၂ရာ အခန်းကြီး(၁၁)


၁အခါလည်၍ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန်ရောက်သောအခါ၊ ဒါဝိဒ်သည် ယွာဘနှင့်ကျွန်များ၊ ဣသရေလအမျိုးသားတို့အပေါင်းတို့ကိုစေလွှတ်သဖြင့်၊ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ဖျက်၍ ရဗ္မာမြို့ကိုဝိုင်း ထားကြ၏။ ဒါဝိဒ်သည်ကိုယ်တိုင်ယေရုရှလင်မြို့၌ နေလေ၏။ ၂နောက်တနေ့ ညဦးယံ၌ ဒါဝိဒ်သည် လျောင်းစက်ရာ မှာထ၍ နန်းတော်မိုးပေါ်မှာ စင်္ကြံသွားစဉ်တွင်၊ အလွန်အဆင်းလှသော မိန်းမတယောက် ရေချိုးသည်ကို မြင်တော်မူ၏။ ၃ထိုမိန်းမကား အဘယ်သူနည်းဟုစေလွှတ်၍ မေးမြန်းလျှင်၊ ဧလျံသမီး၊ ဟိတ္တိလူ ဥရိယ၏ မယားဗာသရှေဘဖြစ်ပါ သည်ဟုလျှောက်လေ၏။ ၄တဖန် လူကိုစေလွှတ်သဖြင့်၊ ထိုမိန်းမကို အထံတော်သို့ခေါ်ခဲ့၍ ရှက်တင်လေ၏။ ထိုမိန်းမ သည်မိမိအညစ်အကြေးနှင့်စင်ကြယ်အောင်ပြု၍ မိမိအိမ်သို့ပြန်ပြီးမှ၊ ၅ပဋိသန္ဓွေရှိသဖြင့် ဒါဝိဒ်ထံသို့လူစေလွှတ်၍၊ ကျွန်မ၌ပဋိသန္ဓွေရှိပါ၏ဟု လျှောက်စေသော်၊ ၆ဒါဝိဒ်သည်ယွာဘဆီသို့လူကိုစေလွှတ်၍ ဟိတ္တိလူဥရိယကို ငါ့ထံသို့စေ လွှတ်ရမည်ဟုမှာလိုက်သည်အတိုင်း၊ ယွာဘသည်စေလွှတ်၍၊ ၇ဥရိယရောက်လာသောအခါဒါဝိဒ်က၊ ယွာဘကျန်း မာ၏လော။ လူများကျန်းမာ၏ လော။ စစ်တိုက်၍အောင်မြင်သလောဟုမေးမြန်းပြီးမှ၊ ၈သင့်အိမ်သို့သွား၍ခြေဆေး လော့ဟုမိန့်တော် မူသည်အတိုင်း၊ ဥရိယသည်နန်းတော်မှထွက်၍သူနောက်မှခဲဘွယ်စားဘွယ်ကိုရှင်ဘုရင်ပေးလိုက်လေ ၏။ ၉သို့ရာတွင် ဥရိယသည် မိမိအိမ်သို့မသွားဘဲ၊ မိမိအရှင်၏ ကျွန်အပေါင်းတို့နှင့်အတူ နန်းတော် တံခါးဝ၌ အိပ်လေ၏။ ၁ဝဥရိယသည်မိမိအိမ်သို့ မသွားကြောင်းကိုနားတော်လျှောက်လျှင်ဒါဝိဒ်က၊ သင်သည်ခရီးသွား ရာမှရောက်လာသည် မဟုတ်လော။ သင့်အိမ်သို့အဘယ်ကြောင့်မသွားဘဲနေသနည်းဟု ဥရိယကိုမေးသော်၊ ၁၁ဥရိယက၊ သေတ္တာတော်နှင့် ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည်တဲ၌နေကြပါ၏။ သခင်ယွာဘနှင့် သခင်၏ကျွန်များတို့သည်လွင်ပြင်၌တည်း ရကြပါ၏။ ကျွန်တော်သည်ကိုယ်အိမ်သို့သွား၍စားသောက်လျက် မယားနှင့် ပျော်မွေ့လျက်နေသင့်ပါမည်လော။ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ထိုသို့ကျွန်တော် မပြုပါဟု ဒါဝိဒ်အားလျှောက်လေ၏။ ၁၂ဒါဝိဒ်ကလည်း၊ ဤမြို့၌ယနေ့နေဦးလော့။ နက်ဖြန်နေ့ငါလွှတ် လိုက်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ဥရိယသည်ထိုနေ့၊ နက်ဖြန်နေ့၊ ယေရုရှလင်မြို့၌နေ၏။ ၁၃ဒါဝိဒ်သည်လည်းဥရိယကိုခေါ်၍ရှေ့တော်၌စားသောက်လျက်ယစ်မူးသည်တိုင်အောင်  