၂ရာ အခန်းကြီး(၁၅)


၁ထိုနောက်မှ အဗရှလုံသည်ရထားများနှင့် မြင်းများကို၎င်း၊ မိမိရှေ့မှာပြေးရသောလူငါးဆယ်ကို၎င်း ပြင်ဆင်လေ၏။ ၂အဗရှလုံသည် စောစောထ၍တံခါးဝမှာရပ်နေတတ်၏။ အမှုရှိသောသူသည် စီရင်တော်မူခြင်း ကိုခံအံ့သောငှါ၊ ရှင်ဘုင်ရင်ထံတော်သို့လာသောအခါ အဗရှလုံက၊ သင်သည်အဘယ်မြို့သား ဖြစ်သနည်း ဟုမေးလျှင်၊ ထိုသူကကိုယ်တော်ကျွန်သည်ဤမည်သော ဣသရေလအမျိုးအနွယ်သားဖြစ်ပါ၏ဟု ပြန်လျောက်သော်၊ ၃အဗရှလုံက၊ သင့်အမူသည် ဟုတ်မှန်လျောက်ပတ်ပေ၏။ သို‹သော်လည်းသင့်အမူကို ရှင်ဘုရင်မှစ၍ အဘယ်သူမျှ နားမထောင်ဟု ပြောဆိုတတ်၏။ ၄တဖန်တုံ၊ ငါသည်ဤပြည်၌ တရားစီရင်သောမင်းဖြစ်ပါစေသော။ သို‹ဖြစ်လျှင် တရားမူရှိသော အမူသည် အပေါင်းတို‹သည် ငါထံသို‹လာ၍ ငါသည်တရားသဖြင့် စီရင်မည်ဟုဆိုတတ်၏။ ၅လူတစုံတယောက် သည်ရိုသေစွာပြု၍ ချဉ်းကပ်သောအခါ၊ အဗရှလုံသည် လက်ကိုဆန်‹၍ ထိုသူကို ကိုင်လျက် နမ်းလေ့ရှိ၏။ ၆ထိုသို‹စီရင်တော်မူခြင်းကို ခံအံ့သောငှါ၊ ရင်ဘုရင်ထံတော်သို‹လာသော ဣသရေလအမျိုးသား အပေါင်းတို‹အား အဗရှလုံပြု၍ သူတို‹စိတ်နှလုံးကို ခိုးလေ၏။ ၇-၈လေးနှစ်လွန်သောအခါ အဗရှလုံသည် ရှင်ဘုရင်ထံတော်သို‹ဝင်၍ ထာဝရဘုရားသည် အကျွန်ုပ်ကို တဖန် ယေရုရှလင်မြို‹သို‹ ဆောင်တော်မူလျှင်၊ ထာဝရဘုရားဝတ်ကို အကျွန်ုပ် ပြုပါမည်ဟု ကိုယ်တော်ကျွန်သည် ရှုရိပြည် ဂေရှုရမြို‹၌နေသောအခါ သစ္စာ ဂတိပြုပါပြီ။ သို့ဖြစ်၍ ကျွန်တော်သည် ထာဝရဘုရားအား သစ္စာဂတိပြုသည်အတိုင်း၊ ဟေဗြုန်မြို‹သို‹ သွာ၍ သစ္စာဝတ်ကို ဖြေရမည်အကြောင်း အခွင့်ပေးတော်မူပါဟု လျှောက်လျှင်၊ ၉ရှင်ဘုရင်က၊ ငြိမ်ဝပ်စွာသွားလော့ဟု မိန်တော်မူ၏ ထိုအခါ အဗရှလုံသည်ထ၍ ဟေဗြုန်မြို‹သို‹သွား၏။ ၁ဝသို‹ရာတွင် လျိုဝှက်သောသူတို‹ကို ဣသရေလအမျိုးအနွှယ် ရှိသမျှသို‹ အနှံ့အပြားစေလွတ်သဖြင့်၊ သင်တို‹သည် တံပိုးမှုတ်သံကိုကြားသောအခါ အဗရှလုံသည် ဟေဗြုန်မြို‹၌ နန်းထိုင်တော်မူပြီဟုပြောဆိုကြလော့ဟု မှာထားလေ၏။  ၁၁အဗရှလုံခေါ်သော လူနှစ်ရာတို့ သည် ယေရုရှလင်မြို‹ထဲက ထွက်သွားကြ၏။ သူတို‹သည် အဘယ်အမှုကိုမျှ မသိဘဲ ကောင်းသော စိတ်နှင့် လိုက်ကြ၏။  ၁၂ဒါဝိဒ်၏တိုင်ပင်မတ်၊ ဂိလောမြို‹သား အဟိသောဖေလသည် မိမိနေရာ ဂိလောမြို‹၌ ယဇ်ပူဇော်လျက်ရှိ၍ အဗရှလုံခေါ်လေ၏။ အဗရှလုံ  နောက်သို‹လိုက်သောသူတို‹သည် တိုးပွားများပြားသဖြင့် ပုန်ကန်ခြင်းအမှုအားကြီးလေ၏။

