၁ရာ အခန်းကြီး (၁၉)


၁ထို‹ကြောင့် ရှောလုသည်ဒါဝိဒ်ကို သတ်စေခြင်းငှာ၊ သားတော်ယောနသန်နှင့် မိမိကíန်အပေါင်းတို‹ကို မှာထားလေ၏။ ၂သားတော်ယောနသန်သည် ဒါဝိဒ်ကိုအလွန်ချစ်၍၊ ငါ့အဘရှောလုသည် သင့်ကိုသတ်ခြင်းငှာ ရှာကြံ၏။ သို‹ဖြစ်၍ နံနက်တိုင်အောင် ကိုယ်ကိုသတိပြုသဖြင့် ဆိတ်ကွယ်ရာ အရပ်၌ ပုန်းရှောင်၍နေပါလော့။ ၃ငါ့ထွက်၍ သင်ရှိရာတော၌ ငါ့အဘထံ ခစားလျက်။ သင့်အမှု၌စကားပြောမည်။ တွေ‹မြင့်သမျှကို သင့်အား ငါပြန်ကြားမည်ဟု ဒါဝိဒ်အား ပြောဆို၏။ ၄ယောနသန်သည် အဘရှောလုထံ၌၊ ဒါဝိဒ်ဘက်မှာပြော၍၊ ရှင်ဘုရင်သည် ကíန်တော်ဒါဝိဒ်ကို မပြစ်မှားပါစေနှင့်။ သူသည် ကိုယ်တော်ကို မပြစ်မှားပါ။  ကိုယ်တော်၌ အလွန်ကျေးဇူးပြုပါပြီ။ ၅မိမိအသက်ကိုမနှမြောဘဲ ဖိလိတ္တိလူကိုသတ်၍ ထာဝရဘုရားသည် ဣသရေလအမျိုး တမျိုးလုံးအဘို‹ ကြီးစွာသော ကယ်တင်ခြင်းကျေးဇူး ကိုပြုတော်မူ၏။ ကိုယ်တော်သည် မြင်၍ ဝမ်းမြောက်ပါ၏။ သို‹ဖြစ်၍ အကြောင်းမရှိဘဲ ဒါဝိဒ်ကိုသတ်သဖြင့် အဘယ်ကြောင့် အပြစ်မရှိသောသူ၏အသက်ကို သတ်သောအပြစ်သင့် ရောက်စေချင်ပါသနည်းဟု အဘရှောလုအား ဆိုသော်၊ ၆ရှောလုသည် ယောနသန်၏ စကားကို နားထောင်၍၊ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း သူသည် အသေ မခံရဟုကျိန်ဆိုလေ၏။ ၇ယောနသန်သည် ဒါဝိဒ်ကိုခေါ်၍ အကြောင်းရာအလုံးစုံတို‹ကိုပြောပြီးမှ ရှောလုထံသို‹သွင်းပြန်၍ အထံတော်၌ အရင်နေသကဲ့သို‹နေရ၏။

