၃ရာ အခန်းကြီး (၁)


၁ဒါဝိဒ်မင်းကြီးသည် အသက်ကြီးရင့်၍ အိုသောအခါ အဝတ်ခြုံ၍ မနွေးနိုင်။ ၂သို‹ဖြစ်၍ ကျွန်တို‹က၊ အသက်ပျိုသော ကညာကို အရှင်မင်းကြီးအဘို‹ရှာပါစေ။ သူသည်မင်းကြီးကို ခစား၍ပြုစုပါစေ။ အရှင်မင်းကြီးကို နွေးစေခြင်းငှာ ရင်ခွင်တော်၌ အိပ်ပါစေဟုလျှောက်ကြ၏။ ၃ထိုသို‹နှင့်အညီ အဆင်းလှသော အပျိုမကို ဣသရေလပြည် တရှောက်လုံးတွင်ရှာ၍၊ ရှုနင်မြိုသူ အဘိရှက်ကို တွေ‹သဖြင့် အထံတော်သို‹ ဆောင်ခဲ့ကြ၏။ ၄ထိုမိန်းမသည်အလွန်အဆင်းလှ၏။ ရှင်ဘုရင်ကို လည်းလုပ်ကျွေးပြုစုလေ၏။ သို့ရာတွင် ရှင်ဘုရင် သိမ်းတော်မမူ။

၅ထိုနောက်ဟဂ္ဂိတ်သားအဒေါနိယသည်ရှင်ဘုရင်လုပ်မည်ဟု အကြံရှိလျက်၊ ကိုယ်ကိုမြှောက်၍ ရထား များနှင့် မြင်းများကို၎င်း၊ မိမိရှေ‹၌ ပြေးရသောလူငါးဆယ်ကို၎င်း၊ ပြင်ဆင်လေ၏။ ၆ခမည်းတော်က၊ သင်သည် အဘယ်ကြောင့် ဤသို‹ပြုသနည်းဟု သူ‹စိတ်နာအောင် တခါမျှမပြောစဖူး။ ထိုသူသည် အဆင်းလည်းအလွန်လှ၏။ ၇အဗရှလုံညီလည်းဖြစ်၏ သူသည်ဇေရုယာသားယွာဘ၊ ယဇ်ပုရောဟိတ် အဗျာသာနှင့် တိုင်ပင်၍ သူတို‹သည် အဒေါနိယဘက်မှာ နေကြ၏။ ၈ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒသားဗေနာယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣ အစရှိသော ဒါဝိဒ်၏မှူးကြီးမတ်ကြီးများမူကား၊ အဒေါနိယဘက်သို‹မဝင်ကြ။ ၉အဒေါနိယသည် အင်္ရောဂေလ မြို့နယ်အတွင်း၊ ဇောဟေလက်ကျောက်နားမှာ သိုး၊ နွားမှစ၍ ဆူဖြိုးသောအကောင်တို့ကို သတ်ပြီးလျှင်၊ ရှင်ဘုရင်သား မိမိညီများနှင့် ရှင်ဘုရင်၏ကျွန်ယုဒလူများအပေါင်းတို့ကိုခေါ်ဘိတ်လေ၏။ ၁ဝပရောဖက်နာသန်၊ ဗေနာယ၊ မှူးကြီးမတ်ကြီးမှ စသော ညီရှောလမုန်ကိုကာမခေါ်မဘိတ်။

၁၁ထိုအခါနာသန်သည် ရှောလမုန်၊ အမိ ဗာသရှေဘထံသို‹သွား၍၊ ဟဂ္ဂိတ်၏ သားအဒေါနိယသည် ရှင်ဘုရင် လုပ်ကြောင်းကိုကြားပြီလော။ တို‹အရှင်ဒါဝိဒ်သည် မသိပါတကား။ ၁၂ယခုမှာသင်၏ အသက်နှင့် ရှောလမုန်၏ အသက်ကိုချမ်းသာစေခြင်းငှါ ကျွန်ုပ်သည် အကြံပေးပါရစေ။ ၁၃ဒါဝိဒ်မင်းကြီးထံတော်သို‹ ဝင်၍၊ အိုအရှင်မင်းကြီး၊ ကိုယ်တော်က သင်၏ သားရှောလမုန်သည် ငါ့အရာ၌ စိုးစံ၍ နန်းထိုင်ရမည်ဟု ကိုယ်တော် ကျွန်မအား ကျိန်ဆိုတော်မူပြီမဟုတ်လော။ သို‹ဖြစ်လျှင် အဒေါနိယသည် အဘယ်ကြောင့် စိုးစံရပါသနည်းဟုလျှောက်လော့။ ၁၄ထိုသို‹အထံတော်၌လျှောက်စဉ်တွင်၊ ကျွန်ပ်ဝင်၍ သင်၏စကားကို ထောက်မမည်ဟုအကြံပေးသည်အတိုင်း၊ ၁၅ဗာသရှေဘသည်ရှင်ဘုရင်ရှိရာ အခန်းထဲသို‹ဝင်လေ၏။ ရှင်ဘုရင်သည်အလွန်အို၍ ရှုနင်မြို‹သူအဘိရှက်သည် လုပ်ကျွေးလျက်နေ၏။ ၁၆ဗာသရှေဘသည်ဦးချ၍ ရှင်ဘုရင်အားရှိခိုးလျင်၊ ရှင်ဘုရင်က အဘယ်အလိုရှိ သနည်းဟု မေးတော်မူ၏။ ၁၇ဗာသရှေဘကလည်း၊ ကျွန်မသခင်၊ ကိုယ်တော်ကသင်၏ သားရှောလမုန်သည် ငါအရာ၌ စိုးစံ၍ နန်းထိုင်ရမည်ဟု ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကိုတိုင်တည်၍ ကိုယ်တော်ကျွန်မ အားကျိန်ဆိုတော်မူပြီ။ ၁၈ယခုမှာ အဒေါနိယသည် စိုးစံပါ၏။ ကိုယ်တော်အရှင်မင်းကြီးသည်း သိတော်မမူ။ ၁၉အဒေါနိယသည်သိုးနွားမှစ၍ ဆူဖြိုးသော အကောင်များတို‹ကိုသတ်ပြီးလျှင်၊ မင်းကြီး၏ သားတော်အပေါင်းတို‹နှင့်တကွ ယဇ်ပုရောဟိတ် အဗျာသာ၊ ဗိုလ်ချုပ်မင်းယွာဘတို‹ကိုခေါ်ဘိတ်ပါ၏။ ကိုယ်တော် ကျွန်ရှောလမုန်ကိုကား မခေါ်မဘိတ်ပါ။ ၂ဝအိုအရှင်မင်းကြီး၊ ကျွန်မအရှင်မင်းကြီး၏အရာ၌  စိုးစံ၍အဘယ်သူသည် နန်းထိုင်ရမည်ကို မိန့်တော်မူမည်ဟု ဣသရေလ အမျိုးသား အပေါင်းတို‹သည် ကိုယ်တော်ကိုမြော်ကြည်‹လျက်နေကြပါ၏။ ၂၁သို‹မဟုတ်ကျွန်မအရှင်မင်းကြီးသည် ဘိုးတော် ဘေးတော်တို့နှင့် အတူကျိန်းစက်တော်မူသောအခါ၊ ကျွန်တော်မနှင့် သားရှောလမုန်သည် ရာဇဝတ်ခံရသော သူဖြစ်ပါလိမ့်မည်ဟုလျှောက်လေ၏။ ၂၂ထိုသို‹ အထံတော်၌ လျှောက်စဉ်တွင်၊ ပရောဖက်နာသန်သည်ဝင်လျင် ပရောဖက်နာသန် လာပါသည်ဟု လျောက်ကြ၏။ ၂၃နာသန်သည်လည်း    ရှေ‹တော်သို‹ရောက်သောအခါ ဦးချပြပ်ဝပ် လျက်၊ ၂၄အိုအရှင် မင်းကြီး၊ ကိုယ်တော်က ငါ့အရာ၌ အဒေါနိယစိုးစံ၍နန်းထိုင်ရမည်ဟု မိန့်တော်မူသလော။ ၂၅သူသည် ယနေ့ဆင်းသွား၍၊ ဆူဖြိုးသောသိုးနွားများတို‹ကို သတ်ပြီးလျင် မင်းကြီး၏သားတော် အပေါင်းတို‹ကို၎င်း၊ ဗိုလ်များနှင့်ယဇ်ပုရောဟိတ်အဗျာသာကို၎င်း၊ ခေါ်ဘိတ်ပါပြီ။ သူတို‹သည် အဒေါနိယရှေ‹မှာ စားသောက်လျက်၊ အဒေါနိယမင်းကြီးသည် အသက်တော် ရှင်စေ သတည်းဟု ကြွေးကြော်လျက် ယခုရှိကြပါ ၏။၂၆ကိုယ်တော်ကျွန် အကျွန်ုပ်၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒသားဗေနာယ၊ ကိုယ်တော်ကျွန် ရှောလမုန်တို့ကိုကား မခေါ်မဘိတ်ပါ။ ၂၇အရှင်မင်းကြီး၏ အရာ၌အဘယ်သူနန်းထိုင်ရမည်ကို ကိုယ်တော် ကျွန်အားပြတော်မမူဘဲ ဤအမူကိုအရှင်မင်းကြီးစီရင်တော်မူပြီလောဟုလျောက်လေ၏။ ၂၈ထိုအခါ ဒါဝိဒ်မင်းကြီးက၊ ဗာသရှေဘကိုခေါ်ခဲ့ပါဟု မိန်တော်မူသည် အတိုင်း၊ ဗာသရှေဘသည်လာ၍ ရှေ‹တော်၌ရပ်နေ၏။ ၂၉ရှင်ဘုရင်ကလည်း၊ ငါ့အသက်ဝိညာဉ်ကို ခပ်သိမ်းသောဒုက္ခထဲက ကယ်နှုတ်တော် မူသော ထာဝရာဘုရား