၃ရာ အခန်းကြီး (၂၀)


၁ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် မိမိဗိုလ်ခြေအပေါင်းတို့ကိုစုဝေးစေ၍၊ မင်းကြီးသုံးကျိပ်နှစ်ပါးနှင့်တကွ မြင်းစီးသူရဲ၊ ရထားစီးသူရဲများပါလျက်စစ်ချီပြီးလျှင် ရှမာရိမြို့ကိုဝိုင်းထား၍ တိုက်လေ၏။ ၂သံတမန်တို့ကို ဣသရေလရှင်ဘုရင်အာ ဟပ်ထံ၊ မြို့ထဲသို့စေလွှတ်၍၊ ဗင်္ဟာဒဒ်၏အမိန့်တော်ကား၊ ၃သင့်ရွှေငွေသည် ငါ့ဥစ္စာဖြစ်၏။ သင့်သားမယားအကောင်း ဆုံးတို့ကိုလည်းငါပိုင်၏ဟုမှာလိုက်သတည်း။ ၄ဣသရေလ ရှင်ဘုရင်က အရှင်မင်းကြီး၊ အမိန့်တော်အတိုင်းငါနှင့်ငါ့ဥစ္စာရှိ သမျှသည် ကိုယ်တော်၏ဥစ္စာဖြစ်ပါသည်ဟု ပြန်ပြော၏။ ၅သံတမန်တို့သည်တဖန်လာ၍ ဗင်္ဟာဒဒ်၏အမိန့်တော်ကား၊ သင်ပိုင်သောရွှေငွေသား မယားတို့ကို ငါ၌အပ်ရမည်ဟု ငါမှာလိုက်သည် အမှုမှာ၊ ၆နက်ဖြန်နေ့ ယခုအချိန်ရောက်သော အခါ ငါ့ကျွန်တို့ကိုငါစေလွှတ်မည်။ သူတို့သည်သင်နေသောအိမ်နှင့် သင်ကျွန်နေသောအိမ်တို့ကိုစစ်၍အလိုရှိသမျှ တို့ကို ယူစေရမည်ဟု မှာလိုက်သတည်း။ ၇ထိုအခါဣသရေလရှင်ဘုရင်သည် ပြည်သား အသက်ကြီးသူအပေါင်တို့ကို ခေါ်၍၊ ဤသူသည်အဘယ်မျှလောက်ရန်ရှာချင်သည်ကိုကြည့်မှတ်ကြပါလော့။ ငါ့ရွှေငွေသားမယားတို့ကို တောင်း၍ မှာလိုက်သောအခါ ငါမငြင်းပါတကားဟုကြားပြော၏။ ၈အသက်ကြီးသူ အပေါင်းတို့နှင့် ပြည်သားအပေါင်းတို့က၊ ထိုသူ၏စကားကိုနားထောင်တော်မမူပါနှင့်။ ဝန်ခံတော်မမူပါနှင့်ဟု ပြန်လျှောက်ကြ၏။ ၉သို့ဖြစ်၍ရှင်ဘုရင်က၊ ကိုယ်တော်သည်အထက်မိန့်တော်မူသမျှအတိုင်း ကိုယ်တော် ကျွန်ပြုပါမည်။ နောက်မိန့်တော်မူသည့်အတိုင်း မပြုသင့်ဟု ငါ့အရှင်မင်းကြီးအားပြန်လျှောက်ကြလော့ဟု ဗင်္ဟာဒဒ်၏ သံတမန်တို့အားမှာလိုက်လျှင်၊ ထိုသူတို့သည်သွား၍ လျှောက်ကြ၏။ ၁ဝတဖန် ဗင်္ဟာဒဒ်သည်စေလွှတ်၍၊ ရှမာရိမြို့၌ရှိသော မြေမှုန့်သည် ငါ့နောက်သို့လိုက်သောသူအပေါင်းတို့တွင်၊ တယောက်တလက်ဆုပ်စီစေ့ငလောက်လျှင်၊ ဘုရားတို့သည် ငါ၌ထိုမျှမကပြုပါစေသောဟု မှာလိုက်လေသော်၊ ၁၁ဣသရေလရှင်ဘုရင်က၊ လက်နက်စံကိုချွတ်သောသူသည် ဝါကြွားသကဲ့သို့ ဝတ်ဆင်သောသူသည် မဝါကြွားစေနှင့် ဟုပြန်ပြော၏။ ၁၂ဗင်္ဟာဒဒ်သည်မင်းကြီးတို့နှင့်တကွ တဲတော်၌သောက်စဉ်၊ ထိုစကားကိုကြားလျှင် စစ်ခင်းကျင်းကြဟု မိမိကျွန်တို့အားမိန့်တော်မူသည်အတိုင်း၊ သူတို့သည်မြို့ရှေ့မှာ စစ်ခင်းကျင်းကြ၏။