သောက်ရ၏။ သို့သော်လည်း ညဦးမှာမိမိအိမ်သို့မသွားဘဲ၊ အရှင်၏ကျွန်တို့နှင့်အတူအိပ်ခြင်းငှါထွက်သွားလေ၏။ ၁၄နံနက်မှာ ဒါဝိဒ်သည်မှာစာကိုရေး၍ ဥရိယလက်တွင်ယွာဘသို့ပေးလိုက်၏။ ၁၅မှာစာချက်ဟူမူကား၊ ကျပ်တည်းစွာစစ် တိုက်ရာတပ်ဦး၌ဥရိယကိုခန့်ထားပြီးမှ၊ သူသည်ရန်သူ့လက်သို့ရောက်၍ သေစေခြင်းငှါ တပ်များကိုရုပ်သိမ်းလော့ဟုပါ သတည်း။ ၁၆အမိန့်တော်အတိုင်းယွာဘသည် မြို့ကိုကြည့်ရှုပြီးမှ၊ ခွန်အား ကြီးသော သူရဲရှိရာ အရပ်၌ဥရိယကိုခန့်ထား လေ၏။ ၁၇မြို့သားတို့သည်ထွက်၍ယွာဘနှင့်စစ်ပြိုင်သောအခါ၊ ဒါဝိဒ်၏ ကျွန်အချို့တို့သည်သေကြ၏။ ဟိတ္တိလူဥရိယ သည်လည်းသေ၏။ ၁၈ထိုနောက်ယွာဘသည် စစ်သိတင်းအလုံးစုံကိုဒါဝိဒ်အား ကြားလျှောက်စေခြင်းငှါလူကိုခေါ်၍၊ ၁၉သင်သည်ရှင်ဘုရင်ထံတော်၌ စစ်သိတင်းကို အကုန်အစင်ကြားလျှောက်ပြီးလျှင်၊ ၂ဝရှင်ဘုရင်သည်အမျက်တော်ထွက် ၍၊ သင်တို့သည် စစ်ပြိုင်သောအခါ၊ မြို့အနီးသို့အဘယ်ကြောင့် ချဉ်းကပ်ကြသနည်း။ မြို့ရိုးပေါ်က ပစ်မည်ကိုမသိလော။  ၂၁ယေရု ဗ္ဗေရှက်သားအဘိမလတ်ကိုအဘယ်သူလုပ်ကြံသနည်း။ သေဗက်မြို့မှာမိန်းမတယောက် သည်ကြိတ်ဆုံ ကျောက်တဖဲ့ကိုမြို့ရိုးပေါ်ကပစ်ချ၍အဘိမလက်သေသည်မဟုတ်လော။ မြို့ရိုးအနီးသို့ အဘယ်ကြောင့်ချဉ်းကပ်ကြသ နည်းဟုမိန့်တော်မူလျှင်၊ ကိုယ်တော်၏ ကျွန်ဟိတ္တိလူ၊ ဥရိယသေကြောင်းကို လျှောက်ရမည်ဟုမှာထား၍စေလွှတ်လေ၏။ ၂၂ယွာဘမှာထားသည်အတိုင်း ထိုတမန်သည်သွား၍ ဒါဝိဒ်အားကြားလျှောက်သည်ကား၊ ၂၃ရန်သူတို့သည်အ မှန်စင်စစ်ကျွန်တော်တို့ကိုနိုင်သဖြင့်၊ လွင်ပြင် တိုင်အောင်လိုက်၍ တိုက်ကြပါ၏။ ကျွန်တော်တို့သည်လည်း မြို့တံခါးဝ တိုင်အောင်လှန်၍တိုက်ကြပါ၏။ ၂၄လေးသမားတို့သည်မြို့ရိုးပေါ်က ကိုယ်တော်ကျွန်တို့ကိုပစ်၍ ကိုယ်တော်ကျွန်အချို့ သေကြ၏။ ကိုယ်တော်ကျွန် ဟိတ္တိလူ၊ ဥရိယသည်လည်းသေပါ၏ဟုလျှောက်လျှင်၊ ၂၅ဒါဝိဒ်ကလည်း၊ ဤအမှုကြောင့် စိတ်မပျက်နှင့်၊ စစ်တိုက်ပွဲတွင် တယောက်တလှည့်သေတတ်၏။ အားယူ၍မြို့ကိုကျပ်တည်းစွာ တိုက်လျက်လုပ်ကြံ တိုက်ဖျက်ကြလော့ဟု တမန်အားဖြင့် ယွာဘကိုမှာလိုက်လေ၏။ ၂၆ဥရိယသေကြောင်းကို သူ၏မယားကြားသောအခါ၊ ခင်ပွန်းကြောင့်ငိုကြွေးမြည်တမ်းလျက်နေ၏။ ၂၇ငိုကြွေးမြည်တမ်းချိန်လွန်မှ၊ ဒါဝိဒ်သည် လူကိုစေလွှတ်၍ ထိုမိန်းမကိုနန်း တော်သို့ ခေါ်စေသဖြင့်၊ သူသည်မိဖုရားအဖြစ်သို့ ရောက်၍သားယောက်ျားကိုဘွားမြင်လေ၏။ သို့ရာတွင် ဒါဝိဒ်ပြုသော အမှုသည်ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှုဖြစ်သတည်း။