၁ရာ အခန်းကြီး (၃၀)


၁သုံးရက်လွန်၍ ဒါဝိဒ်နှင့်သူ၏ လူတို‹သည်ဇိကလတ်မြို‹သို‹ ရောက်သောအခါ၊ အာမလက်လူတို‹သည် တောင်ပြည်နှင့် ဇိကလတ်မြို‹ကို တိုက်သဖြင့်၊ ဇိကလတ်မြို‹ကို လုပ်ကြံ၍ မီးရှို‹နှင့်ကြပြီ။ ၂မြို‹၌ရှိသော မိန်းမအကြီးအငယ် တယောက်ကိုမျှမသတ်၊ ရှိသမျှတို‹ကို သိမ်းသွားနှင့်ကြပြီ။ ၃သို‹ဖြစ်၍ ဒါဝိဒ်နှင့်သူ၏ လူတို‹သည် မြို‹သို‹ရောက်သောအခါ၊ မြို‹ကိုမီးရှို‹၍ မယားသားသမီးများကို သိမ်းသွားကြောင်းကိုတွေ‹သဖြင့် ၄ငိုသံကိုလွှင့်၍ အားကုန်သည်အောင် ငိုကြွေးကြ၏။ ၅ဒါဝိဒ်မယားနှစ်ယောက် ယေဇရေလမြို‹သူ အဟိနောင်နှင့် နာဗလမယားက ရေမေလမြို‹သူအဘိဂဲလတို‹သည်လည်းပါသွားကြပြီ။ ၆ဒါဝိဒ်သည်အလွန်စိတ်ငြိုငြင်ဆင်းရဲ၏။ လူများတို‹သည် မိမိတို‹သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကိုကျောက်ခဲနှင့် ပစ်မည်ဟုဆိုကြ၏။ ဒါဝိဒ်မူကားမိမိ ဘုရားသခင် ထာဝရ ဘုရားကို ကိုးစားလျှက်နေ၍၊ ၇သင်တိုင်းတော်ကို ငါ့ထံသို‹ဆောင်ခဲ့ပါလော့ဟု အဟိမလက်၏သား အဗျာသာကိုဆိုလျှင်၊ အဗျာသာသည် သင်တိုင်းတော်ကို ဒါဝိဒ်ထံသို‹ ဆောင်ခဲ့လေ၏။ ၈ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကိုလိုက်ရပါမည်လော။ လိုက်လျှင် မှီနိုင်ပါမည်လောဟု ထာဝရဘုရားကို မေးလျှောက်သော်၊ လိုက်လော့။ ဆက်ဆက်မှီ၍ အလုံးစုံတို‹ကို ရပြန်မည်ဟု မိန်‹တော်မူသည်အတိုင်း၊ ၉ဒါဝိဒ်နှင့် သူ၌ပါသော လူခြောက်ရာတို‹သည် သွား၍ ဗေသော်ချောင်းသို‹ ရောက်သော အခါ၊ အချို‹တို‹သည် ထိုချောင်းနားမှာနေရစ်ကြ၏။ ၁ဝဒါဝိဒ်နှင့်လူလေးရာတို‹သည် လိုက်ကြ၏။ နှစ်ရာတို‹သည် မော၍ ဗေသော်ချောင်းကို မကူးနိုင်ကြသောကြောင့် နေရစ်ကြ၏။ ၁၁လွင်ပြင်၌ အဲဂုတ္တုလူတယောက်ကိုတွေ‹၍ ဒါဝိဒ်ထံသို‹ ဆောင်ခဲ့သဖြင့်၊ မုန်‹ကိုပေး၍ ထိုသူသည်စား၏။ ရေကိုလည်းသောက်စေကြ၏။ ၁၂သင်္ဘောသဖန်းသီး ပျဉ်တဖဲ့၊ စပျစ်သီးနှစ်ပြွတ်ကိုလည်းပေး၍ သူသည် စားသဖြင့် အားပြည့်ပြန်၏။ သုံးရက်ပတ်လုံး မစား မသောက်ဘဲငတ်မွတ်ခဲ့ပြီ။ ၁၃ဒါဝိဒ်ကလည်း၊ သင်သည်အဘယ်သူနှင့်ဆိုင်သနည်း။ အဘယ်အရပ်က လာသနည်း ဟုမေးလျှင်၊ ကျွန်တော်သည်အာမလက်လူထံ၌ ကျွန်ခံရသောအဲဂုတ္တုလူကလေးဖြစ်ပါ၏။ သုံးရက်အထက်ကအနာ ရောက်သောကြောင့် သခင်သည် ပစ်ထားပါ၏။ ၁၄ခေရသိပြည်တောင်ပိုင်း၊ ယုဒပြည်နှင့် ကာလက်ပြည် တောင်ပိုင်းကို တိုက်၍ ဇိကလတ်မြို‹ကိုမီးရှို‹ပါပြီဟုပြောဆို၏။ ၁၅ဒါဝိဒ်ကလည်း၊ ထိုအလုံးအရင်းရှိရာသို‹ လမ်းပြနိုင်သလောဟု မေးလျှင်သူက၊ ကိုယ်တော်သည် ကျွန်တော်ကိုမသတ်၊ သခင့်လက်သို‹မအပ်မည်အကြောင်း ဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုပါတော့။ သို‹ပြုလျှင် ထိုအလုံးအရင်းရှိရာသို‹ လမ်းပြပါမည်ဟုဆိုသည်အတိုင်း၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကိုပြုလေ၏။