၁၃ထိုအခါပရောဖက်တပါးသည် ဣသရေလရှင်ဘုရင် အာဟပ်ထံသို့လာ၍၊ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ ထိုကြီးစွာသောအလုံးအရင်းအပေါင်းကိုမြင်ပြီလော။ သင့်လက်၌ယနေ့ငါအပ်မည်။ ငါသည်ထာဝရ ဘုရားဖြစ် ကြောင်းကိုသင်သိရလိမ့်မည်ဟု အမိန့်တော်ကိုဆင့်ဆို၏။ ၁၄အာဟပ်ကလည်း၊ အဘယ်သူအားဖြင့် အပ်တော်မူမည် နည်းဟုမေးလျှင်၊ မြို့ဝန်များ၏လုလင်တို့အားဖြင့်အပ်မည်ဟု ထာဝရဘုရား မိန့်တော်မူကြောင်းကိုဆင့်ဆို၏။ စစ်မှုကို အဘယ်သူစီရင်ရမည်နည်းဟုမေးပြန်သော်၊ မင်းကြီးကိုယ်တိုင် စီရင်ရမည်ဟုဆို၏။ ၁၅အာဟဝ်မင်းသည်မြို့ဝန်များ၏ လုလင်တို့ကိုရေတွက်၍နှစ်ရာသုံးဆယ်နှစ်ယောက်ရှိ၏။ ဣသရေလအမျိုးသားအပေါင်းတို့ကိုရေတွက်ပြန်သော်ခုနှစ် ထောင်ရှိ၏။ ၁၆မွန်းတည့်အချိန်၌ထွက်ကြ၏။ ဗင်္ဟာဒဒ်မင်းမူကား၊ ဝိုင်းသောမင်းကြီးသုံးဆယ်နှစ်ပါးတို့နှင့်တကွ တဲတော်၌ယစ်မူးအောင်သောက်လျက် နေကြ၏။ ၁၇မြို့ဝန်များ၏ လုလင်တို့သည် အရင်ထွက်ကြ၏။ ရှဗာရိမြို့ထဲက လူထွက်ပါသည်ဟု ဗင်္ဟာဒဒ်မင်းထံသို့စေလွှတ်၍ကြားလျှောက်လျှင်၊ ၁၈စစ်ငြိမ်းစေခြင်းငှါထွက်သည်ဖြစ်စေ၊ စစ်တိုက် ခြင်းငှါထွက်ဖြစ်စေ၊ အရှင်ဘမ်းဆီးကြဟုမိန့်တော်မူ၏။ ၁၉ထိုသို့မြို့ဝန်များ၏လုလင်တို့သည် လိုက်သော ဗိုလ်ခြေနှင့် တကွမြို့ထဲကထွက်၍၊ ၂ဝရန်သူတို့ကိုလူတိုင်းတယောက်စီသတ်ကြသဖြင့် ရှုရိလူတို့သည်ပြေး ကြ၏။ ဣသရေလလူ တို့သည်လိုက်ကြသဖြင့် ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည်မြင်းစီး၍ မြင်စီးသူရဲကောင်း တို့နှင့်အတူ အလွတ်ပြေး၏။ ၂၁ဣသရေလရှင်ဘုရင်သည်လည်းထွက်၍မြင်းတပ်၊ ရထားတပ်များကိုဖျက်၍ ရှုရိလူတို့ကိုကြီးစွားသော လုပ်ကြံခြင်းအားဖြင့်သတ်လေ၏။

၂၂တဖန် ပရောဖက်သည်ဣသရေလရှင်ဘုရင်ထံသို့လာ၍၊ ကိုယ်ကိုခိုင်ခံ့စေလော့။  အဘယ်သို့ပြုရ မည်ကို သတိနှင့်ဆင်ခြင်လော့။ နှစ်လည်သောအခါ ရှုရိရှင်ဘုရင်သည် စစ်ချီ၍လာလေဦးမည်ဟုဆို၏။ ၂၃ရှုရိဘုရင်၏ကျွန်        တို့သည်လည်း၊ သူတို့၏ဘုရားသည်တောင်ကိုသာ အစိုးရသောဘုရားဖြစ်၏။ ထိုကြောင့် သူတို့သည် ငါတို့ကိုနိုင်ပါ၏။ ငါတိုသည်လွင်ပြင်၌ တခါတိုက်ကြကုန်အံ့။ ထိုသို့တိုက်လျှင်စင်စစ်နိုင်ကြလိမ့်မည်။ ၂၄မင်းကြီးအပေါင်းတို့ကိုလည်း ပယ်၍ သူတို့အရာ၍ဗိုလ်ချုပ်တို့ကို ခန့်ထားတော်မူပါ။ ၂၅ရှုံးသောမြင်းတပ်၊ ရထားတပ်နှင့် အမျှများသောတပ်ကို ခင်းကျင်းတော်မူပါ။ လွင်ပြင်၌တိုက်၍ ဆက်ဆက်နိုင်ကြပါလိမ့်မည်ဟု လျှောက်ထားသောစကားကို ရှင်ဘုရင်သည်နားထောင်၍ စီရင်လေ၏။ ၂၆နှစ်လည်သောအ ခါဗင်္ဟာဒဒ်မင်းသည်ရှုရိလူတို့ကိုရေတွက်၍ ဣသရေလပြည်သားတို့ကို စစ်တိုက်အံ့သောငှါ၊ အာဖက်မြို့သို့ချီသွား၏။ ၂၇ဣသရေလအမျိုးသားတို့သည်စာရင်းဝင်၍ ရိက္ခာကို ပြင်ဆင်ပြီးမှ စစ်ချီကြ၏။ ရှုရိလူတို့သည်တပြည်လုံးအနှံ့အ ပြားနေလျက်၊ သူတို့ရှေ့မှာဣသရေလ လူတို့သည်ငယ်သောဆိတ်သငယ်နှစ်စုကဲ့သို့တပ်ချကြ၏။

၂၈ဘုရားသခင်ယ၏လူတစ်ယောက်သည် ဣသရေလရှင်ဘုရင်ထံသို့လာ၍ ထာဝရဘုရားမိန့် တော်မူသည်ကား၊ ရှုရိလူတို့က ထာဝရဘုရားသည်တောင်ကိုသာအစိုးရသောဘုရားဖြစ်၏။ လွင်ပြင်ကို အစိုးရသော ဘုရားမဟုတ်ဟု ဆိုမိသောကြောင့်၊ ထိုကြီးစွားသောအလုံးအရင်း အပေါင်းကိုသင့်လက် ငါအပ်မည်။ ငါသည်ထာဝရဘုရားဖြစ် ကြောင်းကိုသင်တို့သိရကြလိမ့်မည်ဟုမိန့်တော်မူကြောင်းကိုဆင့်ဆို၏။ ၂၉ထိုသူတို့သည်ခုနှစ်ရက်ပတ်လုံးတဘက် တချက်တွင်တပ်ချလျက်နေပြီးမှ၊ သတ္တမနေ့၌စစ်ပြိုင်၍ ဣသရေလ လူတို့သည်တနေ့ခြင်းတွင် ရှုရိခြေသည်သူရဲတ သိန်းကိုသတ်ကြ၏။ ၃ဝကျန်သောသူတို့သည်အာဖက်မြို့ သို့ပြေး၍မြို့ရိုးလဲသဖြင့်နှစ်သောင်းခုနှစ်ထောင်ကိုဖိလေ၏။  ဗင်္ဟာဒဒ်သည်ပြေး၍ မြို့ထဲအတွင်းခန်း၌ ပုန်းလျက်နေ၏။ ၃၁ဗင်္ဟာဒဒ်၏ကျွန်တို့ကလည်း၊ ဣသရေလအမျိုးသားရှင် ဘုရင်တို့သည် သနားတတ်သောမင်းဖြစ်ကြောင်းကို ကျွန်တော်တို့ကြားပါပြီ။ ကျွန်တော်တို့သည် လျှော်တေအဝတ်ကို ဝတ်၍၊ ခေါင်းပေါ်မှာ ကြိုးကိုရွက်လျက်၊ ဣသရေလရှင်ဘုရင်ထံသို့ ထွက်ရသောအခွင့်ကိုပေးတော်မူပါ။ အသက်တော် ကို ချမ်းသားပေးကောင်းပေးပါလိမ့်မည်ဟုလျှောက်သည့်အတိုင်း၊ ၃၂လျှော်တေအဝတ်ကိုဝတ်၍၊ ခေါင်းပေါ်မှာ ကြိုးကိုရွက်လျက်၊ ဣသရေဘလရှင်ဘုရင်ထံသို့ရောက်လျှင်၊ ကိုယ်တော်ကျွန်ဗဟာဒဒ်က၊ ကျွန်တော်အသက်ကို ချမ်းသာပေးတော်မူပါဟု တောင်ပန်ကြောင်းကိုလျှောက်ကြသော်၊ အာဟပ်မင်းက၊ ငါ့အစ်ကိုသည် အသက်ရှင်သေး သလားဟုမေး၏။ ၃၃ထိုသူတို့သည်အာဟပ်မင်း၏စကားကို စေ့စေ့နားထောင်၍၊ ချက်ခြင်းစကားအရိပ်ကို ဘမ်းလျက်၊ ကိုယ်တော်အစ်ကိုဟူ၍ မိမိတို့သခင်ကိုခေါ်ကြ၏။ အာဟပ်ကလည်းသွား၍ ခေါ်ကြလော့ဟုစေလွှတ်သည်အတိုင်း ဗင်္ဟာဒဒ်သည်ထွက်လာ၍၊ အာဟပ်မင်း အခွင့်နှင့်ရထားတော်ပေါ်သို့တက်ရ၏။ ၃၄ဗင်္ဟာဒဒ်ကလည်း၊ ငါ့အဘသည်ကိုယ်တော်အဘ၏လက်မှ လုယူသောမြို့တို့ကိုငါပြန်ပေးပါမည်။ ငါ့အဘသည်ရှမာရိမြို့၌ ရှုရိတန်းကိုလုပ်သကဲ့သို့ ကိုယ်တော်သည် ဒမာသက် မြို့၌ဣသရေလတန်းကိုလုပ်ရပါသည်ဟုဆိုလျှင်၊ အာဟပ်က ထိုသို့မိဿဟာယဖွဲ့လျက်၊ သင့်ကိုငါလွှတ်လိုက်မည်ဟု ဆို၍မိဿဟာယဖွဲ့လျက်လွှတ်လိုက်လေ၏။

၃၅ပရောဖက်အမျိုးသားတယောက်က၊ ငါ့ကိုရိုက်ပါလော့ဟု ထာဝရဘုရား၏နှုတ်ကပတ်တော်အတိုင်း အိမ်နီးချင်းအားဆို၏။ ထိုသူကငါမရိုက်ပါဟုငြင်းပယ်၏။ ၃၆ပရောဖက်ကလည်း၊ ထာဝရဘုရား၏ အမိန့်တော်ကိုနားမ ထောင်သောကြောင့် ငါ့ထံမှသွားစဉ်တွင်၊ ခြင်္သေ့သတ်လိမ့်မည်ဟု ဆိုသည်အတိုင်း၊ ထိုသူသွားစဉ်တွင်ခြင်္သေ့တွေ့ ၍သတ်၏။ ၃၇အခြားသောသူကိုတွေ့၍ငါ့ကိုရိုက်ပါလော့ဟုဆိုပြန်လျှင်၊ ထိုသည်သည်နာကျင်စွာရိုက်လေ၏။ ၃၈ထိုပရောဖက်သည်သွား၍ မိမိမျက်နှားကိုပုဝါနှင့်ဖုံးအုပ်လျက် ရှင်ဘုရင်ကိုငံ့လင့်၏။ ၃၉ရှင်ဘုရင်သည်ရှောက်သွား သောအခါ ထိုသူက၊ ကိုယ်တော်ကျွန်သည် စစ်တိုက်သွားပါ၏။ လူတယောက်သည်စစ်ပွဲထဲကထွက်လာ၍ ကျွန်တော်၌လူတယောက်ကို အပ်သဖြင့် ဤလူကိုစောင့်လော့။ တစုံတခုအားဖြင့်ပျောက်လျှင်သူ့အသက်အတွက်သင့် အသက်သေရမည်။သို့မဟုတ် ငွေအခွက်တဆယ်လျော်ရမည်ဟု မှာထားသော်လည်း၊ ၄ဝကိုယ်တော်ကျွန်သည်အ ရပ်ရပ်၌အမှုများသော အခါ၊ ထိုသူပျောက်ပါသည်ဟုလျှောက်လျှင်၊ ဣသရေလရှင်ဘုရင်က၊ သင့်အမှုကိုထိုသို့ပင် စီရင်ရမည်။ သင့်ကိုယ်တိုင်လည်း စီရင်ပြီးဖြစ်သည်ဟု မိန့်တော်မူ၏။ ၄၁ထိုပရောဖက်သည်မျာက်နှာဖုံးပုဝါကို ချက်ခြင်းပယ်သဖြင့်၊ ပရောဖက်တစုံ တပါးဖြစ်ကြောင်းကို ဣသရေလရှင်ဘုရင်သိ၏။ ၄၂ပရောဖက်ကလည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါကျိန်သောသူကိုသင်လွှတ်သောကြောင့်၊ သင့်အသက်သည် သူ့အသက် အတွက်၊ သင့်လူတို့သည်သူ့လူတို့အတွက်အရှုံး ခံရမည်ဟုမိန့်တော်မူကြောင်းကိုဆင့်ဆို၏။ ၄၃ဣသရေလ ရှင်ဘုရင်သည်ညစ်ညူးသောစိတ်နှင့် ည‡ိုးငယ်လျက်ရှမာမြို့၊ နန်းတော်သို့သွား၏။