၂ရာ အခန်းကြီး(၂၄)


၁နောက်တဖန် ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်တော်မူလျင်၊ စာတန်သည် ရန်ဘက်ပြု ၍ ဣသရေလလူနှင့် ယုဒလူတို့ကို ရေတွက်စေခြင်းငှာ ဒါဝိဒ်ကို တိုက်တွန်းလေ၏။ ၂ရှင်ဘုရင် ကလည်း၊ လူပေါင်းမည်မျှ ရှိသည်ကို ငါသိမည်အကြောင်း၊ ဒန်မြို့မှသည် ဗေရရှေဘမြို့တိုင်အောင် ဣသရေလခရိုင်ရှိသမျှတို့ကို ရှောက်သွား၍၊ လူတို့ကို ရေတွက်လော့ဟု အထံတော်၌ရှိသော ဗိုလ်ချုပ်မင်းယွာဘအား မိန့်တော်မူ၏။ ၃ယွာဘကလည်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် လူတို့ကိုထပ်၍ အဆတရာတိုးပွားစေသဖြင့်၊ ကျွန်တော်သခင်အရှင် မင်းကြီးမြင်မည်အကြောင်း ပြုတော်မူပါစေသော။ သို့ရာတွင် ကျွန်တော်သခင်အရှင်မင်းကြီးသည် ဤအမှုကို အဘယ်ကြောင့် နှစ်သက်တော်မူသနည်းဟု ရှင်ဘုရင်အား လျှောက်လေ၏။ ၄သို့သော်လည်း အမိန့်တော်သည် ယွာဘစကားနှင့် ဗိုလ်များစကားကို နိုင်သဖြင့်၊  ယွာဘနှင့် ဗိုလ်များတို‹သည် လူတို‹ကိုရေတွက်အံ့သောငှါ အထံတော်မှ ထွက်သွားကြ၏။ ၅ယော်ဒန်မြစ်ကို ကူး၍ဂဒ်ချိုင့်၌ရှိသော အာရော်မြို‹အရှေ့ဘက်၊ ယာဇာမြို‹အနားမှာ တပ်ချကြ၏၊ ၆ဂိလဒ်ပြည်၊ နောက်သိမ်းသောပြည်၊ ဒန်ယန်ပြည်တို‹ကိုလွန်ပြီးမှ ဇိဒုန်ပြည်သို‹ဝိုင်းသွား၍၊ ၇တုရုရဲတိုက်သို‹၄င်း၊ ဟိဝိမြို‹များ၊ ခါနာနိမြို‹များအလုံးစုံတို‹သို‹၄င်းရောက်၍၊ ယုဒပြည်တောင်ပိုင်း၊ ဗေရရှေဘမြို‹လက်စသတ်ကြ၏။ ၈ထို‹သိုတပြည်လုံးရှောက်သွား၍ကိုလနှင့် အရက် နှစ်ဆယ်လွန်မှ ယေရုရှလင်မြို‹သို‹ရောက်ကြ၏။ ၉ယွာဘသည်လည်း လူပေါင်းစာရင်းကို ရှင်ဘုရင်အားဆက်၍၊ ဣသရေလအမျိုး၌ထားကိုင် သူရဲရှစ်သိန်း၊ ယုဒအမျိုး၌ ငါသိန်းရှိကြ၏။

