၁ရာ အခန်းကြီး (၁၇) 


၁ဖိလိတ္တိ လူတို‹သည် ဗိုလ်ခြေများကို နှိုးဆော်၍ယုဒရိုင်ရှောခေါမြို‹၌ စုဝေးသဖြင့်၊ ရှောခေါမြို‹နှင့် အဇေကာမြို‹စပ်ကြားဒမိမ်အရပ်မှာတပ်ချကြ၏။ ၂ရှောလုနှင့် ဣသရေလလူတို‹သည် စုဝေး၍ဧလာချိုင့်နားမှာ တပ်ချ၍ ဖိလိတ္တိလူတို‹ကို တိုက်မည်ဟုစစ်ခင်းကျင်းကြ၏။ ၃ဖိလိတ္တိလူအချို‹တို‹သည် ချိုင့်တဘက်၌ တောင်ပေါ်မှာရပ်လျက်၊ ဣသရေလလူအချို‹တို‹သည် ချိုင့်တဘက်၌ တောင်ပေါ်မှာရပ်လျက်ရှိကြ၏။ ၄ခြောက်တောင်နှင့် တထွာအရပ်မြင့်သော ဂသမြို‹သားဂေါလျတ်အမည်ရှိသောသူရဲသည် ဖိလိတ္တိတပ်ထဲက ထွက်လာ၏။ ၅သူသည်ခေါင်းပေါ်မှာကြေးဝါခမောက် လုံးကို ဆောင်း၍ အခွက်ငါးဆယ်အချိန်ရှိသော ကြေးဝါချပ်အကျÐကိုဝတ်၏၊ ၆ကြေးဝါခြေစွပ်ကိုစွပ်လျက် ပခုံးကြားမှာ ကြေးဝါကိဒုန်လက်နက်ကိုဆွဲလျက်ရှိ၏။ ၇လှံရိုးကားရက်ကန်းလက်လိပ်နှင့်အမျှကြီး၏။ လှံကိုယ်ကားသံခြောက်ပိဿာ အချိန်ရှိ၏။ သူ‹ရှေ‹မှာဒိုင်းလွှားကို ဆောင်သူတယောက်သည် သွားရ၏။ ၈ထိုသူရဲသည် ရပ်လျက် သင်တို‹သည် စစ်ပြိုင်ခြင်းငှာ အဘယ့်ကြောင့် ထွက်လာကြသနည်း။ ငါသည် ဖိလိတ္တိလူ၊ သင်တို‹သည် ရှောလု၏ကíန်ဖြစ်ကြသည် မဟုတ်လော။ လူတယောက်ကို ရွေးကောက်၍ငါနှင့်တိုက်ခြင်းငှာလာပါစေ။ ၉သူသည်ငါ့ကိုတိုက်၍သတ်နိုင်လျှင် ငါတို‹သည် သင်တို‹၏ကíန်ခံမည်။ သို‹မဟုတ်ထိုသူကို ငါနိုင်၍သတ်လျှင်၊ သင်တို‹သည်ငါတို‹ကíန်ခံ၍ ငါတို‹အမှုကို ဆောင်ရွက်ရကြမည်ဟု ဣသရေလ ဗိုလ်ခြေတို‹ကို ဟစ်၍ ပြောဆို၏။ ၁ဝတစ်ဖန်ထိုဖိလိတ္တိလူက၊ ဣသရေလ ဗိုလ်ခြေတို‹ကို ယနေ‹ငါကြိမ်းပ၏။ လူချင်းတိုက်စေခြင်းငှာ လူတယောက်ကိုပေးကြလော့ဟုဆို၏။ ၁၁ဖိလိတ္တိလူပြော သော ထိုစကားကို ရှောလုနှင့် ဣသရေလလူအပေါင်းတို‹သည်ကြားလျှင် စိတ်ပျက်၍အလွန်ကြောက်ရွံကြ၏။

၁၂ယုဒပြည်၊ ဗက်လင်မြို‹၊ ဧဖရတ်အရပ်သားဖြစ်သောဒါဝိဒ်၏အဘယေရှဲသည် သားရှစ်ယောက်ရှိ၏။ ရှောလုလက်ထက်၌ ထိုသူသည်အသက်ကြီးသောသူ၏အရာရှိ၏။ ၁၃ယေရှဲ၏သားတို‹တွင် အသက်အကြီးဆုံး သောသူသုံးယောက်တို‹သည် စစ်မှုကိုထမ်း၍ ရှောလုနောက်သို‹ လိုက်ကြ၏။ သူတို‹အမည်ကား သားဦးဧလျာဘ၊ ဒုတိယသားအဘိနဒပ်၊ တတိယသားရှိမာတည်း။ ၁၄ဒါဝိဒ်သည် အငယ်ဆုံးသောသားဖြစ်၏။ သားကြီး သုံးယောက်တို‹ သည် ရှောလုနောက်တော်သို‹လိုက်ကြသော်လည်း၊ ၁၅ဒါဝိဒ်သည် မလိုက်၊ ဗက်လက်မြို‹မှာ မိမိအဘ၏ သိုးတို‹ကိုထိန်းကျောင်းခြင်းငှါ ပြန်သွားလေ၏။ ၁၆ဖိလိတ္တိလူသည် အရက်လေးဆယ်ပတ်လုံး၊ နံနက်တခါ၊ ညဦးတခါချဉ်း ကပ်၍ ကိုယ်ကိုပြ၏။ ၁၇ထိုအခါ ယေရှဲသည်မိမိသားဒါဝိဒ်ကိုခေါ်၍ သင့်အစ်ကိုတို‹ အဘို‹၌ ပေါက်ပေါက်တဧဖာနှင့် ဤမုန်‹ဆယ်လုံးတို‹ကိုယူ၍ အစ်ကိုတို‹ရှိရာ တပ်တော်သို‹ပြေးသွားလော့၊ ၁၈ဤဒိန်ခဲဆယ်လုံးကိုလည်းယူ၍ သူတို‹တပ်မှူးအား ဆက်လော့။ သင့်အစ်ကိုတို‹သည် ကျန်းမာခြင်းရှိသည် မရှိသည်ကို ကြည့်ရှုပြီးမှ၊ သူတို‹ထံမှာ သက်သေ တစုံတခုကို ခံယူလော့ဟု မှာလိုက်လေ၏။ ၁၉ထိုကာလ၌ ရှောလုမှစ၍ ဒါဝိဒ်အစ်ကိုတို‹နှင့် ဣသရေလလူ အပေါင်းတို‹သည် ဧလာချိုင့်မှာ ဖိလိတ္တိလူတို‹ကို စစ်တိုက်လျက်ရှိကြ၏။ ၂ဝဒါဝိဒ်သည် နံနက်စောစောထ၍ သိုးတို‹ကို သိုးထိန်း၌အပ်ပြီးလျှင်၊ အဘမှာလိုက်သည် အတိုင်း စားစရာကို ယူသွား၍ ရိက္ခာလှည်းထားရာသို‹ ရောက်သောအခါ ၂၁ဣသရေလတပ်သားတို‹နှင့် ဖိလိတ္တိတပ်သားတို‹သည် စစ်ခင်းကျင်း၍ စစ်တလင်းသို‹ ချီလျက်၊ စစ်တိုက်မည်အသံနှင့် ကြွေးကြော်ကြ၏။ ၂၂ဒါဝိဒ်သည် မိမိ၌ပါသော အရောတို‹ကို ရိက္ခာစောင့်လက်၌အပ်ထားပြီးလျှင်၊ တပ်သားစုထဲသို‹ ပြေး၍မိမိ အစ်ကိုတို‹ကို နှုတ်ဆက်၏။ ၂၃သူတို‹နှင့်ပြောစဉ်တွင် ဖိလိတ္တိလူ၊ ဂါသမြို‹သား ဂေါလျက်အမည်ရှိသော သူရဲသည် ဖိလိတ္တိတပ်ထဲက ထွက်လာ၍ယမန်ကဲ့သို‹ပြောဆိုသည်ကို ဒါဝိဒ်သည် ကြားလေ၏။ ၂၄ဣသရေလ လူအပေါင်းတို‹ သည် ထိုသူကိုမြင်သောအခါ အလွန်ကြောက်ရွံ၍ပြေးကြ၏။ ၂၅အချို‹တို‹ကလည်း၊ ထိုလူထွက်လာ သည်ကိုမြင် သလော၊ ဣသရေလအမျိုးကို ကြိမ်းပလျက်ထွက်လာပါသည်တကား၊ သူ့ကိုသတ်သောသူအား ရှင်ဘုရင်သည် ကြီးသောစည်းစိမ်နှင့် မြှောက်၍ သမီးတော်ကိုလည်း ပေးစားတော်မူမည်။ ထိုသူ၏ အဆွေအမျိုးကိုလည်း ဣသရေလနိုင်ငံတွင် မင်းမှုလွှတ်တော်မူမည်ဟု ပြောဆိုကြ၏။ ၂၆ဒါဝိဒ်ကလည်း၊ ထိုဖိလိတ္တိလူကိုသတ်၍ ဣသရေလအမျိုးခံသော အရှက်ကွဲခြင်းကိုပယ်ရှင်းသောသူသည် အဘယ်အကျိုးကို