၂ရာ အခန်းကြီး(၁၇)


၁ဒါဝိဒ်သည်မိမိ၌ပါသော လူတို့ကိုရေတွက်၍တထောင်အုပ်၊ တရာအုပ်တို့ကို ခန့်ထား၏။ ၂လူသုံးစုတ စုကိုယွာဘ၌၄င်း၊ တစုကိုဇေရုယာသားယွာဘညီအဘိရှဲ၌၄င်း၊ တစုကို ဂိတ္တိလူ အိတ္တဲ၌၄င်းအပ်၍၊ ငါ့ကိုယ်တိုင် ချီသွားမည်ဟု လူများတို‹အားမိန်တော်မူ၏။ ၃လူများတို‹ကလည်း၊ ကိုယ်တိုင်ကြွတော်မမူပါနှင့်။ ကျွန်တော်တို‹ပြေးသော်လည်းသူတို‹သည် အမူမထားကြပါ။ ကျွန်တော်တို‹ တဝတ်သေသော်လည်း သူတို‹သည် အမူမထားကြပါ။ ကိုယ်တော် မူကား၊ ကျွန်တော်တို‹ တသောင်းထက်မြတ်တော်မူ၏။ သို‹ဖြစ်၍ ကျွန်တော်တို‹ကို မြို‹ထဲကမစတော်မူလျှင် သာ၍ကောင်းပါလိမ်မည်ဟု လျှောက်ကြ၏။ ၄ရှင်ဘုရင်ကလည်း၊ ငါသည်သင်တို‹အလိုသို‹ လိုက်မည်ဟု မိန့်တော်မူ၍ တံခါးဝနားမှာရပ်တော်မူလျင်၊ လူအပေါင်းတို‹သည် တရာတပ်၊ တထောင်တပ် အားဖြင့် ချီသွားကြ၏။ ၅ရှင်ဘုရင်ကလည်း၊ ငါမျက်နှာကိုထောက်၍ငါသားအဗရှလုံ ကိုဖြည်းည‡င်းစွာပြုကြလော့ဟုယွာဘ၊ အဘိရှဲ၊ အိတ္တဲ တို‹ကိုမှာထားတော်မူ၏။ ထိုသို‹ရှင်ဘုရင်သည် အဗရှလုံအတွတ် ဗိုလ်မင်းအပေါင်းတို‹ကို မှာထားတော်မူသောအခါ၊ လူအပေါင်းတို‹သည်ကြားကြ၏။ ၆ထိုသို‹လူများတို‹သည် ဣသရေလလူတို‹ကို စစ်တိုက်အံ့သောငှါ မြို‹ပြင်သို‹ထွက်၍ဧဖရိမ်တော၌ စစ်ပြိုင်ကြ၏။ ၇ဣသရေလလူတို‹သည် ဒါဝိဒ်၏ ကျွန်တိုရှေ့မှာ ရှုံး၍ ထိုနေ့ခြင်းတွင်ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် လူနှစ်သောင်းသေကြ၏။ ၈မြေတပြင်လုံးအနှံ့အပြား တိုက်ကြသဖြင့် ထိုနေ‹၌ လူချင်းသတ်၍ သေသည်ထက် တော၌ဆုံးရှုံးသောသူ သာ၍များကြ၏။ ၉ဒါဝိဒ်၏ ကျွန်တို့သည် အဗရှလုံကိုတွေ့ကြ၏။ သူသည်မြည်းကို စီးလျက်ပင် မြည်းသည် ကြီးသော သပိတ်ပင်အကိုင်းအခက် အောက်သို့ဝင်၍၊ အဗရှလုံ၏ခေါင်းသည် သပိတ်ပင်၌ငြိသဖြင့် မိုဃ်းနှင့်မြေကြီးစပ်ကြားမှာ တွဲလွဲဆွဲလျက် နေ၍၊မြည်းသည် အလိုအလျောက် သွားလေ၏၊ ၁ဝမြင်သောသူတစ်ယောက်သည် ယွာဘထံသို့သွား၍၊ သပိတ်ပင်၌ အဗရှလုံဆွဲနေသည်ကို ကျွန်တော်မြင်ခဲ့သည်ဟု ကြားပြောလျှင်၊ ၁၁ယွာဘက၊ သင်သည် မြင်ခဲ့သည်မှန်လျှင် အဘယ်ကြောင့် သူ့ကို ထိုး၍ မြေကြီးပေါ်သို့ မချခဲ့သနည်း၊ ထိုသို့ပြုလျှင် ငွေအကျပ်တစ်ဆယ်နှင့် ခါးစည်းကို ငါပေးပြီဟုပြောဆိုသော်၊  ၁၂ထိုသူက