင့်ရောင်းကြ၏။ ၁၇ရှင်ဘုရင်မှီခြင်းကို ခံရသောအမတ် သည် အမိန့်တော်အတိုင်း တံခါးကိုစောင့်သည်တွင်၊ ထွက်ဝင်သောသူတို့ နင်းမိ၍ ဘုရားသခင်၏လူသည် ရှင်ဘုရင် ရောက်လာသောအခါ ပြောဆိုနှင့်သည်အတိုင်း၊ ထိုအမတ်သေလေ၏။ ၁၈ဘုရားသခင်၏လူက၊ နက်ဖြန်နေ့ယခုအချိန် ရောက်လျင်၊ ဂျုံမုန့်ညက်တစိတ်ကို ငွေတကျပ်၊ မုယောဆန်တခွဲကို တကျပ်နှင် ရှမာရိမြို့တံခါးဝ၌ ရောင်းရလိမ့်မည် ဟု ရှင်ဘုရင်အား ဆင့်ဆိုသည်အတိုင်း ဖြစ်၏။ ၁၉အမတ်ကလည်း၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၌ ပြတင်း ပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင်၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု ဘုရားသခင်၏လူအား ဆို၍၊ ဘုရားသခင်၏လူက သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရဟု ပြန်ပြောသည်အတိုင်း၊ ၂ဝထိုအမတ်၌ဖြစ်၏။ မြို့တံခါးဝမှာ မြို့သားတို့နင်းခြင်းကို ခံရ၍သေလေ၏။