၆ရာ အခန်းကြီး(၂၅)


၁အာမဇိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော နန်းထိုင်၍၊ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ် စိုးစံ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူ ယုဒ္ဒန်အမည်ရှိ၏။ ၂ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြုသော်လည်း၊ စိတ်နှလုံးမစုံလင်။ ၃အာမဇိသည် မင်းအာဏာတည်သောအခါ၊ ခမည်းတော်မင်းကြီးကို သတ်သော ကျွန်တို့ကိုသတ် လေ၏။ ၄သားအတွက်အဘသည် အသေမခံရ။ အဘအတွက်သားသည် အသေမခံရ။ လူတိုင်းမိမိအပြစ်ကြောင့် အသေခံရ၏ဟု မောရှေပညတ္တိကျမ်းစာ၌ ရေးထားလျက်ရှိသော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက်၍၊ ထိုကျွန်တို့၏ သားများကို မသတ်ဘဲနေ၏။

၅အာမဇိမင်းသည် ယုဒလူတို့ကို စည်းဝေး၍၊ ယုဒလူနှင့် ဗင်္ယာမိန်လူတို့တွင်၊ အဆွေအမျိုးအလိုက် လူတထောင်အုပ်၊ တရာအုပ်တို့ကိုခန့်ထား၏။ အသက်နှစ်ဆယ်လွန်၍၊ လှံနှင့် ဒိုင်းကိုကိုင်တတ်သော စစ်သူရဲကောင်း တို့သည်၊ စာရင်းဝင်သည်အတိုင်း သုံးသိန်းရှိကြ၏။ ၆ခွန်အားကြီးသော ဣသရေလသူရဲတသိန်းကိုလည်း ငွေအခွက်တထောင်နှင့် ငှါး၏။ ၇သို့ရာတွင် ဘုရားသခင်၏ လူတယောက်သည်လာ၍၊ အိုမင်းကြီး၊ ဣသရေလတပ် ကိုမလိုက်စေနှင့်။ ထာဝရဘုရားသည် ဣသရေလလူတည်းဟူသော ဧဖရိမ်အမျိုးသားအပေါင်းတို့နှင့် အတူရှိတော် မမူ။ ၈မင်းကြီးသွားလိုလျှင် သွား၍ စစ်တိုက်ခြင်းငှါ၊ ခိုင်ခံ့သော်လည်း၊ ရန်သူရှေ့မှာ ဘုရားသခင် ရှုံးစေတော်မူမည်။ ဘုရားသခင်သည် မစခြင်းငှါ၎င်း၊ ၉အာမဇိက၊ ဣသရေလတပ်ကိုငှါး၍၊ ငွေအခွက်တထောင်ကို ပေးမိသောကြောင့်၊ အဘယ်သို့ပြုရမည်နည်းဟု ဘုရားသခင်၏ လူကိုမေးမြန်းသော်၊ ဘုရားသခင်၏ လူက၊ ထိုမျှမက ထာဝရဘုရားသည် သာ၍ပေးနိုင်တော်မူသည်ဟု ပြန်ပြော၏။ ၁ဝထိုအခါ အာမဇိသည် ဧဖရိမ်ပြည်မှ ရောက်လာသောစစ်သူရဲတို့ကို ခွဲထား၍ မိမိတို့နေရာသို့ ပြန်သွားစေခြင်းငှါ၊ လွှတ်လိုက်သဖြင့်၊ သူတို့သည် အလွန်အမျက်ထွက်၍၊ ယုဒပြည်သားတို့၌ အငြိုးထားလျက်၊ မိမိတို့နေရာသို့ပြန်သွားကြ၏။ ၁၁အာမဇိသည်လည်း၊ ကိုယ်ကိုခိုင်ခံ့စေ၍၊ ဆားချိုင့်သို့တပင်ချီ သဖြင့်၊ စိရတောင်သား တသောင်းကို လုပ်ကြံလေ၏။ ၁၂ယုဒအမျိုးသားတို့သည် လူတသောင်းကို အရှင်ဘမ်းပြီးလျှင် ကျောက်တောင်ထိပ်သို့ ဆောင်သွား၍၊ ကျိုးပဲ့စေခြင်းငှါ အောက်သို့တွန်းချကြ၏။ ၁၃ဝိုင်း၍တိုက်ရသောအခွင့်ကို အာမဇိမပေး၊ လွှတ်လိုက်သော စစ်သူရဲတို့မူကား၊ ရှမာရိမြို့မှစ၍၊ ဗေသောရုန်မြို့တိုင်အောင်၊ ယုဒမြို့တို့ကို တိုက်သဖြင့်၊ လူသုံးထောင်ကို တိုက်၍ လက်ရဥစ္စာအများကို သိမ်းသွားကြ၏။