၁၆လူကလေးသည် လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို‹သည် ဖိလိတ္တိပြည်နှင့် ယုဒပြည်ထဲက သိမ်းယူသော ဥစ္စာပစ္စည်းများအပေါင်းတို‹ကြောင့် စားသောက်လျက်၊ ကခုန်လျက်မြေတပြင်လုံး၌ အနှံ‹အပြား ရှိကြ၏။ ၁၇ဒါဝိဒ်သည်လည်း ညဦးမှစ၍နက်ဖြန်ညဦးတိုင်အောင် သူတို‹ကိုလုပ်ကြံသဖြင့်၊ ကုကားအုပ်ကိုစီး၍ ပြေးသော လုလင်လေးရာမှတပါး လူတယောက်မျှမလွတ်၊ ၁၈အာမလက် လူတို‹သည် သိမ်းသွားသမျှတို‹ကို ဒါဝိဒ်သည် ရပြန်၍၊ မိမိမယားနှစ်ယောက်ကိုလည်း ကယ်နှုတ်လေ၏။ ၁၉လူအကြီးအငယ်၊ သားသမီး၊ ဥစ္စာပစ္စည်း၊ လုယူသိမ်းသွားသမျှတို‹တွင် တစုံတခုမျှမကျန်၊ အလုံစုံတို‹ကို ဒါဝိဒ်သည်ရပြန်လေ၏။ ၂ဝဒါဝိဒ်သည်လည်း ထိုသိုး နွားများရှေ‹မှ အရင်နှင်သော သိုးနွားအပေါင်းတို‹ကိုလည်း ယူ၍၊ ဤဥစ္စာသည် ဒါဝိဒ်ပိုင်သော လက်ရဥစ္စာ ဖြစ်သည်ဟုဆို၏။

၂၁မော၍ ဒါဝိဒ်နောက်သို‹မလိုက်နိုင်၊ ဗေသော်ချောင်းနားမှာနေရစ်သောလူနှစ်ရာရှိရာသို‹ ဒါဝိဒ်ရောက်၍၊ သူတို‹သည်ဒါဝိဒ်နှင့်သူ၌ပါသောလူတို‹ကို ခရီးဦးကြိုပြုလိုသောငှာ ထွက်လာသဖြင့်၊ ဒါဝိဒ်သည် အနီးသို‹ ရောက်သောအခါ သူတို‹ကိုနှုတ်ဆက်လေ၏။ ၂၂ဒါဝိဒ်နှင့်လိုက်သွားသောသူတို‹တွင် အဓမ္မလူဆိုးများတို‹က၊ ဤသူတို‹သည်ငါတို‹နှင့်မလိုက်သောကြောင့်၊ ငါတို‹ရသောဥစ္စာတို‹တွင် သူတို‹သားမယားမှတပါး အခြားသောဥစ္စာ ကို သူတို‹အားမပေးရ။ ကိုယ်သားမယားကို ယူ၍ထွက်သွားကြစေဟုဆိုကြ၏။ ၂၃ဒါဝိဒ်ကလည်း၊ ငါ့ညီအစ်ကိုတို‹ ငါတို‹ကိုစောင့်မ၍ ငါတို‹ကိုတိုက်လာသောအလုံးအရင်းကို ငါတို‹လက်သို‹ အပ်တော်မူသော ထာဝရဘုရား ပေးသနားတော်မူသောဥစ္စာကိုထိုသို‹မပြုရ။ ၂၄ဤအမှု၌ သင်တို‹စကားကို အဘယ်သူနားထောင်လိမ့်မည်နည်း။ စစ်တိုက်သွားသောသူရသည်အတိုင်း၊ ဥစ္စာကိုစောင့်လျက် နေရစ်သောသူရစေ။ နှစ်ပါးစလုံးတို‹သည် အညီအမျှ ခံစေဟု စီရင်၏။ ၂၅ထိုနေ‹မှစ၍ ယနေ‹တိုင်အောင် ဣသရေလအမျိုး၌ ထိုသို‹သောထုံးစံဖြစ်စေခြင်းငှာ စီရင်ထုံးဖွဲ‹ သတည်း။

၂၆ဒါဝိဒ်သည် ဇိကလတ်မြို‹သို‹ ရောက်သောအခါ၊ လက်ရဥစ္စာအချို‹ကို မိမိအဆွေခင်ပွန်း၊ ယုဒအမျိုး အသက်ကြီးသူတို‹ထံသို‹ပေးလိုက်၍၊ ထာဝရဘုရား၏ရန်သူလက်မှ ရခဲ့သောဥစ္စာထဲက သင်တို‹အဘို‹ လက်ဆောင်ကိုကြည့်လော့ဟုမှာလိုက်၏။ ၂၇ ဗေသလမြို‹၊ တောင်ရာမုတ်မြို‹၊ ယတ္တိယမြို‹၊ ၂၈အာရော်မြို‹၊ ရှိဖမုန်မြို‹၊ ဧရှတမောမြို‹၊ ၂၉ရာခလမြို‹၊ ယေရမေလလူနေရာမြို‹များ၊ ကေနိလူ နေရာမြို‹များ၊ ၃ဝဟောမာမြို‹၊ ခေါရာရှန်မြို‹၊ အာသက်မြို‹၊ ၃၁ဟေဗြုန်မြို‹မှစ၍ ဒါဝိဒ်နှင့်သူ၏လူတို‹သည် တည်းခိုတတ်သောမြို‹ရွာ အရပ်ရပ်သို‹ ပေးလိုက် သတည်း