၁ရာ အခန်းကြီး (၂၅) 


၁ထိုနောက်ရှမွေလာသေသောအခါ၊ ဣသရေလအမျိုးသားအပေါင်းတို‹သည် စည်းဝေး၍ငိုကြွေးမြည်တမ်း ခြင်းကိုပြုသဖြင့်၊ ရာမမြို‹တွင်သူ၏အိမ်၌သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည်ထ၍ပါရန်တောသို‹သွားလေ၏။ ၂ထိုအခါမောန အရပ်၌နေ၍ကရမေလမြို‹၌ဥစ္စာများသောသူတဦးရှိ၏။ ထိုသူသည်လူကြီးဖြစ်၍ သိုးသုံးထောင်၊ ဆိတ်တထောင်ကို ရတတ်၏။ ကရမေလမြို‹မှာ သိုးမွေးကိုညပ်၍နေ၏၊ ၃ထိုသူ၏အမည်ကားနာဗလ၊ သူ၏မယားအမည်ကား အဘိဂဲလတည်း၊ ထိုမိန်းမသည်ဥဏ်ကောင်း၍အဆင်းလည်းလှ၏။ ယောက်ျားမူကား ခက်ထန်သော သဘောရှိ၏။ ဆိုးသောအမှုကိုလည်းပြုတတ်၏။ ကာလက်အဆွေအမျိုးဖြစ်၏။ ၄နာဗလသည် သိုးမွေးညှပ်၍နေကြောင်းကို ဒါဝိဒ်သည် တော၌ကြားလျှင် ၅လုလင်တကျိပ်တို‹ကိုခေါ်၍ နာဗလရှိရာ ကရမေလမြို‹သို‹သွားကြတော့။ ၆စည်းစိမ်ကြီးသောထိုသူကို ငါ့ကိုယ်စားနှုတ်ဆက်၍ပြောရမည်မှာ၊ ကိုယ်တော်မှစ၍ကိုယ်တော်၏အိမ်၊ ကိုယ်တော်နှင့်ဆိုင်သမျှတို‹၌ ချမ်းသာရှိပါစေသော။ ၇ကိုယ်တော်၌သိုးမွေးညှပ်သော သူများရှိကြောင်းကို အကျွန်ုပ်ကြားပါ၏။ အကျွန်ုပ်တို‹နှင့်အတူနေသော ကိုယ်တော်၏ သိုးထိန်းတို‹ကို အကျွန်ုပ်တို‹သည် မပြစ်မှားပါ။ သူတို‹သည် ကရမေလမြို‹မှနေသော ကာလပတ်လုံး သူတို‹ဥစ္စာတစုံတခုမျှမပျောက်ပါ။ ၈ကိုယ်တော်၏လုလင်တို‹ကို မေးမြန်းပါတော့၊ သူတို‹သည်ပြောကြပါလိမ့်မည်။ ထိုကြောင့်အကျွန်ုပ်၏လုလင်တို‹သည် ရှေ‹တော်၌ မျက်နှာရကြ ပါစေ၊ အကျွန်ုပ်တို‹သည် မင်္ဂလာနေ‹၌ရောက်ပါ၏။ လက်တော်၌ရှိသမျှကို ကိုယ်တော်ကျွန်များ၊ ကိုယ်တော်၏သား ဒါဝဒ်အားသနားတော်မူပါဟု နှုတ်ဆက်ရမည်အကြောင်းမှာထား၍ လွှတ်လိုက်၏။ ၉ဒါဝိဒ်၏လုလင်တို‹သည် နာဗလထံသို‹ရောက်သောအခါ၊ ဒါဝိဒ်မှာထားသမျှသော စကားတို‹ကို ပြန်ပြောပြီးလျှင် တိတ်ဆိတ်စွာနေကြ၏။ ၁ဝနာဗလကလည်း၊ ဒါဝိဒ်ကားအဘယ်သူနည်း၊ ယေရှဲ၏သားကား အဘယ်သူနည်း၊ ယခုကာလ၌ သခင်ကို ပုန်ကန်သောကျွန်များပါတကား၊ ၁၁ငါသည် ငါ့သိုးမွေးကို ညှပ်သောသူတို‹အဘို‹ပြင်ဆင် သောငါ့မုန်‹၊ ငါ့ရေ၊ ငါ့အမဲသားကိုယူ၍ ငါမသိသောလူတို‹အားပေးရမည်လောဟု ဒါဝိဒ်၏လုလင်တို‹အားပြောဆို၏။ ၁၂ဒါဝိဒ်၏ လုလင်တို‹ သည် လှည့်သွား၍ ထိုစကားအလုံးစုံတို‹ကို ဒါဝိဒ်အားပြန်လျှောက်ကြ၏။ ၁၃ဒါဝိဒ်ကလည်း၊ လူတိုင်းမိမိထားကို ခါး၌စည်းစေဟု မိမိလူတို‹အားဆိုလျက် မိမိထားကို စည်းလေ၏။ လူလေးရာတို‹သည် ဒါဝိဒ်နောက်သို‹ လိုက်ကြ၏။ နှစ်ရာတို‹သည် ဥစ္စာပစ္စည်းများကို စောင့်၍နေကြ၏။