၁ဝဒါဝိဒ်သည်လူတို‹ကို ရေတွက်ပြီးမှ နောင်တရ၍၊ အကျွန်ုပ်ပြုမိသောအမှု၌ အလွန်ပြစ်မှားပါပြီ။ အိုထာဝရဘုရား၊ ကိုယ်တော်ကျွန်၏ အပြစ်ကိုဖြေရှင်းတော်မူပါ။ အကျွန်ုပ်သည်အလွန်မိုက်သော အမှုကိုပြုမိပါပြီဟု ထာဝရဘုရားအားတောင်းပန်လေ၏။ ၁၁ဒါဝိဒ်သည် နံနက်အချိန်၌ထသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ဒါဝိဒ်၏ပရောဖက်ဂဒ်သို‹ ရောက်လာ၍၊ ၁၂ဒါဝိဒ်ထံသို‹သွားလော့။ အရာသုံးပါးကိုသင့်အားငါပြ၏။ သင်၌ ငါပြုစရာတို‹ တပါးပါးကိုရွေးရမည်ဟု ထာဝရဘုရား၏ အမိန့်တော် ကိုဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊  ၁၃ဂဒ်သည်ဒါဝိဒ်ထံသို‹သွား၍၊ ပြည်တော်၌သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးစေရမည်လော။ သို‹မဟုတ် ရန်သူတို‹သည် သုံးလပတ်လုံးလိုက်၍ ကိုယ်တော်ပြေးတော်မူရမည်လော။ သို‹မဟုတ်ပြည်တော်၌ သုံးရက်ပတ်လုံးကာလနာရောက်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်တော်မူသော သူအား အကျွန်ုပ်သည် အဘယ်သို‹ပြန်လျှောက်ရမည်ကို စဉ်းစားဆင်ခြင်တော်မူပါဟုလျှောက်လေ၏။ ၁၄ဒါဝိဒ်ကလည်း၊ ငါသည်ကျဉ်းမြောင်းရာသို‹ ရောက်လေပြီ တကား။ ထာဝရဘုရား၏ လက်တော်သို‹ ရောက်ပါစေ။ ကရုဏာတော်ကြီး လှ၏ လူလက်သို‹ မရောက်ပါစေနှင့်ဟုဂဒ်အားပြန်ပြော၏။ ၁၅ထိုနေ့နံနက်မှစ၍ ချိန်းချက်သော အချိန်တိုင်အောင် ထာဝရဘုရားသည် ဣသရေလအမျိုး၌ကာလနာကို လွတ်လိုက်တော်မူ၍၊ ဒန်မြို‹မှသည်ဗေရရှေဘမြို‹ တိုင်အောင် လူခုနစ်သောင်းသေကြ၏။ ၁၆ကောင်းကင်တမန်သည် ယေရုရှလင်မြို‹ကို ဖျက်ဆီးမည်ဟု လက်ကိုဆန့်သောအခါ၊ ထာဝရဘုရားသည် ထိုဘေးကြောင့်နောင်တရတော်မူ၍တန်ပြီ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု လူတို‹ကိုဖျက်ဆီးသော ကောင်းကင်တမန်အားမိန့်တော်မူ၏။ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ယေဗုသိလူ အရောန၏ ကောက်နယ်တလင်းအနားမှာရှိ၏။ ၁၇လူတို‹ကိုဒဏ်ခတ် သော ကောင်းကင်တမန်ကို ဒါဝိဒ်သည်မြင်သောအခါ၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ ဤသိုးတို‹မူကား အဘယ်သို‹ ပြုမိပါသနည်း။ လက်တော်သည် အကျွန်ုပ်နှင့် အကျွန်ုပ်အဆွေအမျိုး၌ ရောက်စေတော်မူပါဟု ထာဝရဘုရားအား တောင်းပန်လေ၏။ ၁၈ထိုနေ့ခြင်းတွင် ဂဒ်သည် ဒါဝိဒ်ထံသို‹ လာ၍ကိုယ်တော်ကြွပါ။ ယေဗုသိလူအရောန၏ ကောက်နယ်တလင်း၌ ထာဝရဘုရားအဘို‹ ယဇ်ပလ္လင်ကိုတည်ရမည်ဟု၊ ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုသည်အတိုင်း ဒါဝိဒ်သည်သွားလေ၏။ ၂ဝထိုသို‹ဘုရင်သည် အခြံအရံတော်နှင့်တကွကြွလာသည်ကို အရောနသည် ကြည့်၍မြင်လျင်၊ ပြင်သို‹ထွက်၍ ရှင်ဘုရင်ရှေ့တော်၌ဦးချပြပ်ဝပ်လျက်၊ ၂၁ကျွန်တော်သခင် အရှင်မင်းကြီးသည် ကိုယ်တော်ကျွန် ရှိရာသို‹ အဘယ်ကြောင့်ကြွလာတော်မူသနည်းဟု မေးလျှောက်လျင်၊ ဒါဝိဒ်က၊ လူတို‹တွင် ကာလနာဘေးကို ငြိမ်းစေမည် အကြောင်းထာဝရဘုရားအဘို‹ယဇ်ပလ္လင်ကိုတည်လို၍၊ သင်၏ကောက်နယ်တလင်းကို ဝယ်အံ့သောငှါလာသည်ဟု အမိန့်ရှိသော်၊ ၂၂အရောနက၊ ကျွန်တော်သခင် အရှင်မင်းကြီးသည် စိတ်တော်ရှိသည်အတိုင်းယူ၍ ပူဇော်တော်မူပါ၊ မီးရှို့ရာ ယဇ်ဘို‹နွားများရှိပါ၏။ ထင်းဘို့ ကောက်နယ်တန်ဆာ၊ နွားနှင့်ဆိုင်သော တန်ဆာများရှိပါ၏ဟု ဒါဝိဒ်အားလျှောက်လျက်၊ ၂၃အလုံးစုံတို‹ကို ရှင်ဘုရင်အားဆက်၍ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်ကိုလက်ခံတော်မူပါ စေသောဟုလျှောက်လေ၏။ ၂၄ရှင်ဘုရင်ကလည်း၊ ထိုသို‹ငါမယူရ။ စင်စစ် အဘိုးပေး၍ ငါဝယ်မည်။ ကိုယ်ငွေမကုန်ဘဲငါ၏ ဘုရားသခင် ထာဝရဘုရားအားမီးရှို့ရာယဇ်ကို ငါမပူဇော်လိုဟု အရောနအား ဆိုသဖြင့်၊ ငွေအကျပ်ငါးဆယ်ကိုပေး၍၊ ထိုကောက်နယ်တလင်းနှင့် နွားတို‹ကို ဝယ်ပြီးမှ၊ ၂၅ထိုအရပ်၌ထာဝရဘုရားအဘို‹ ယဇ်ပလ္လင် ကိုတည်၍ မီးရှိုရာယဇ်၊ မိဿဟာယယဇ် တို့ကိုပူဇော်လေ၏။ ထာဝရဘုရားသည်လည်း၊ ဣသရေလပြည်အဘို‹ ဆုတောင်းသောစကားကို နားထောင်၍ ကာလနာဘေး ကိုငြိမ်းစေတော်မူ၏။

 

ဓမ္မရာဇဝင်ဒုတိယစောင်ပြီး၏။