အသက်ရှင်တော်မူ သည်အတိုင်း၊ ၃ဝသင်၏ သားရှောလမုန်သည်ငါ့အရာ၌စိုးစံ၍ ငါ့ကိုယ်စားနန်းထိုင်ရမည်ဟု ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကို ငါတိုင်တည်၍ သင့်အား ကျိန်ဆိုသည်နှင့်အညီ ယနေ‹ငါပြုမည်ဟု တဖန်ကျိန်ဆိုတော်မူ၏။ ၃၁ဗာသရှေဘသည်ဦးချပြပ်ဝပ်လျက်၊ ရှင်ဘုရင်အားရှိခိုးလျက်၊ အရှင်ဒါဝိဒ်မင်းကြီးသည် အသက်တော်အစဉ်အမြဲ ရှင်စေသတည်းဟုမြွက်ဆို၏။ ၃၂ဒါဝိဒ်မင်းကြီးကလည်း၊ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသား ဗေနာယတို‹ကို ခေါ်ခဲ့ပါဟု မိန်‹တော်မူသည် အတိုင်း၊ သူတို‹သည် ရှေ‹တော်သို‹ဝင်လာကြ၏။ ၃၃ရှင်ဘုရင်ကလည်း၊ သင်တို‹အရှင်၏ ကျွန်များကိုခေါ်၍ ငါသားရှောလမုန်ကိုငါ၏ မြင်းလားတော်ပေါ်မှာစီးစေလျက်၊ ဂိဟုန်မြိုသို‹ဆောင်သွာကြလော့။ ၃၄ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် ပရောဖက် နာသန်သည် ထိုမြို‹မှာ ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ မြှောက်ပြီးလျင်၊ တံပိုးမှုတ်၍ ရှောလ မုန်မင်းကြီးသည် အသက်တော်ရှင်စေသတည်းဟု ကြွေးကြော်ကြလော့။ ၃၅ထိုနောက်သင်တို‹လိုက်လျက် ငါ့သားသည်လာ၍ နန်းထိုင်ရမည်။ ငါ့ကိုယ်စား ရှင်ဘုရင်ဖြစ်ရမည်။ ထိုသူကို ဣသရေလမင်း၊ ယုဒမင်းအရာ၌ ငါခန့်ထားသည်ဟု မိန့်တော်မူ၏။ ၃၆ယောယဒသား ဗေနာယက အာမင်။ အရှင်မင်းကြီးကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည်လည်း ထိုသို့မိန့်တော်မူပါစေသော။ ၃၇ထာဝရဘုရားသည် အရှင်မင်းကြီးဘက်မှာ ရှိတော် မူသည်နည်းတူ ရှောလမုန်ဘက်မှာ ရှိတော်မူပါစေသော။ အရှင်မင်းကြီး ဒါဝိဒ်၏ရာဇပလ္လင်ထက်သားတော်၏။ ရာဇပလ္လင်သည်သာ၍ ဘုန်းကြီးမည်အကြောင်း စီရင်တော်မူပါစေသောဟုရှင်ဘုရင်ကို ပြန်လျှောက်လေ၏။ ၃၈ထိုအခါ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့သည်ထွက်၍ ရှောလမုန်ကိုဒါဝိဒ်မင်းကြီး၏ မြင်းလားပေါ်မှာစီးစေလျက် ဂိဟုန်မြို့သို့ ဆောင်သွားကြ၏။ ၃၉ယဇ်ပုရောဟိတ် ဇာဒုတ်သည်တဲတော်ထဲက ဆီဘူးကိုယူ၍ ရှောလမုန်ကို ဘိသိက်ပေးပြီးမှ၊ သူတို့သည်တံပိုးမှုတ်၍၊ ရှောလမုန် မင်းကြီးသည် အသက်တော်ရှင်စေသတည်း ဟုလူအပေါင်းတို့သည်ဟစ်ကြော်ကြ၏။ ၄ဝလူအပေါင်းတို့သည် တီးမှုတ်လျက် နောက်တော်သို့လိုက်၍၊ မြေကြီးကွဲမတတ် ရှိသည်တိုင်အောင် အလွန်ဝမ်းမြောက်သော အသံကိုပြုကြ၏။ ၄၁အဒေါနိယနှင့် သူ၏အပေါင်းအဘော်တို့သည်စားသောက်ပွဲ ပြီးသောအခါ ထိုအသံကိုကြားကြ၏။ တံပိုးမှုတ်သံကိုယွာဘ ကြားလျှင်၊ တမြို့လုံးအုတ်အုတ်ကျက်ကျက်ပြုသံကား၊ အဘယ်သို့ နည်းဟုမေးစဉ်ပင်၊ ၄၂ယဇ်ပုရောဟိတ် အဗျာသာ၏သားယောနသန်သည် လာလျှင်၊ အဒေါနိယကဝင်ပါ။ သင်သည် လူကောင်းဖြစ်၍၊ ကောင်းသောသိတင်းကိုကြားပြောလိမ့်မည်ဟုဆိုလျှင်၊ ၄၃ယောနသန်က၊ အကယ်စင်စစ်ငါတို့ အရှင် ဒါဝိဒ်မင်းကြီးသည် ရှောလမုန်ကို ရှင်ဘုရင် အရာ၌ ခန့်ထားတော်မူပြီ။ ၄၄ရှင်ဘုရင်သည်လည်း ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသား ဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့ကို ရှောလမုန်နှင့်အတူ စေလွှတ်တော်မူ၍ မြင်းလားတော်ပေါ်မှာ စီးစေကြပါပြီ။ ၄၅ယဇ်ပုရော ဟိတ် ဇာဒုတ်နှင့်ပရောဖက်နာသန်တို့သည်ရှောလမုန်ကိုဂိဟုန်မြို့၌ ရာဇဘိသိက်ပေးပါပြီ။ ထိုမြို့မှဝမ်းမြောက်စွာ လာပြန်၍၊ တမြို့လုံးအုတ်အုတ်ကျက်ကျက်သောအသံကို ကိုယ်တော်ကြားရပါ၏။ ၄၆ရှောလမုန်သည်လည်း ရာဇပလ္လင်တော်ပေါ်မှာထိုင်ပါ၏။ ၄၇ရှင်ဘုရင်၏ ကျွန်တို့သည်လည်းတို့ အရှင်ဒါဝိဒ် မင်းကြီးကိုကောင်းကြီး ပေးခြင်းငှါသွား၍ဘု ရားသခင်သည်ရှောလမုန်၏နာမကို ခမည်းတော်၏နာမထက်သာ၍ မြှောက်တော် မူပါစေသော။ သူ၏ရာဇပလ္လင်ကိုခမည်းတော်၏ ရာဇပလ္လင်ထက်သာ၍ ဘုန်းကြီးမည်အကြောင်း စီရင်တော်မပါစေသောဟုလျှောက်လျှင်၊ ရှင်ဘုရင်သည်သာလွန်တော်ပေါ်မှာဦးချလျက်၊ ၄၈ငါသည်ကိုယ် မျက်စိနှင့် မြင်စေခြင်းငှါ၊ ငါ့နန်းပေါ်မှာ ထိုင်ရသောသူကို ယနေ့ပေးသနားတော်မူသော ဣသရေလအမျိုး၏ ရှင်ဘုရင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်းဟုမိန့်တော်မူ ကြောင်းကိုအဒေါနိယအား ပြန်လျှောက်လေ၏။ ၄၉ထိုအခါအဒေါနိယနှင့်ပေါင်းဘော်သော လူအပေါင်းတို့သည် ကြောက်ရွံ့သဖြင့်ထ၍ တယောက်တခြားစီ သွားကြ၏။ ၅ဝအဒေါနိယသည်လည်းရှောလမုန်ကိုကြောက်သဖြင့်ထ သွား၍ယဇ်ပလ္လင် ဦးချိုတို့ကိုကိုင်လျက်နေ၏။ ၅၁အဒေါနိယသည်ရှောလမုန်မင်းကြီးကိုကြောက်၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်၊ ရှောလမုန်မင်းကြီးသည်ကျွန်တော်တို့ မကွပ်မျက်မည်အကြောင်း ယနေ့ကျိန်ဆိုတော် မူပါစေဟုဆိုကြောင်း ကိုရှောလမုန်အားလျှောက်လေသော်၊ ၅၂ရှောလမုန်က၊ သူသည်လူကောင်းဖြစ်လျှင်၊ ဆံခြည်တပင်မျှမြေသို့မကျရ။ အပြစ်ရှိလျှင်အသေခံရမည်ဟုအမိန့်တော်ရှိ၍၊ ၅၃လူကိုစေလွှတ်သဖြင့်၊ အဒေါနိယကိုယဇ်ပလ္လင်မှခေါ်ခဲ့သည်အတိုင်း၊ သူသည်လာ၍ ရှောလမုန်မင်းကြီးရှေ့မှာဦးချလေ၏။ ရှောလမုန်ကလည်း၊ သင့်အိမ်သို့သွားလော့ဟုမိန့်တော်မူ၏။