၎ရာ အခန်ကြီး(၁)


၁အာဟပ်မင်းသေသောနောက်၊ မောဘပြည်သည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏။ ၂အာခဇိမင်း သည် ရှမာရိမြို့၌ အထက်ခန်းပြတင်းပေါက်မှကျ၍ နာနေသောကြောင့်၊ ငါသည်ဤအနာမှ ထမြောက်မည်လော ဟု ဧကြုန်မြို့၏ ဘုရား ဗာလဇေဗုပ်သို့ သွား၍မေးမြန်းကြဟု မှားထား၍ သံတမန်တို့ကို စေလွှတ်လေ၏။ ၃ထာဝရဘုရား ၏ ကောင်းကင်တမန်သည် တိရှဘိမြို့သား ဧလိယအားလည်း၊ ရှမာရိရှင်ဘုရင်စေလွှတ်သော သံတမန်တို့ကို ကြိုဆိုခြင်းငှါ ထသွားလော့။ ဣသရေလပြည်၌ ဘုရားသခင်မရှိသောကြောင့်၊ ဧကြုန်မြို့၏ဘုရား ဗာလဇေဗုပ်သို့ သွား၍မေးမြန်းရသလော။ ၄ထိုကြောင့် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ယခုတက်သော သာလွန်ပေါ်က နောက်တဖန် မဆင်းရ။ စစ်စစ် သင်သေမည်ဟု သူတို့အား ဆင့်ဆိုရမည်အကြောင်း မိန့်တော်မူသည်အတိုင်း၊ ဧလိယသွားလေ၏။ ၅သံတမန်တို့သည် ပြန်လာသောအခါ ရှင်ဘုရင်က အဘယ်ကြောင့် ယခုပြန်လာကြသနည်းဟု မေးလျှင်၊ ၆သူတို့က၊ လူတချို့တယောက်သည် ကျွန်တော်တို့ကို ကြိုဆိုခြင်းငှါလာ၍ သင်တို့ကိုစေလွှတ်သော ရှင်ဘုရင် ထံသို့ ပြန်ကြ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလပြည်၌ ဘုရားသခင်မရှိသောကြောင့်၊ ဧကြုန်မြို့၏ ဘုရား ဗာလဇေဗုပ်မြို့သို့ သွား၍မေးမြန်းရသလော။ ထိုကြောင့် သင်သည် ယခုတက်သောသာလွန်ပေါ်က နောက်တဖန် မဆင်းရ။ စင်စစ်သေမည်ဟု ပြောရမည်အကြောင်း မှာထားပါသည်ဟု လျှောက်ကြ၏။ ၇ရှင်ဘုရင် ကလည်း၊ သင်တို့ကိုကြိုဆိုခြင်းငှါလာ၍ ဤသို့ပြောသောသူကား အဘယ်သို့သောသူနည်းဟု မေးလျှင်၊ ၈သူတို့က၊ ထိုသူသည် ကိုယ်၌အမွေးများ၍ သားရေခါးပန်းကို စည်းသောသူဖြစ်ပါသည်ဟု လျှောက်ကြသော်၊ ထိုသူသည် တိရှဘိမြို့သား ဧလိယဖြစ်လိမ့်မည်ဟု ရှင်ဘုရင်ဆိုလျက်၊ ၉လူငါးကျိပ်အပ်သော တပ်မှူးကိုစေလွှတ်၍၊ တပ်မှူးသည် ထိုတောင်ပေါ်မှာထိုင်သော ဧလိယထံသို့ ရောက်ပြီးလျှင်၊ အိုဘုရားသခင်၏လူ၊ သင်သည်ဆင်းရမည်အကြောင်း၊ ရှင်ဘုရင်အမိန့်တော်ရှိသည်ဟု ဆို၏။ ၁ဝဧလိယကလည်း၊ ငါသည် ဘုရားသခင်၏လူ မှန်လျှင်၊ ကောင်းကင်က မီးကျ၍ သင်နှင့် သင်၏လူငါးကျိပ်တို့ကို လောင်ပါစေဟု လူငါးကျိပ်အုပ်သော တပ်မှူးအား ဆိုသည်အတိုင်း၊ ကောင်းကင်က မီးကျ၍ သူနှင့်သူ၌ပါသော လူငါးကျိပ်တို့ကို လောင်လေ၏။ ၁၁တဖန် လူငါးကျိပ်အုပ်သော တပ်မှူး တယောက်ကို ရှင်ဘုရင်စေလွှတ်၍၊ ထိုတပ်မှူးက၊ အိုဘုရားသခင်၏လူ၊ အလျင်အမြန်ဆင်းရမည်အကြောင်း ရှင်ဘုရင်အမိန့်တော်ရှိသည်ဟု ဆို၏။ ၁၂ဧလိယကလည်း၊ ငါသည် ဘုရားသခင်၏လူမှန်လျှင် ကောင်းကင်ကမီးကျ၍ သင်နှင့် သင်၏လူငါးကျိပ်တို့ကို လောင်ပါစေဟု သူတို့အားဆိုသည်အတိုင်း၊ ဘုရားသခင်၏မီးသည် ကောင်းကင်က ကျ၍ သူနှင့်သူ၌ပါသော လူငါးကျိပ်တို့ကို လောင်လေ၏။ ၁၁တဖန် လူငါးကျိပ်အုပ်သော တတိယတပ်မှူကို ရှင်ဘုရင် စေလွှတ်သဖြင်၊ ထိုတပ်မှူးသည်တက်၍ ဧလိယရှေ့မှာ ဒူးထောက်လျက်၊ အိုဘုရားသခင်၏လူ၊ ကျွန်တော်အသက်နှင့် ကိုယ်တော်ကျွန် ဤလူငါးကျိပ်တို့၏ အသက်ကို နှမြောတော်မူပါ။ ၁၄ကောင်းကင်ကမီးကျ၍ အခြားသောတပ်မှူး နှစ်ယောက်သည် သူတို့၌ပါသော လူတရာကို လောင်သော်လည်း၊ ကျွန်တော်အသက်ကို နှမြော်တော်မူပါဟု တောင်းပန်လေ၏။ ၁၅ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ သူနှင့်အတူဆင်းသွားလော့။ သူ့ကိုမကြောက် နှင့်ဟု ဧလိယအားဆိုသည်အတိုင်း၊ ဧလိယသည် ထ၍ ရှင်ဘုရင်ထံသို့ ရောက်လျှင်၊ ၁၆ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်သည် ဧကြုန်မြို့၏ဘုရား ဗာလဇေဗုပ်၌ မေးမြန်းခြင်းငှါ အဘယ်ကြောင့် သံတမန်တို့ကို စေလွှတ် သနည်း။ မေးမြန်းစရာဘို့ ဣသရေလပြည်၌  ဘုရားသခင်မရှိသောကြောင့် ထိုသို့ပြုရသလော။ သို့ဖြစ်၍ သင်သည် ယခုတက်သော သာလွန်ပေါ်က နောက်တဖန် မဆင်းရသေး။ စင်စစ် သေရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။ ၁၇ဧလိယဆင့်ဆိုသော ထာဝရဘုရား၏ စကားတော်အတိုင်း ရှင်ဘုရင်သေ၍၊ သားတော်မရှိသောကြောင့် ညီတော် ယောရံသည် ယုဒရှင်ဘုရင် ယောရှဖတ်သား ယဟောရံနန်းစံ နှစ်နှစ်တွင် နန်းထိုင်လေ၏။ ၁၈အာခဇိပြုမူသော အမှုအရာ ကြွင်းလေသမျှတို့သည်၊ ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။