၁ရာ အခန်းကြီး (၂၆)


၁တဖန် ဇိဖယားတို‹သည်ရှောလုရှိရာ ဂိဗာမြို‹သို‹လာ၍၊ ဒါဝိဒ်သည် ယေရှိမုန်မြို‹ရှေ‹မှာ ဟခိလတောင်၌ ပုန်းရှောင်၍ နေပါသည် မဟုတ်လောဟုလျှောက်လျှင်၊ ၂ရှောလုသည်ထ၍ရွေးကောက်သော ဣသရေလလူ သုံးထောင်ပါလျက်၊ ဇိဖတော၌ ဒါဝိဒ်ကိုရှာခြင်းငှါသွားလေ၏။ ၃ရှောလုသည်ယေရှိမုန်‹မြို‹ရှေ‹၊ ဟခိလတောင်ပေါ် လမ်းနားမှာတပ်ချ၏။ ဒါဝိဒ်သည် တော၌နေ၍ ရှောလုလိုက်ရှာကြောင်းကို သိမြင်သောအခါ၊ ၄သူလျှိုတို‹ကို စေလွှတ်၍ ရှောလုရောက်ကြောင်းကို အတပ်သိ၏။ ၅ထိုအခါ ဒါဝိဒ်သည် ထသွား၍၊ ရှောလုတပ်ချရာ အရပ်သို‹ရောက်သဖြင့်၊ ရှောလုနှင့် ဗိုလ်ချုပ်မင်း နေရ၏သားအာဗနာ အိပ်ရာအရပ်ကို ကြည့်ရှုလေ၏။ ရှောလုသည် ရထားတပ် အလယ်၌ အိပ်လျက်၊ တပ်သားတို‹သည် ပတ်လည်၌နေရာကျကြ၏။ ၆ဒါဝိဒ်ကလည်း၊ ရှောလုရှိရာတပ်သို‹ ငါနှင့်အတူ အဘယ်သူလိုက်မည်နည်းဟု ဟိတ္တိအမျိုးသား အဟိမလက်နှင့် ဇေရုယာ၏ သားယွာဘညီအဘိရှဲတို‹ကို မေးလျှင်၊ အဘိရှဲက ကျွန်တော်လိုက်ပါမည်ဟုလျှောက်သည်အတိုင်း၊ ၇ဒါဝိဒ်နှင့်အဘိရှဲ တို‹သည် ညဥ့်အခါ တပ်သားများရှိရာသို‹သွား၍ ရှောလုသည် ရထားတပ်အလယ်၌ အိပ်ပျော်လျက်၊ လှံတော်သည် ခေါင်းရင်အနား မြေ၌စိုက်လျက်၊ အာဗနာနှင့် တပ်သားများတို‹သည် ပတ်လည်၌ အိပ်လျက် ရှိကြ၏။ ၈အဘိရှဲကလည်း ဘုရားသခင်သည် ကိုယ်တော်၏ရန်သူကို ကိုယ်တော်လက်၌ ယနေ‹အပ်တော်မူပြီ။ ထိုကြောင့်ကျွန်တော်သည် မြေတိုင်အောင်လှံနှင့်တချက်တည်းထိုးပါရစေဟု ကျွန်တော်တောင်းပန်ပါ၏။ နှစ်ချက်တိုင်အောင် မထိုးပါဟု ဒါဝိဒ်ကို လျှောက်သော်လည်း၊ ၉ဒါဝိဒ်ကသူ‹ကိုမပြုနှင့်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသောသူကိုအဘယ်သူ အပြစ်လွှတ်လျက်ထိခိုက်နိုင်သနည်းဟု အဘိရှဲအားပြန်ဆို၏။ ၁ဝတဖန်ဒါဝိဒ်က၊ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ ဒဏ်ခတ်တော်မူမည်။ သို‹မဟုတ် သူသေချိန်ရောက်လိမ့်မည်။ သို‹မဟုတ် စစ်တိုက်ရာ၌ အသက်ဆုံးလိမ့်မည်။ ၁၁ထာဝရဘုရားပေးတော်မူသောဘိသိက်ခံသူကို ငါမထိခိုက်မည် အကြောင်း ထာဝရဘုရားဆီးတားတော်မူပါစေသော။ သို‹ရာတွင် ခေါင်းရင်းတော်နားမှာ ရှိသောလှံတော်နှင့် ရေဘူးကို ယူ၍သွားကြကုန်အံ့ဟုဆိုလျက်၊ ၁၂လှံတော်နှင့် ရေဘူးကိုရှောလုခေါင်းရင်းနားကယူ၍သွားကြ၏။ အဘယ်သူမျှ မသိမမြင်၊ အဘယ်သူမျှမနိုး၊ ကြီးစွာသောအိပ်ခြင်းဖြင့် ထာဝရဘုရားအိပ်စေတော်မူသောကြောင့်၊ ထိုသူအပေါင်းတို‹သည် အိပ်ပျော်ကြ၏။ ၁၃ထိုအခါ ဒါဝိဒ်သည် ကျယ်သောချိုင့်တဘက်သို‹ကူး၍၊ ဝေးသော တောင်ထိပ် အပေါ်မှာရပ်လျက်၊ ၁၄အိုအာဗနာ၊ သင်သည် မထူးသလောဟု လူများနှင့်နေရသား အာဗနာကို ဟစ်လေ၏။ အာဗနာက၊ ရှင်ဘုရင်ကို ဟစ်သောသင်ကားအဘယ်သူနည်းဟု ပြန်၍မေးလျှင်၊ ၁၅ဒါဝိဒ်က၊ သင်သည် ယောက်ျားမဟုတ်လော။ ဣသရေလအမျိုး၌ သင်နှင့်အဘယ်သူတူသနည်း။ သို‹ဖြစ်၍ သင်၏သခင် ရှင်ဘုရင်ကို အဘယ်ကြောင့်မစောင့်သနည်း။ သင်၏သခင်ရှင်ဘုရင်ကိုသတ်အံ့သောငှာ လူတယောက်ဝင်လေပြီ။ ၁၆သင်ပြုသောအမှုသည် မလျောက်ပတ်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သင်၏သခင်ကို မစောင့်သော ကြောင့်၊ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်းသင်သည်အသေခံထိုက်ပေ၏။ ခေါင်းရင်းတော်နားမှာ ထားသောရှင်ဘုရင်၏လှံတော်နှင့်ရေဘူးတော်ရှိသည်မရှိသည်ကိုကြည့်ရှုလော့ဟု အာဗနာအား ပြောဆို၏။ ၁၇ရှောလုသည် ဒါဝိဒ်စကားသံကိုသိ၍ ငါ့သားဒါဝိဒ်၊ ငါကြားသောစကားသံသည် သင့်စကားသံလောဟုမေးလျှင် ဒါဝိဒ်က ကျွန်တော်စကားသံမှန်ပါ၏။ ကျွန်တော်သခင် အရှင်မင်းကြီးဟု လျှေက်လေ၏။ ၁၈ဒါဝိဒ်က၊ သခင်သည် ကိုယ်တော်ကျွန်ကို အဘယ်ကြောင့်ဤသို‹လိုက်၍ရှာတော်မူသနည်း။ ကျွန်တော်သည် အဘယ်သို‹ပြုပါသနည်း။ ကျွန်တော်၌ အဘယ်သို‹အပြစ်ရှိပါသနည်း။ ၁၉ယခုမှာ ကျွန်တော်သခင်ရှင်ဘုရင်၊ ကိုယ်တော်ကျွန်စကားကို နားညောင်းတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်ကို ကျွန်တော်တဘက်၌ နှိုးဆော်တော်မူသည်မှန်လျှင်၊ ယဇ်ပူဇော်ခြင်းကို လက်ခံတော်မူပါစေသော။ သို‹မဟုတ် လူသားတို‹သည် နှိုးဆော်သည်မှန်လျှင်၊ ထာဝရဘုရား ရှေ‹တော်၌ ကျိန်ခြင်းကိုခံကြပါစေသော။ အကြောင်းမူကား၊ သူတို‹က သွားတော့။ အခြားတပါးသောဘုရားတို‹ကို ဝတ်ပြုတော့ဟုဆိုလျက် ကျွန်တော်ကို ထာဝရဘုရား၏အမွေတော်မြေ၌ မနေစေခြင်းငှာယနေ‹ပင် နှင်ထုတ်ကြ ပါသည်တကား။ ၂ဝသို‹ဖြစ်၍ ကျွန်တော်အသွေးသည် ထာဝရဘုရားရှေ‹တော်၌ မြေသို‹မကျပါစေနှင့်။ အကြောင်းမူကား၊ လူသည်ငုံးကိုတောင်ပေါ်မှာလိုက်၍ရှာသကဲ့သို‹ဣသရေလရှင်ဘုရင်သည် ခွေးလှေးကိုရှာခြင်း ငှာ ထွက်တော်မူပါပြီတကားဟုလျှောက်ဆို၏။ ၂၁ရှောလုကလည်း ငါပြစ်မှားပါပြီ၊ ငါ့သားဒါဝိဒ်ပြန်လာပါ။ သင်သည်ယနေ‹ငါ့အသက်ကို နှမြောသောကြောင့်၊ နောက်တဖန်သင့်ကို ငါမညှဉ်းဆဲ။ ငါသည် လူမိုက်ဖြစ်၏။ အလွန်မှားယွင်းပြီဟုဆိုသော်၊ ၂၂ဒါဝိဒ်၊ ရှင်ဘုရင်လှံတော်ရှိပါ၏။ လုလင်တယောက်လာ၍ယူစေတော်မူပါ။ ၂၃လူအသီးအသီးတို‹သည် ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်းရှိသည်အတိုင်း၊ ထာဝရဘုရားသည် အကျိုးကိုဆပ်ပေး တော်မူပါစေသော။ ထာဝရဘုရားသည် ယနေ‹ကိုယ်တော်ကို ကျွန်တော်လက်၌အပ်တော်မူသော်လည်း ထာဝရဘုရား ပေးတော်မူသောဘိသိက်ခံသူကို ကျွန်တော်မထိမခိုပါ။ ၂၄ယနေ‹ကိုယ်တော်အသက်ကို ကျွန်တော်နှမြော သည်နည်းတူ ကျွန်တော်အသက်ကို ထာဝရဘုရားနှမြော၍ ကျွန်တော်ကို ခပ်သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူပါစေသောဟု ပြန်လျှောက်လျှင်၊ ၂၅ရှောလုက၊ ငါ့သားဒါဝိဒ်၊ သင်သည် မင်္ဂလာရှိပါစေသော။ ပြုလေရာရာ၌ အောင်မြင်ပါစေသောဟု ဒါဝိဒ်အား ဆိုပြီးမှ ဒါဝိဒ်သည် ထွက်သွား၍ ရှောလုသည်လည်း မိမိနေရာသို‹ ပြန်လေ၏။