၁၄အာမဇိသည် ဧဒုန်အမျိုးသားတို့ကို လုပ်ကြံရာမှ ပြန်လာသောအခါ၊ စိရတောင်သားကိုး ကွယ်သော ဘုရားတို့ကိုဆောင်ခဲ့၍၊ ကိုယ်တိုင်ကိုးကွယ်ရာ ဘုရားဖြစ်စေခြင်းငှါ၊ တည်ထောင်လျက် သူတို့ရှေ့မှာ၊ ဦးည¸တ်ချ၍၊ နံ့သာပေါင်းကိုမီးရှို့လေ၏။ ၁၅ထာဝရဘုရားသည် အာမဇိကိုအမျက်ထွက်၍၊ ပရောဖက်ကိုစေလွှတ်တော်မူသည်ကား၊ မိမိလူတို့ကို ရန်သူလက်မှမကယ်နိုင်သော တပါးအမျိုးသားဘုရား တို့ကို အဘယ်ကြောင့် ဆည်းကပ်သနည်းဟု ပြောဆိုလျှင်၊ ၁၆ရှင်ဘုရင်က သင်သည်တိုင်ပင်မှူးမတ်ဖြစ် သလော။ တိတ်ဆိတ်စွာနေလော့။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟု ဆိုသော်၊ ပရောဖက်က၊ မင်းကြီးသည် ငါပေးသော ကတိစကားကို နားမထောင်ကို ဤအမှုကိုပြုမိသောကြောင့်၊ ဘုရားသခင်သည် မင်းကြီးကိုဖျက်ဆီးမည် ကြံတော်မူသည်ကို ငါသိမြင်သည်ဟု ပြောဆိုပြီးလျှင်၊ တိတ်ဆိတ်စွာနေလေ၏။

၁၇ထိုနောက်၊ အာမဇိသည် တိုင်ပင်ပြီးမှ၊ ဣသရေလရှင်ဘုရင် ယေဟုသားဖြစ်သော ယောခတ်၏ သား ယဟောရှထံသို့ သံတမန်ကို စေလွှတ်၍၊ ငါတို့သည် မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟု မှာလိုက်လျှင်၊ ၁၈ဣသရေလ ရှင်ဘုရင် ယဟောရှက၊ လေဗနုန်ဆူးပင်သည် လေဗနုန်အာရဇ်ပင်ထံသို့ စေလွှတ်၍၊ သင့်သမီးကို င့ါသားနှင့် ပေးစားပါဟု ဆိုစဉ်တွင်၊ လေဗနုန်သားရဲတကောင်သည် လျှောက်သွား၍ ဆူးပင်ကိုနင်းမိ၏။ ၁၉သင်ကငါသည် ဧဒုန်လူတို့ကိုလုပ်ကြံပြီဟု ဆိုလျက်၊ ဝါကြွားချင်သောစိတ် မြင့်လှ၏။ သို့ရာတွင် ကိုယ်နေရာ၌နေလော့။ သင့်ကိုတိုင် နှင့်ယုဒပြည်သည် ဘေးရောက်၍ ဆုံးရှုံးစေခြင်းငှါ၊ အဘယ်ကြောင့် အမှုရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန်၍ မှာလိုက်လေ၏။ ၂ဝထိုစကားကို အာမဇိသည်နားမထောင်။ အကြောင်းမူကား၊ ဧဒုံပြည်ဘုရားတို့ကိုဆည်းကပ် သောကြောင့်၊ ရန်သူလက်သို့ အပ်ခြင်းငှါ၊ ဘုရားသခင် စီရင်တော်မူ၏။ ၂၁ဣသရေလရှင်ဘုရင်သည် စစ်ချီ၍၊ ရှင်ဘုရင် နှင့် ရှင်ဘုရင်နှစ်ပါးတို့သည် ယုဒပြည် ဗက်ရှေမက်မြို့၌ မျက်နှာချင်းဆိုင်မိကြသဖြင့်၊ ၂၂ဣသရေလအမျိုးသား ရှေ့မှာ ယုဒအမျိုးသား ရှုံး၍၊ အသီးအသီးတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။ ၂၃ဣသရေလရှင်ဘုရင် ယဟောရှသည် ယုဒရှင်ဘုရင် အာခဇိသား ဖြစ်သော ယောရှ၏သား အာမဇိကို ဗက်ရှေမက်မြို့မှာ ဘမ်းမိ၍၊ ယေရုရှလင်မြို့သို့သွား ပြီးလျှင်၊ ယေရုရှလင်မြို့ရိုးအတောင်လေးရာကို၊ ဧဖရိမ်တံခါးမှသည် ထောင့်တံခါး တိုင်အောင် ဖြိုဖျက်လေ၏။ ၂၄သြဗဒေဒုံလက်တွင်၊ ဗိမာန်တော်၌ ရှိသမျှသောရွှေငွေမှစ၍၊ တန်ဆာအလုံးစုံနှင့် နန်းတော် ဘဏ္ဍာအလုံးစုံကို၎င်း၊  အာမခံသောသူအချို့တို့ကို၎င်း၊ ယူ၍ရှမာရိမြို့သို့ပြန်သွား၏။

၂၅ဣသရေလရှင်ဘုရင်ယောခတ်သား ယဟောရှသေသောနောက်၊ ယုဒရှင်ဘုရင် ယောရှသား အာမဇိသည် တဆယ်ငါးနှစ် အသက်ရှင်သေး၏။ ၂၆အာမဇိပြုမူသော အမှုအရာကြွင်းမျှအစအဆုံးတို့သည်၊ ယုဒရာဇဝင်နှင့် ဣသရေလရာဇဝင်၌ရေးထားလျက်၏။ ၂၇အာမဇိသည် ထာဝရဘုရား နောက်တော်သို့ လိုက်ရာမှ လွှဲသွားသောနောက်၊ သူ၏တဘက် ယေရုရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင်၊ ထိုမြို့သို့ စေလွှတ်၍ သတ်စေပြီးမှ၊ ၂၈မြင်းပေါ်၌တင်လျက်၊ ယေရုရှလင်မြို့သို့ဆောင်ခဲ့၍၊ ဘိုးဘေးတို့နှင့် အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ကြ၏။