၁၃သိတင်းပြောသော သူတယောက်သည် ဒါဝိဒ်ထံသို‹လာ၍၊ ဣသရေလ အမျိုးသား တို‹၏ စိတ်နှလုံးသည် အဗရှလုံဘက်သို‹ပါသွားပြီဟု ကြားလျောက်လေ၏။ ၁၄ဒါဝိဒ်ကလည်း၊ ငါတို‹သည်ထ၍ ပြေးကြကုန်အံ့၊ မပြေးလျှင် အဗရှလုံလက်နှင့်မလွတ်၊ အလျင် အမြန် ထွက်ကြကုန်အံ့။ သို‹မဟုတ်လျှင် သူသည် ချက်ခြင်းတိုက်လာသဖြင့်၊ ငါတို‹ကို ဘေးပြု၍ မြို‹ကိုလည်းထားနှင့် လုပ်ကြံလိမ်မည်ဟု ယေရုရှလင်မြို‹တွင် အထံတော်၌ ရှိသောကျွန်အပေါင်း တို‹အားမိန်‹တော်မူ၏။ ၁၅ရှင်ဘုရင်၏ ကျွန်တို‹ကလည်း၊အရှင်မင်းကြီး စီရင်တော်မူသမျှတို‹ကို ကိုယ်တော်ကျွန်တို‹ သည်ပြုပါမည်ဟု လျှောက်ကြလျှင်၊ ၁၆ရှင်ဘုရင်သည်နန်းတော်သားအပေါင်းတို‹နှင့်တကွ ထွက်သွား၏ သို‹ရာတွင် နန်းတော်ကိုစောင့်စေခြင်းငှါ၊ ကိုယ်လုပ်သောမိန်းမတကျိပ်တို‹ကို ထားခဲ့လေ၏။ ၁၇ထိုသို‹ရှင်ဘုရင်နှင့် ကိုယ်တော်၌ ပါသော သူအပေါင်းတို‹သည်ထွက်သွား၍ ဗေသာမေရက်ရွာမှာ စားခန်းချကြ၏။ ၁၈ကျွန်တော်မျိုးအပေါင်းတို‹ သည်ခြံရံချက်လိုက်ကြ၏။ ဂါသမြို‹မှ လိုက်လာသော သူခြောက်ရာတည်းဟူသော ဂိတ္တိလူအပေါင်းနှင့်ခေရသိလူ၊ ပေလသိလူအပေါင်းသည်ရှေ့တော်၌ ချီသွားကြ၏။ ၁၉ထိုအခါ ရှင်ဘုရင်သည် ဂိတ္တိလူအိတ္တဲအားလည်း၊ ငါတို‹နှင့် အဘယ်ကြောင့် လိုက်သနည်း။ ရှင်ဘုရင်ထံသို‹ ပြန်၍နေလော့။ သင်သည်တပါးအမျိုးသား၊ နေရာမကျသော ဧည့်သည်ဖြစ်၏။ ၂ဝမနေ‹ကသာရောက်လာသည်ဖြစ်၍၊ ယနေ‹ ငါတို‹နှင့်အတူ အရပ်ရပ် လှည့်လည်ရမည်လော။ ငါသည်သွားရသောအခွင့်ရှိသည်အတိုင်း သွားရသော ကြောင့်၊ သင်သည် အမျိုးသားချင်း တို့ကိုခေါ်၍ပြန်လော့။ ကရုဏာနှင့် သစ္စာရှိပါစေသောဟု မိန့်တော်မူ၏။ ၂၁အိတ္တဲကလည်း၊ ထာဝရဘုရားအသက်၊ အရှင်မင်းကြီး အသက်ရှင်တော်မူသည်အတိုင်း၊ အကယ်၍ အရှင်မင်းကြီး အသက်တော်ဆုံးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ရှိတော်မူရာ အရပ်၌ကိုယ်တော် ကျွန်ရှိပါလိမ့်မည်ဟုရှင်ဘုရင် အား ပြန်လျှောက်သော်၊ ၂၂ဒါဝိဒ်က၊ ချီသွားလော့ဟု အိတ္တဲအား မိန့်တော်မူသဖြင့်၊ ဂိတ္တိလူ အိတ္တဲသည် မိမိ၌ ပါသောလူကြီးလူငယ် အပေါင်းတို့နှင့်တကွ ချီသွားလေ၏။ ၂၃ပြည်သူပြည်သား အပေါင်းတို့သည် ပြင်းစွာငိုကြွေးကြ၏။ နောက်တော်၌ လိုက်သောသူ အပေါင်းတို့သည် ချီသွား၍၊ ရှင်ဘုရင်သည် ကိုယ်တော်တိုင်ကေဒြုန်ချောင်းကိုကူးလျှင်၊ လူအပေါင်းတို့သည် ကူး၍တောလမ်းသို့ လိုက်သွားကြ၏။