၈တဖန် စစ်မှုပေါ်ပြန်သောအခါ၊ ဒါဝိဒ်ထွက်၍ ဖိလိတ္တိ လူတို‹ကို တိုက်လျက်၊ ကြီးစွာသောလုပ်ကြံခြင်း အားဖြင့် သတ်၍ သူတို‹သည် ပြေးကြ၏။ ၉ရှောလုသည် လှံတိုကို ကိုင်၍ နန်းတော်၌ ထိုင်စဉ်တွင်၊ ထာဝရဘုရားထံတော်မှ ဆိုးသောဝိညာဉ်သက်ရောက်၍ ဒါဝိဒ်သည် စောင်းတီးလျက်နေသောအခါ၊ ၁ဝသူတို‹လှံတိုနှင့် ထရံနားမှာ ထိုးစမ်းသော်လည်း အထံတော်မှ ရှောင်ပြေးသဖြင့် လှံတိုသည်ထရံကို စူးလျက်နေ၏။ ဒါဝိဒ်သည် ပြေး၍ ထိုညဥ့်လွတ်ရ၏။ ၁၁ရှောလုသည် သူ‹ကို စောင့်၍ နံနက်အချိန်၌ သတ်စေခြင်းငှာ သူ‹အိမ်သို‹လူကိုစေလွှတ်လေ၏။ ဒါဝိဒ်မယား မိခါလက၊ သင်သည် ယနေ‹ညမှာ ကိုယ်အသက်ကို မကယ်မလျှင်၊ နက်ဖြန်နေ‹၌ အသေခံရလိမ့်မည်ဟုဆိုလျက်၊ ၁၂ဒါဝိဒ်ကိုပြတင်းပေါက်မှ လျှော့ချ၍သူသည်အလွတ်ထွက်ပြေးလေ၏။ ၁၃မိခါလသည်လည်း၊ တေရပ်ရုပ်တုကိုယူ၍ ခုတင်ပေါ်မှာထားပြီးလျှင်၊ ဆိတ်မွေးဖြင့်ရက်သောကုလားကာနှင့် ခေါင်းရင်းရှေ‹၌ ကာ၍ စောင်နှင့်ခြုံလေ၏။ ၁၄ဒါဝိဒ်ကို ဘမ်းဆီးစေခြင်းငှာ ရှောလုစေလွှတ်သော လုလင်ရောက် သော အခါ၊ ဒါဝိဒ်နာ၍ နေပါသည်ဟု မယားပြောဆို၏။ ၁၅ရှောလုကလည်း၊ သူ‹ကိုငါသတ်မည်အကြောင်း ခုတင်နှင့်တကွဆောင်ခဲ့ကြဟု ဒါဝိဒ်ကိုအကြည့်အရှုစေလွှတ်၍၊ ၁၆တမန်တို‹သည် ဝင်ကြသောအခါ၊ ဆိတ်မွေးဖြင့် ရက်သော ကုလားကာနှင့်ခေါင်းရင်းရှေ‹၌ကာလျက်၊ ခုတင်ပေါ်မှာ တေရပ်ရုပ်တုရှိပါသည်တကား၊ ၁၇ရှောလုကလည်း၊ ငါ့ကိုလှည့်စား၍ အဘယ်ကြောင့်ငါ့ရန်သူကို လွှတ်လိုက်သနည်း။ ယခုလွတ်အောင်ပြေးပါပြီ တကားဟု မိခါလအားပြောဆိုလျှင်၊  မိခါလက ငါသွားမည်။ သို‹မဟုတ်သင့်ကိုငါသတ်မည်ဟု သူပြောပါသည်ဟု ရှောလုအားပြန်လျှောက်လေ၏။

၁၈ထိုသို‹ ဒါဝိဒ်ပြေး၍ ရှောလုလက်မှလွတ်သဖြင့်၊ ရှမွေလရှိရာ ရာမမြို‹သို‹ ရောက်လေ။ ရှောလုပြုလေသမျှ တို‹ကို ပြန်ကြားပြီးမှ၊ ရှမွေလသည် သွား၍နာယုတ်ရွာမှာနေ၏။ ၁၉ဒါဝိဒ်သည် ရာမမြို့နယ်၊ နာယုတ်ရွာမှာ ရှိကြောင်းကို ရှောလုသည်ကြား၍၊ ၂ဝဒါဝိဒ်ကိုဘမ်းဆီးစေခြင်းငှာ စေလွှတ်ပြန်၏။ ပရောဖက်အပေါင်းအသင်း တို‹သည် ပရောဖက်ပြုလျက်၊ ရှမွေလစီရင်လျက် နေသည်ကို တမန်တို‹သည် တွေ‹မြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှောလု၏တမန်တို‹အပေါ်မှာ သက်ရောက်၍၊ သူတို‹သည်လည်း ပရောဖက်ပြုရကြ၏။ ၂၁ထိုသိတင်းကို ရှောလုသည်ကြားလျှင်အခြားသောသူတို‹ကို စေလွှတ်၍၊ သူတို‹သည်လည်းပရောဖက်ပြုရကြ၏။ တတိယအကြိမ်ရှောလုသည် စေလွှတ်၍ထို‹အတူပြုရကြ၏။ ၂၂ထိုအခါ ကိုယ်တိုင်ရာမမြို‹သို‹သွား၍၊ စေခုရွာ၌ ရှိသော ရေတွင်းကြီးသို‹ ရောက်သော်၊ ရှမွေလနှင့် ဒါဝိဒ်တို‹သည် အဘယ်မှာရှိသနည်းဟုမေးလျှင်၊ ရာမမြို‹နယ်၊ နာယုတ်ရွာမှာ ရှိပါသည်ဟုကြားလျှောက်လေသော်၊ ၂၃ထိုအရပ်သို‹သွား၍၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ‹အပေါ်မှာ သက်ရောက်သဖြင့်၊ နာယုတ်ရွာတိုင်အောင် ပရောဖက်ပြုလျက် သွားလေ၏။ ၂၄အဝတ်တော် ကိုလည်း ချွတ်၍၊ ရှမွေလရှေ‹မှာထိုအတူပရောဖက်ပြုလျက်၊ အဝတ်မပါဘဲ တနေ‹နှင့်တညဥ့်လဲလျက်နေ၏။ ထိုကြောင့် ရှောလုသည်လည်း ပရောဖက်တို‹၌ ပါသလောဟု ဆိုလေ့ရှိကြ၏။