၁၄လုလင်တယောက်သည် နာဗလမယားအဘိဂဲလထံသို‹သွား၍၊ ဒါဝိဒ်သည်အကျွန်ုပ်တို‹သခင်ကို နှုတ်ဆက်အံသောငှာ တမန်တို‹ကို တောမှစေလွှတ်၍၊ အကျွန်ုပ်တို‹သခင်သည် သူတို‹ကိုဆဲပါ၏။ ၁၅ထိုသူတို‹သည် ကျွန်တော်တို‹၌ အလွန်ကျေးဇူးပြုပါပြီ။ က္မန်တော်တို‹သည် တောမှာနေ၍ သူတို‹နှင့်ပေါင်းဘော်သောကာလ ပတ်လုံးအရှုံးမခံ၊ ဥစ္စာတစုံတခုမျှ မပျောက်ပါ။ ၁၆ကျွန်တော်တို‹သည်သိုးထိန်း၍ သူတို‹နှင့် ပေါင်းဘော်သောကာလ ပတ်လုံး၊ သူတို‹သည် နေ‹ညဥ့်အစဉ်ကွယ်ကာလျက် နေကြပါ၏။ ၁၇သို‹ဖြစ်၍ သခင်မသည် အဘယ်သို‹ပြုသင့် သည်ကိုကြည့်ရှုဆင်ခြင်ပါတော့။ အကျွန်ုပ်တို‹သခင်နှင့်အိမ်သူ အိမ်သားအပေါင်းတို‹၌ ဘေးပြုမည်ဟုစီရင်ပါပြီ။ သခင်သည် အဓမ္မလူဖြစ်သောကြောင့်၊ အဘယ်သူမျှ မပြောမလျှောက်ဝံ့ပါဟုဆို လေသော်၊ ၁၈အဘိဂဲလသည် မုန်‹လုံး နှစ်ရာ၊ စပျစ်ရည်ဘူးနှစ်လုံး၊ ချက်ပြီးသော သိုးငါးကောင်၊ ပေါက်ပေါက်ငါးဧဖာ၊ စပျစ်သီးခြောက် အပြွတ်တရာ၊ သင်္ဘောသဖန်းသီးပျဉ်အပြားနှစ်ရာတို‹ကို အလျင်အမြန်ယူ၍မြည်းတို‹အပေါ်၌ တင်ပြီးလျှင်၊ ၁၉ငါ့ရှေ‹မှာသွားကြ။ ငါလိုက်မည်ဟု ကျွန်ုပ်တို‹အားဆို၏။ လင်နာဗလကို အလျှင်းမပြော။ ၂ဝမြည်းကိုစီးလျက်သွား၍ တောင်ခြေရင်း၌ဆင်း လှည့်စဉ်တွင်၊ ဒါဝိဒ်နှင့်သူ၏လူတို‹သည် တဘက်တချက်ဆင်းလာ၍ တယောက်နှင့် တယောက် တွေ‹ကြုံကြ၏။ ၂၁ထိုသို‹မတွေ‹မှီဒါဝိဒ်က၊ အကယ်စင်စစ် ထိုသူ၏ဥစ္စာတစုံတခုကိုမျှမပျောက်စေခြင်းငှာ၊ တော၌သူပိုင်သမျှတို‹ကို ငါသည် အချည်းနှီး စောင့်ပါပြီတကား။ ငါကောင်းသောအမှုအတွက်၊ မကောင်းသော အမှုကိုသူပြုပါပြီတကား။ ၂၂နက်ဖြန်မိုဃ်းလင်းသောအခါ၊ နာဗလနှင့်ဆိုင်သောသူအပေါင်းတို‹တွင် ယောက်ျားတစုံ တယောက်ကို ငါချန်ထားလျှင်၊ ထိုမျှမက ထာဝရဘုရားသည် ဒါဝိဒ်၏ရန်သူတို‹အားပြုတော်မူစေသတည်းဟု ဆိုနှင့်ပြီ။ ၂၃အဘိဂဲလသည် ဒါဝိဒ်ကိုမြင်သောအခါ၊ မြည်းပေါ်ကအလျင်အမြန်ဆင်းပြီးလျှင် ဒါဝိဒ်ရှေ‹တွင် မြေပေါမှာ ဦးညွတ်ချ၍၊ ၂၄သူ၏ခြေရင်း၌ဝပ်တွားလျက်၊ ကျွန်မသခင်၊ အပြစ်ရှိသမျှကို ကျွန်မခံပါမည်။ ကိုယ်တော်၏ ကျွန်မသည်နားတော် လျှောက်ရသော အခွင့်ကိုပေးတော်မူပါ။ ၂၅ကိုယ်တော်၏ကျွန်မစကားကို နားညောင်း