ရလိမ့် မည်နည်း။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေတို‹ကို ကြိမ်းပရမည်အကြောင်း၊ အရေဖျားလှီးခြင်း ကိုမခံသော ထိုဖိလိတ္တိလူသည် အဘယ်သို‹သော သူဖြစ်သနည်းဟု မိမိအနားမှာရှိသော သူတို‹အား မေးမြန်းလျှင်၊ ၂၇သူတို‹က ထိုလူကိုသတ်သောသူသည် ဤမည်သောအကျိုးကိုရလိမ့်မည်ဟု  ယမန်ကဲ့သို‹ပြန်ပြောကြ၏။ ၂၈ထိုသူတို‹နှင့် ဒါဝိဒ်ပြောသည်ကို အစ်ကိုကြီးဧလျာဘကြားလျှင် ဒါဝိဒ်ကို အမျက်ထွက်၍ သင်သည်အဘယ့်ကြောင့် ဤအရပ်သို‹ လာသနည်း၊ ထိုနည်းသော သိုးတို‹ကို တောတွင် အဘယ်သူလက်၌ အပ်ခဲ့သနည်း။ သင့်မာနကြီးခြင်း၊ သင့်စိတ်နှလုံးဆိုးညစ်ခြင်းကို ငါသိ၏။ စစ်ပွဲကိုကြည့်ရှုခြင်းငှါသာ လာပြီဟုဆို၏။ ၂၉ဒါဝိဒ်ကလည်း၊ အကíန်ုပ်သည် အဘယ်အမှုကိုပြုမိသနည်း၊ ယခုပြောစရာအကြောင်းမရှိလောဟု ဆိုသောနောက်၊ ၃ဝအခြားသော သူတိုကထံသို‹ လှည့်၍ ယမန်ကဲ့သို‹ မေးမြန်းလျှင်၊ သူတို‹သည် ရှေ‹အတူပြန်ပြောကြ၏။

၃၁ထိုသို‹ ဒါဝိဒ်ပြောသော စကားကို ကြားသောသူတို‹သည် ရှောလုထံတော်၌ ကြားလျှောက်သော်၊ ဒါဝိဒ်ကိုခေါ်တော်မူ၏။ ၃၂ဒါဝိဒ်ကလည်း ထိုလူကြောင့် အဘယ်သူမျှစိတ်မပျက်ပါစေနှင့်။ ကိုယ်တော်ကíန်သွား၍ ထိုဖိလိတ္တိလူကို တိုက်ပါမည်ဟု ရှောလုအားလျှောက်လျှင်၊ ၃၃ရှောလုက သင်သည် ထိုဖိလိတ္တိလူကို သွား၍ မတိုက်နိုင်။ သင်သည် နုပျိုသောသူဖြစ်၏။ ထိုသူသည် ပျိုသောအရွယ် မှစ၍ စစ်သူရဲဖြစ်ခဲ့ပြီဟု ဒါဝိဒ်အား ဆိုသော်၊ ၃၄ဒါဝိဒ်က ကိုယ်တော်ကíန်သည် အဘ၏သိုးတို‹ကိုထိန်းကျောင်းစဉ်အခါ၊ ခြင်္သေ့နှင့် ဝံသည်လာ၍ သိုးသငယ်ကို သိုးစုထဲကကိုက်ချီပါ၏။ ၃၅ကíန်တော်လိုက်၍သတ်သဖြင့် သိုးသငယ်ကို သူ‹ပစပ်ထဲက နှုတ်ပါ၏။ ဝံသည် ကíန်တော်ကိုပြန်၍ ကိုက်သောအခါ၊ ဝံ၏မုတ်ဆိတ်ကိုကိုင်၍ရိုက်သတ်ပါ၏။ ၃၆ကိုယ်တော်ကíန်သည် ခြင်္သေ့နှင့် ဝံနှစ်ကောင်လုံးကိုသတ်ပါ၏။ အရေဖျားလှီးခြင်းကို မခံသောထိုဖိလိတ္တိလူသည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေတို‹ကို ကြိမ်းပသောကြောင့်၊ ထိုအကောင်တကောင်ကဲ့သို‹ဖြစ်ပါလိမ့် မည်၊ ၃၇ခြင်္သေ့လက်၊ ဝံလက်မှ ကíန်တော်ကို ကယ်နှုတ်တော်မူသော ထာဝရဘုရားသည်၊ ထိုဖိလိတ္တိလူလက်မှ ကယ်နှုတ်တော် မူလိမ့်မည်ဟု ရှောလုအား လျှောက်လေသော်၊ ရှောလုကသွားလော့၊ ထာဝရဘုရားသည် သင်နှင့်အတူရှိတော် မူပါစေသောဟု ဒါဝိဒ်အားဆိုလေ၏။