၂၄ဇာဒုတ်နှင့် လေဝိလူအပေါင်းတို့သည်လည်း ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက် ရောက်လာ၍ သေတ္တာတော်ကို ချထားကြ၏။ လူအပေါင်းတို့သည် မြို့ထဲကထွက်၍ မကုန်မှီတိုင်အောင် အဗျာသာ သည် ယဇ်ပူဇော်လျက်နေ၏။ ၂၅ရှင်ဘုရင်သည် ဇာဒုတ်ကို ခေါ်၍၊ ဘုရားသခင်၏ သေတ္တာတော်ကိုမြို့ထဲသို့ ပြန်ပို့လော့။ ထာဝရဘုရားသည် ငါ့ကို စိတ်တော်နှင့် တွေ့လျှင် ငါ့ကိုပို့ပြန်၍ သေတ္တာတော်ကို၎င်း၊ ကျိန်းဝပ်တော်မူရာ အရပ်ကို၎င်း ပြတော်မူမည်။ ၂၆သို့မဟုတ်သင့်ကို ငါအလိုမရှိဟု ငါ့အား မိန့်တော်မူလျှင် ငါရှိပါ။ အလိုတော်ရှိသည် အတိုင်းပြုတော်မူစေသတည်းဟူ၍၄င်း၊ ၂၇ယဇ်ပုရောဟိတ် ဇာဒုတ်အားလည်း၊ သင်သည်ပရောဖတ်ဖြစ်သည် မဟုတ်လော။ သင်၏ သားအဟိမတ်နှင့် အဗျာသာ၏ သားယောနသန်၊ ထိုသားနှစ်ယောက်ကို ခေါ်၍ မြို့သို့ငြိမ်ဝပ်စွာ ပြန်သွားလော့။ ၂၈သင်တို့ကြား လျှောက်စေသော စကားမရောက်မှီ ငါသည်တောလွင်ပြင်၌ ဆိုင်းလင့်၍ နေမည်ဟု မိန့်တော်မူသည်အတိုင်း၊ ၂၉ဇာဒုတ်နှင့်အဗျာသာတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို ယေရုရှလင်မြို့သို့ပြန် ပို့၍ ထိုမြို့၌နေကြ၏။ ၃ဝဒါဝိဒ်သည်လည်း ငိုလျက်၊ ဦးခေါင်းကိုခြုံလျက်၊ ခြေနင်းကိုချွတ်လျက် သံလွင်တောင်ပေါ်သို့ တက်လေ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့သည်လည်း ဦးခေါင်းကိုခြုံလျက် ငိုကြွေးလျက် တက်ကြ၏။

၃၁အဗရှလုံနှင့်ဝိုင်း၍ ပုန်ကန်သော လူစုထဲမှာ၊ အဟိသောဖေလလည်းပါကြောင်းကို ဒါဝိဒ်သည် ကြားလျှင်၊ အိုထာဝရဘုရား၊ အဟိသောဖေလပေးသော အကြံကို မိုက်သောအကြံဖြစ်စေတော်မူပါဟု ဆုတောင်းလေ၏။ ၃၂တောင်ပေါ်သို့ရောက်သော်အခါ ဒါဝိဒ်သည်ဘုရားသခင်ကို ကိုးကွယ်၏။ အာခိမြို့သားဟုရှဲသည်လည်း အင်္ကျီကို ဆုတ်လျက် ခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက် ခရီးဦးကြိုပြု အံ့သောငှါလာ၏။ ၃၃ဒါဝိဒ်ကလည်း၊ သင်သည်ငါနှင့် အတူလိုက်လျှင် ငါ့ကိုနှောက်ယှက်လိမ့်မည်။ ၃၄မြို့သို့ပြန်၍ အဗရှလုံအား၊ အရှင်မင်းကြီး၊ ကျွန်တော်သည် ခမည်း တော်ထံ၌ကျွန်ခံဘူးသည်နည်းတူ ကိုယ်တော်ထံ၌ကျွန်ခံပါမည်ဟုလျှောက်လျှင်၊ အဟိသောဖေလ ပေးသောအကြံကို ငါ့ဘက်မှာနေ၍ ဖျက်နိုင်လိမ့်မည်။ ၃၅မြို့တွင်သင်နှင့်အတူ ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်အဗျာသာတို့သည်ရှိကြသည်မ ဟုတ်လော။ သို့ဖြစ်၍ နန်းတော်၌ကြားသမျှကိုယဇ်ပုရောဟိတ်တို့အားပြန်ပြောရမည်။ ၃၆သူတို့၌ဇာဒုတ်၏ သား အဟိမတ်နှင့်အဗျာသာ၏သားယောနသန်သားနှစ်ယောက်ရှိကြ၏။ ကြားနိုင်သမျှကို ထိုသားတို့တွင် ငါထံသို့ပေး လိုက်ရမည်ဟုမိန့်တော်မူသည်အတိုင်း၊ ၃၇ဒါဝိဒ်၏အဆွေခင်ပွန်းဟုရှဲသည် မြို့သို့ပြန်သွား၏။ အဗရှလုံသည်လည်း ယေရုရှလင်မြို့သို့ဝင်လေ၏။