ကျွန်တော်သည် ကိုယ်လက်၌ ငွေအခွက် တင်္စဆယ်ကိုပင် ခံရသော်လည်း ရှင်ဘုရင်၏သားကို မပြုနိုင်ပါ။ အကြောင်းမူကား၊ ကျွန်တော်တို့ကြားသည့်အတိုင်း ရှင်ဘုရင်က၊ ငါ့မျက်နှာကိုထောက်၍ ငါ့သားအဗရှလုံကို စောင်မကြလော့ဟု ကိုယ်တော်နှင့်အဘိရှဲ၊ အိဘ္တဲတို့ကို မှာထားတော်မူပြီ။ ၁၃ကျွန်တော်ပြုမိလျှင် ကိုယ်ကိုလှည့်စား၍ ကိုယ်အသက်ရှုံးပါပြီ။ ရှင်ဘုရင်မသိသော အမှုတစုံတခုမျှမရှိ။ ကိုယ်တော်သည်လည်း ကျွန်တော် တဘက်၌ နေပါလိမ့်မည်ဟုပြောဆိုသော်၊ ၁၄ယွာဘက၊ သင်နှင့်အ တူငါမနေအားဟုဆိုလျက်လှံယဉ်သုံးစင်းကိုကိုင်ယူ၍ သပိတ်ပင်အလယ်၌ အသက်ရှင်လျက်ရှိသော အဗရှလုံး၏နှလုံးကို ထုတ်ချင်းခပ် ထိုးလေ၏။ ၁၅လက်နက်ဆောင် လုလင်တကျိပ် တို့သည်လည်းဝိုင်း၍ အဗရှလုံကို အသေသတ်ကြ၏။ ၁၆ယွာဘသည်လည်း တံပိုးမှုတ်၍ လူတို့ကိုဆီးတားသဖြင့် ဣသရေလလူတို့ကို လိုက်ရာမှ ပြန်လာကြ၏။ ၁၇အဗရှလုံကိုလည်းယူ၍ တော၌နက်သော မြေတွင်းထဲသို့ချပြီးမှ ကျောက်ပုံကြီးကိုပုံထားကြ၏။ ဣသရေလလူအပေါင်းတို့သည် အသီးသီးမိမိတို့အိမ်သို့ ပြေးကြ၏။ ၁၈အဗရှလုံသည် အသက်ရှင်စဉ်အခါ၊ ငါ၏နာမသည်မပျောက်အမြဲတည်မည်အကြောင်း၊ သားမရှိဟုဆိုလျက် ရှင်ဘုရင် ချိုင့်တွင်ကိုယ်အဘို့ ကျောက်တိုင်ကိုစိုက်၍ မိမိနာမဖြင့်သမုတ်သောကြောင့်၊ ယနေ့တိုင်အောင် အဗရှလုံ၏ အောင်တိုင်ဟူ၍ တွင်သတည်း။

၁၉ထိုအခါ ဇာဒုတ်၏သားအဟိမတ်က၊ ထာဝရဘုရားသည် ရှင်ဘုရင်၏ ရန်သူတို့ကို အပြစ်အလျောက် စီရင်တော်မူကြောင်းကို ကျွန်တော်ပြေး၍သိတင်းကြားလျှောက်ပါရစေဟု အခွင့် တောင်းလျှင်၊ ၂ဝယွာဘက၊ ယနေ့သင်သည်သိတင်းမကြားမလျှောက်ရ။ အခြားသောနေ့၌ ကြားလျှောက် ရမည်။ ရှင်ဘုရင်၏သားတော် သေသောကြောင့်ယနေ့သင်သည်သိတင်းမကြားမလျှောက်ရဟုဆိုပြီးမှ၊ ၂၁ကုရှိအား သင်မြင်သမျှကိုသွား၍ ရှင်ဘုရင်အားကြားလျှောက်လော့ဟုဆိုသည်အတိုင်း၊ ကုရှိသည်ယွာဘ အားဦးညွှတ်၍ ပြေးလေ၏။ ၂၂တဖန်ဇာဒုတ်သားအဟိမတ်က၊ သို့သော်လည်းကျွန်တော်သည် ကုရှိနောက်မှာပြေးပါရစေဟုအခွင့်တောင်း ပြန်လျှင်၊ ယွာဘကငါ့သားဝမ်းမြောက်စရာသိတင်း မဟုတ်သည် ဖြစ်၍ အဘယ်ကြောင့်ပြေးသွားချင်သနည်းဟုဆိုသော်လည်း၊ ၂၃ပြေးပါရစေဟု တဖန်အခွင့်တောင်း သောကြောင့်ပြေးလော့ဟုအခွင့်ပေး၏။ ထိုအခါ အဟိမတ်သည်လွင်ပြင် လမ်း၌ ပြေး၍ ကုရှိကိုလွန်လေ၏။ ၂၄ဒါဝိဒ်သည် မြို့တံခါးနှစ်ထပ်ကြားမှာ ထိုင်၍နေ၏။ ကင်းစောင့်တယောက်သည် မြို့ရိုးတံခါးပေါ်ပြအိုး မိုးအောက်သို့တက်၍ မြော်ကြည့်သဖြင့် လူတယောက်တည်းပြေးလာသည်ကို မြင်သောအခါ၊ ၂၅ရှင်ဘုရင်အား ဟစ်၍လျှောက်လေ၏။ ရှင်ဘုရင်ကလည်း၊ တယောက်တည်းဖြစ်လျှင်သိတင်းပါလိမ့်မည်ဟု အမိန့်ရှိ၏။ ထိုသူသည်ပြေးလာ၍ အနီးသို့ရောက်သောအခါ၊ ၂၆ကင်းစောင့်သည် လည်းအခြားသောသူ ပြေးလာသည် ကိုမြင်၍၊ အခြားသောသူတယောက်တည်းပြေးလာပါသည်ဟု တံခါးသို့လှည့်၍ဟစ်လျှင်၊ ရှင်ဘုရင်ကထိုသူ၌လည်း သိတင်းပါ လိမ့်မည်ဟု အမိန့်ရှိ၏။ ၂၇ကင်းစောင့်ကလည်း၊ ရှေ့လာသောသူ၏ ပြေးခြင်းသည် ဇာဒုတ်သားအဟိမတ် ပြေးခြင်းနှင့်တူသည်ကို ကျွန်တော်ထင်ပါသည်ဟု လျှောက်သော်၊ ရှင်ဘုရင်ကသူသည် လူကောင်းဖြစ်၏။ ကောင်းသောသိတင်းပါလိမ့်မည်ဟု အမိန့်တော်ရှိပြန်၏။ ၂၈အဟိမတ်ကလည်း၊ ချမ်းသာရပါ၏ဟု ဟစ်လျက်ရှင်ဘုရင်ရှေ့ မြေပေါ်မှာပြပ်ဝပ်လျက်၊ အရှင်မင်းကြီးကို ပုန်ကန်သောလူတို့ကို အပ်တော်မူသောကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်းဟု လျှောက်လေ၏။ ၂၉ရှင်ဘုရင်ကလည်း၊ ငါ့သား အဗရှလုံသည်ဘေးလွတ်၏လောဟု မေးတော်မူလျှင် အဟိမတ်က၊ အရှင်မင်းကြီး၏ ကျွန် ယွာဘသည် ကိုယ်တော်ကျွန်ကို စေလွှတ်သောအခါ ရုန်းရင်းခတ်ခြင်းအမှုကိုကျွန်တော်မြင်သော်လည်းသေချာစွာ မသိရပါဟုလျှောက်သော်၊ ၃ဝရှင်ဘုရင်က၊ ဤအနားမှာ ရွှေ့၍နေလော့ဟု မိန့်တော်မူသည်အတိုင်း သူသည်ရွှေ့၍နေ လေ၏။ ၃၁တဖန်ကုရှိရောက်လာ၍ အရှင်မင်းကြီး၊ သိတင်းပါပါ၏။ ကိုယ်တော်ကိုပုန်ကန်သော သူအပေါင်းတို့ကို ထာဝရဘုရားသည်ထိုသူတို့၏အပြစ် ယနေ့စီရင်တော်မူပြီဟုလျှောက်လျှင်၊ ၃၂ရှင်ဘုရင်က၊ ငါ့သားအဗရှလုံ သည် ဘေးလွတ်၏လောဟုမေးတော်မူသော်၊ ကုရှိက အရှင်မင်းကြီး၏ရန်သူများ၊ ကိုယ်တော်ကိုညှင်းဆဲခြင်းငှါ ပုန်ကန်သောသူများအပေါင်းတို့သည် ထိုလုလင်ကဲ့သို့ဖြစ်ကြပါစေသောဟု ပြန်လျှောက်လေ၏။ ၃၃ရှင်ဘုရင်သည် အလွန် ကြင်နာသော စိတ်ရှိသဖြင့် မြို့တံခါးအပေါ်၌ရှိသော တဲသို့တက်၍ တက်စဉ်တွင်၊ အိုငါ့သားအဗရှလုံ၊ ငါ့သား၊ ငါ့သားအဗရှလုံ၊ သင့်ကိုယ်စား ငါမသေပါလေတကား။ အိုအဗရှလုံ၊ ငါ့သား၊ငါ့သားဟုငိုကြွေးလေ၏။