၃၈ရှောလုသည်လည်း ဒါဝိဒ်ကို မိမိအဝတ်နှင့် ဝတ်စေသဖြင့်၊ သူ၏ ခေါင်းပေါ်မှာ ကြေးဝါးခမောက်တလုံး ကိုတင်၍ သံချပ်အကျÐကိုလည်း ဝတ်စေ၏။ ၃၉ဒါဝိဒ်သည် ထားတော်ကို အဝတ်ပေါ်မှာ စည်း၍သွားမည်ဟု အားထုတ်သော်လည်း၊ ထိုလက်နက်များကို မစုံစမ်းသေး၊ သို‹ဖြစ်၍ဒါဝိဒ်ကဤလက်နက်တို‹နှင့် ကíန်တော်မသွား နိုင်ပါ၊ မစုံစမ်းပါသေးဟု ရှောလုအားလျှောက်၍ ခíတ်ပြန်လေ၏။ ၄ဝတဖန်မိမိတောင်ဝေးကိုကိုင်လျက်၊ ချောသော ကျောက်ငါးလုံးကို ချောင်းထဲကရွေး၍ သိုးထိန်းတန်ဆာတည်းဟူသော လွယ်အိတ်၌ ထည့်ပြီးမှ လောက်လွှဲကို လည်းကိုင်၍ ဖိလိတ္တိလူရှိရာသို‹ ချဉ်းလေ၏။ ၄၁ဖိလိတ္တိလူသည်လည်း ဒါဝိဒ်ရှိရာသို‹ချဉ်း၍ သူ‹ရှေ‹မှာဒိုင်းလွှားကို ဆောင်သောသူလည်းသွား၏။ ၄၂ဖိလိတ္တိလူသည်ကြည့်၍ဒါဝိဒ်ကိုမြင်သော အခါ မထီမဲ့မြင်ပြု၏။ အကြောင်းမူကား၊ သူသည်နုပျိုသောသူ၊ ဆံပင်နီ၍မျက်နှာလှသောသူဖြစ်၏။ ၄၃ဖိလိတ္တိလူက၊ သင်သည်တောင်ဝေးနှင့် ငါ့ထံသို‹ လာရမည်အကြောင်း၊ ငါသည်ခွေးဖြစ်သလောဟုမေးလျက်၊ မိမိဘုရားတို‹ကို တိုင်တည်၍ ဒါဝိဒ်ကိုကျိန်ဆဲလေ၏။ ၄၄တဖန်ဖိလိတ္တိလူက လာခဲ့။ သင့်အသားကို မိုဃ်းကောင်းကင်ငှက်နှင့်တော သားရဲတို‹အား ငါပေးမည်ဟု ဒါဝိဒ်ကိုဆို၏။ ၄၅ဒါဝိဒ်ကသင်သည်ထား၊ လှံ၊ ကိဒုန်ပါလျက်ငါ့ထံသို‹လာ၏။ ငါသည်သင်ကြိမ်းပသော ဣသရေလ ဗိုလ်ခြေတို‹၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ နာမတော်ပါလျက် သင်ရှိရာသို‹လာ၏။ ၄၆ထာဝရဘုရားသည် သင့်ကို ငါ့လက်၌ ယနေ့အပ်တော်မူသဖြင့်၊ သင့်ကိုငါသတ်၍ လည်ပင်းကိုဖြတ်မည်။ ဖိလိတ္တိဗိုလ်ခြေ အသေကောင်များကို ဗိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲတို‹အား ယနေ‹ငါပေးမည်။ ဣသရေလအမျိုး၌ ဘုရားသခင်ရှိတော်မူသည်ကို မြေကြီးသားအပေါင်းတို‹သည် သိရကြလိမ့်မည်။ ၄၇ထာဝရ ဘုရားသည် ထား လှံအားဖြင့် ကယ်တင်တော်မမူကြောင်းကို၊ ဤပရိသတ်အပေါင်းတို‹သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရား သည် စစ်မှုကိုပိုင်၍၊ ငါတို‹လက်သို‹အပ်နှံတော်မူမည်ဟု ဖိလိတ္တိလူအားဆို၏။ ၄၈ဖိလိတ္တိလူသည်ထ၍ ဒါဝိဒ်နှင့် တွေ‹ခြင်းငှာ ချဉ်းလာသောအခါ၊ ဒါဝိဒ်သည်လည်း ဖိလိတ္တိလူနှင့်တွေ‹ခြင်းငှာ ဗိုလ်ခြေရှိရာသို‹ အလျင်အမြန်ပြေးပြီးမှ၊ ၄၉လွယ်အိတ်ထဲကကျောက်တလုံးကိုနှိုက်ယူ၍ လွှဲပစ်၏။ ဖိလိတ္တိလူ၏ နဖူးကိုမှန်၍ နဖူးပေါက်သဖြင့်သူသည် မြေပေါ်မှာ ငိုက်စိုက်လဲလေ၏။ ၅ဝထိုသို‹ ဒါဝိဒ်သည် လောက်လွှဲနှင့် ကျောက်တလုံးအားဖြင့် နိုင်လျက် ထိခိုက်၍သတ်လေ၏။ ၅၁ထိုအခါ ဒါဝိဒ်သည် ထားမပါသောကြောင့် ပြေး၍ ဖိလိတ္တိလူကိုနင်းလျက်၊ သူ၏ထားကို ထားအိမ်မှာနှုတ်ဆွဲပြီးလျှင် လည်ပင်းကိုဖြတ်၍ အပြီးသတ်လေ၏။ ဖိလိတ္တိလူတို‹သည် သူတို‹၏သူရဲသေ ကြောင်းကိုမြင်သောအခါ ပြေးကြ၏။ ၅၂ထိုအခါဣသရေလအမျိုး၊ ယုဒအမျိုးသားတို‹သည် ထ၍ကြွေးကြော်လျက် ချိုင့်တိုင်အောင်၎င်း၊ ဧကြုန်မြို‹တံခါးတိုင်အောင်၎င်း၊ ဖိလိတ္တိလူ တို‹ကို လိုက်ကြ၏။ ထိခိုက်သောဖိလိတ္တိလူတို‹သည် ရှာရိမ်မြို‹လမ်းနားမှစ၍ ဂါသမြို‹၊ ဧကြုန်မြို‹တိုင်အောင် လဲကြ၏။ ၅၃ဣသရေလအမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာ၍ သူတို့တဲများကို လုယူကြ၏။ ၅၄ဒါဝိဒ်သည် ဖိလိတ္တိလူ၏ဦးခေါင်းကိုယူ၍ ယေရုရှလင်မြို‹သို‹ဆောင်သွား၏ သူ၏လက်နက်များကို မိမိတဲ၌ထား၏။

၅၅ဒါဝိဒ်သည် ဖိလိတ္တိလူကို တိုက်ခြင်းငှာထွက်သွားသည်ကို ရှောလုသည်မြင်လျှင်၊ ထိုလုလင်ကားအဘယ် သူ၏သားဖြစ်သနည်းဟု ဗိုလ်ချုပ်မင်းအာဗနာကိုမေး၏ အာဗနာကလည်း၊ အရှင်မင်းကြီးအသက်တော်ရှင်သည် အတိုင်းကíန်တော်မသိပါဟုလျှောက်လျှင်၊ ၅၆ရှင်ဘုရင်က၊ ထိုလုလင်သည် အဘယ်သူ၏သားဖြစ်လိမ့်မည်ကို မေးစစ်လော့ဟု မိန်‹တော်မူ၏။ ၅၇ဒါဝိဒ်သည် ဖိလိတ္တိလူကိုသတ်ပြီးမှ သူ၏ဦးခေါင်းကိုကိုင်လျက် ပြန်လာသောအခါ အာဗနာသည်ခေါ်၍ ရှောလုထံသို‹ ဆောင်သွားပြီးလျှင်၊ ၅၈ရှောလုက၊ အချင်းလုလင်၊ သင်သည်အဘယ်သူ၏သား ဖြစ်သနည်းဟုမေးတော်မူ၏။ ဒါဝိဒ်ကလည်း၊ ကíန်တော်သည် ကိုယ်တော်ကíန်၊ ဗက်လင်မြို‹သား ယေရှဲ၏ သားဖြစ်ပါ သည်ဟုလျှောက်လေ၏။