တော်မူပါ။ ထိုအဓမ္မလူနာဗလကို ကျွန်မသခင်မှတ်တော်မမူမပါနှင့်။ သူ၏အမည်သည် သူ၏သဘောနှင့် ညီညွတ်ပါ၏။ သာ၏အမည်ကားနာဗလ။ သူ၏သဘောကား မိုက်ခြင်းဖြစ်သတည်း။ သခင်စေလွှတ်တော်မူသော လုလင်တို‹ကို ကိုယ်တော်ကျွန်မသည် မမြင်ရပါ။ ၂၆ယခုမှာကျွန်မသခင်၊ ကိုယ်တော်သည် လူအသက်ကို သတ်ခြင်းငှာ မသွားမည်အကြောင်း ကိုယ်လက်နှင့်ကိုယ်မှုကိုစောင့်၍ အပြစ်မပေးမည်အကြောင်း၊ ထာဝရဘုရား ဆီးတာတော်မူသည်ဖြစ်၍၊ ထာဝရဘုရားအသက်တော်ကိုယ်တော် အသက်လည်းရှင်တော်မူသည် အတိုင်း၊ အကျိုးတော်ကိုဖျက်ဆီးလိုသော ကိုယ်တော်၏ရန်သူတို‹သည် နာဗလကဲ့သို‹ဖြစ်ကြပါစေသော။ ၂၇ယခုမှာကိုယ် တော်၏ ကျွန်မသည် သခင့်ထံသို‹ ဆောင်ခဲ့သော လက်ဆောင်ကို ကျွန်မသေခင်နောက်တော်သို‹ လိုက်သော လုလင်တို‹အား ပေးစေတော်မူပါ။ ၂၈ကိုယ်တော်၏ကျွန်မအပြစ်ကို သည်းခံတော်မူပါ။ ကျွန်မသခင်သည် ထာဝရဘုရားဘက်မှာ စစ်တိုက်သောကြောင့်၎င်း၊ တသက်လုံးကိုယ်တော်၌အပြစ်တင်စရာ အခွင့်မရှိသော ကြောင့်၎င်း၊ ထာဝရဘုရားသည်ကျွန်မသခင်အဘို‹ ခိုင်ခံ့မြဲမြံသောအိမ်ကို တည်ဆောက်တော်မူလိမ့်မည်။ ၂၉ကိုယ်တော်၏ အသက်ကို သတ်အံ့သောငှာ လူအချို‹တို‹သည်ထ၍ရှာသော်လည်း၊ ကိုယ်တော်၏ဘုရား သခင်ထာဝရဘုရားသည် ကျွန်မသခင်၏အသက်ကို အသက်ထုပ်၌ နှောင်ဖွဲ‹တော်မူလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို‹အသက်ကိုမူကား၊ လောက်လွှဲထဲကပစ်သကဲ့သို‹ ပစ်တော်မူလိမ့်မည်။ ၃ဝထာဝရဘုရားဂတိ ထားတော်မူ သည်အတိုင်း၊ ကိုယ်တော်၌ ကျေးဇူးပြု၍ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှာ ခန်‹ထားတော်မူသောအခါ၊ ၃၁ကျွန်မ၏သခင်ကိုယ်တော်သည် အကြောင်းမရှိဘဲ လူအသက်ကို သတ်မိသောကြောင့်၎င်း၊ ကိုယ်အမှုကိုစောင့်၍ အပြစ်ဒဏ်ပေးမိသောကြောင့်၎င်း၊ ကျွန်မ၏သခင်ကိုယ်တော်သည် စိတ်ညှိုးငယ်ခြင်း၊ ကိုယ်တိုင်ကိုယ်အပြစ် တင်ခြင်းနှင့် ကင်းလွတ်တော်မူပါစေသော။ ထာဝရဘုရားသည် ကျွန်မ၏သခင်၌ ကျေးဇူးပြုတော်မူပြီးမှ၊ ကိုယ်တော်၏ကျွန်မကို အောက်မေ့တော်မူပါဟု လျှောက်လေ၏။ ၃၂ဒါဝိဒ်ကလည်း၊ ယနေ‹ငါနှင့်တွေ‹စေခြင်းငှာ၊ သင့်ကို စေလွတ်တော်မူသောဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ၃၃သင်ပေးသောအကြံလည်း မင်္ဂလာရှိစေသတည်း။ ယနေ‹ငါသည် လူအသက်ကိုသတ်အံ့သောငှာ၊ မသွားရမည် အကြောင်း၊ ကိုယ်လက်နှင့် ကိုယ်အမှုကိုစောင့်၍ အပြစ်ဒစ်မပေးရမည်အကြောင်း ဆီးတားသောသင်သည်လည်း မင်္ဂလာရှိစေသတည်း။ ၃၄အကယ်စင်စစ်သင့်ကို ငါမညှဉ်းဆဲရမည်အကြောင်း၊ ဆီးတားတော်မူသောဣသရေလ အမျိုး၏ ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင်သည်ငါနှင့်တွေ‹ခြင်းငှာအလျင်အမြန် မလာလျှင်၊ အကယ်စင်စစ် နက်ဖြန်မိုဃ်းလင်းသောအခါ၊ နာဗလ၏လူယောက်ျား တစုံတယောက်ကိုမျှ ငါချန်၍မထားဟု အဘိဂဲလအား ပြောဆိုလျက်၊ ၃၅သူဆောင်ခဲ့သောလက်ဆောင်ကို သူ၏လက်မှခံယူ၍၊ သင်သည်နေရာအိမ်သို‹ငြိမ်ဝပ်စွာ သွားလော့။ သင်၏စကားကို ငါနားထောင်ပြီ။ သင်၏မျက်နှာကိုလည်းထောက်၍ နေမည်ဟုဆိုလေ၏။

၃၆အဘိဂဲလသည်လည်း နာဗလထံသို‹ ပြန်သွား၍၊ သူသည်ရှင်ဘုရင်၏ပွဲကဲ့သို‹ ပွဲကိုမိမိအိမ်၌ခံသဖြင့်၊ ယစ်မူး၍ စိတ်ရွင်လန်းလျက်နေသောကြောင့်၊ မိုဃ်းမလင်းမှီ မယားသည် အလျှင်မပြော။ ၃၇မိုဃ်းလင်း၍နာဗလ သောက်သော စပျစ်ရည်အရှိန်ကုန်သောအခါ၊ ထိုအမှုများကို မယားပြောသဖြင့် သူသည် နှလုံးသေ၍ ကျောက်ကဲ့သို‹ဖြစ်၏။ ၃၈ ဆယ်ရက်လောက်လွန်မှ ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် နာဗလသေ၏။ ၃၉နာဗလသေကြောင်းကို ဒါဝိဒ်ကြားသောအခါ၊ ငါခံရသော ကဲ့ရဲ့ခြင်းအမှုကိုစောင့်၍ နာဗလလက်မှ နှုတ်တော်မူ၍၊ ကိုယ်တော်ကျွန်ကို ဒုစရိုက်နှင့် ကင်းလွတ်စေတော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် နာဗလပြုသောဒုစရိုက်ကို သူ‹ခေါင်းပေါ်သို‹ ပြန်ရောက်စေတော်မူပြီဟုဆို၏။ တဖန်လူကို စေလွှတ်၍ အဘိဂဲလနှင့် လက်ထပ်ခြင်းငှာ နှုတ်ဆက်လေ၏။ ၄ဝဒါဝိဒ်၏ကျွန်တို‹သည် အဘိဂဲလရှိရာ မရမေလမြို‹သို‹ ရောက်သောအခါ၊ ဒါဝိဒ်သည်သခင်မနှင့် လက်ထပ်ခြင်းငှာ ကျွန်တော်တို‹ကို စေလွှတ်ပါပြီဟု ပြောဆိုလျှင်၊ ၄၁အဘိဂဲလသည် ထ၍ မြေပေါ်မှာပြပ်ဝပ်လျက်၊ ကျွန်မသည် ကျွန်မသခင်၏ကျွန်တို‹ခြေကို ဆေးသော ကျွန်မိန်းမဖြစ်ပါစေဟု ဆိုပြီးမှ၊ ၄၂အလျင်အမြန်ထ၍ မိမိနောက်လိုက် ကျွန်မငါးယောက်ပါလျက် မြည်းစီးသဖြင့်၊ ဒါဝိဒ်စေလွှတ်သောလူတို‹နှင့် တကွလိုက်၍ ဒါဝိဒ်၏ခင်ပွန်းဖြစ်လေ၏။ ၄၃ဒါဝိဒ်သည် ယေဇရေလမြို‹သူ အဟိနောင်ကိုလည်းသိမ်း၍ ထိုမိန်းမနှစ်ယောက်တို‹သည် သူ၏ခင်ပွန်းဖြစ်ကြ၏။ ၄၄ရှောလုသည် မိမိသမီးဖြစ်သောဒါဝိဒ်၏မယားမိခါလကို၊ ဂလ္လိမ်မြို‹သားဖြစ်သော လဲရှ၏သားဖာလတိအား ပေးစားနှင့်ပြီ။