သုတ္တံ အခန်းကြီး(၁၄)


၁ပညာရှိသော မိန်းမသည် မိမိအိမ်ကို တည်ဆောက်တက်၏။ မိုက်သော မိန်းမမူကား၊ ကိုယ်လက်နှင့် ဖြိုဖျက်တက်၏။ ၂ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ထာဝရဘုရားကို ကြောက်ရွံ့တတ်၏။ ကောက်သော လမ်းကို လိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။ ၃မိုက်သောသူ၏ နှုတ်၌ မာနကြိမ်လုံးရှိ၏။ ပညာရှိသောသူ၏ နှုတ် ခမ်းတို့သည် ကယ်တင်သော အမှုကို ပြုတတ်၏။ ၄နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော် လည်း၊ နွားခွန်အားကို သုံး၍များသော စီးပွားကိုတတ်၏။ ၅သစ္စာရှိသော သက်သေသည် မုသာမသုံးတတ်။ သစ္စာ ပျက်သော သက်သေမူကား မုသာကို သုံးတတ်၏။ ၆မထီမဲ့မြင်ပြုသောသူသည် ပညာကိုရှာ၍ မတွေ့ရာ။ ဥာဏ်ရှိ သောသူမူကား၊ ပညာတတ်ကို ရလွယ်၏။ ၇မိုက်သောသူနှင့်တွေ့၍ သူ၏ နှုတ်၌ ပညာအတတ် မရှိသည်ကို သိမြင် လျှင်၊ ထိုသူကို ရှောင်သွားလော့။ ၈ပညာသတိရှိသောသူ၏ ပညာကား၊ ကိုယ်သွားရသောလမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်းမူကား၊ ပရိယာယ်တည်း။ ၉မိုက်သောသူတို့သည် ဒုစရိုက်အပြစ်ကို မထီ လေးစားပြုကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ တစ်ယောက်ကိုတစ်ယောက် ကျေးဇူးပြုကြ၏။ ၁ဝစိတ်နှလုံးသည် မိမိဒုက္ခကိုသိ၏။ စိတ်နှလုံးရွှင်လန်းခြင်း အကြောင်းကိုလည်း သူတပါးမဆိုင်တတ်။  ၁၁မတရားသော သူ၏ အိမ်သည် ပြိုလဲတတ်၏။ ဖြောင့်မတ်သောသူ၏ တဲမူကား ပွင့်လန်းတတ်၏။ ၁၂လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း၊ အဆုံး၌ သေခြင်းသို့ပို့သော လမ်းတမျိုးရှိ၏။ ၁၃လူသည် ရယ်စဉ်အခါပင်၊ ဝမ်းနည်းသောစိတ်သဘောရှိ၏။ ထိုရယ်မော ရွှင်လန်းခြင်းအဆုံး၌လည်း ညိုးငယ်ခြင်းရှိတတ်၏။ ၁၄စိတ်နှလုံးဖောက်ပြန်သောသူဖြစ်စေ၊ သူတော်ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့် ဝလိမ့်မည်။ ၁၅ဥာဏ်တိမ်သောသူသည် သူတပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသော သူမူကား၊ မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။ ၁၆ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား၊ မာနကြီး၍ ရဲရင့်တတ်၏။

၁၇စိတ်တိုသောသူသည် မိုက်စွာသော အမှုကို ပြုတတ်၏။ မကောင်းသောအကြံကို ကြံသောသူကိုလည်း သူတပါးမုန်းလိမ့်မည်။ ၁၈ဥာဏ်တိမ်သူသည် မိုက်ခြင်းကို အမွေခံတတ်၏။ ပညာသတိရှိသောသူမူကား၊ သိပံ္ပသရဖူကို ဆောင်းတတ်၏။ ၁၉လူဆိုးတို့သည် သူတော်ကောင်းရှေ့၌၄င်း၊ မတရားသော သူတို့သည် ဖြောင့်မတ်သောသူ၏ အိမ်တံခါးဝ၌၄င်း ဦးချတတ်ကြ၏။ ၂ဝဆင်းရဲသောသူသည် မိမိအိမ်နီးချင်း မုန်းခြင်းကိုပင် ခံရမည်။ ငွေရတတ်သော သူ၌မူကား၊ များစွာသော အဆွေခင်ပွန်းရှိလိမ့်မည်။ ၂၁မိမိအိမ်နီးနားချင်းကို မထီမဲ့မြင်ပြုသောသူသည် အပြစ်ရှိ၏။ ဆင်းရဲသောသူကို သနားသောသူမူကား၊ မင်္ဂလာရှိ၏။ ၂၂မကောင်းသော အကြံကိုကြံတတ်သောသူတို့သည် မှားယွင်း ကြလိမ့်မည်။ ကျေးဇူးပြုမည်ဟု ကြံတတ်သောသူတို့မူကား၊ ကရုဏာအကျိုးနှင့် သစ္စာအကျိုးကို ခံရကြလိမ့်မည်။ ၂၃ကြိုးစား၍ လုပ်လေရာရာ၌ ကျေးဇူးရှိ၏။ စကားများခြင်းအကျိုးမူကား၊ ဆင်းရဲခြင်းသက်သက်တည်း။ ၂၄ပညာရှိသော သူတို့၏ စည်းစိမ်ဥစ္စာသည် သူတို့ဦးရစ်သရဖူဖြစ်၏။ မိုက်သောသူတို့၏ မိုက်ခြင်းမူကား၊ အမိုက်သက် သက်ဖြစ်၏။ ၂၅မှန်သော သက်သေသည် သူ့အသက်ကို ကယ်တင်တတ်၏။ မမှန်သော သက်သေမူကား၊ မုသာကိုသုံးတတ်၏။ ၂၆ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် အားကြီးသော ကိုးစားရာအခွင့်ကို ဖြစ်စေတတ်၏။ သားတော် တို့သည်လည်း၊ခိုလှုံရာအရပ်ကို ရကြလိမ့်မည်၊၊ ၂၇ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသေခံရာ ကျော့ကွင်းတို့မှ  လွှဲရှောင်ရာအသက် စမ်းရေတွင်းဖြစ်၏။ ၂၈ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ ဘုန်းတော်တည်၏။ ပြည်သားနည်းပါး ရာ၌ကား၊ မင်းအကျိုးနည်းခြင်း ရှိ၏။ ၂၉စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသော သူမူကား၊ အထူးသဖြင့် မိုက်ပေ၏။ ၃ဝကျန်းမာသော နှလုံးသည် ကိုယ်အသက်ရှင်စေသောအကြောင်း။ ငြူစူသော သဘောမူ ကား၊ အရိုးဆွေး မြေ့ခြင်းအကြောင်းဖြစ်၏။ ၃၁ဆင်းရဲသားတို့ကို ညှဉ်းဆဲသောသူသည် ဖန်ဆင်းတော်မူသော ဘုရားကို ကဲ့ရဲ့၏။ ဘုရားကိုရိုသေသောသူမူကား၊ ဆင်းရဲသောသူတို့ကို သနားတက်၏။  ၃၂မတရားသောသူသည် မတရားသဖြင့် ပြုစဉ်အခါ ၊ လှဲခြင်းကို ခံရ၏်။ ဖြောင့်မတ်သောသူမူကား ၊ သေသောအခါ၌ ပင်မြော်လင့်စရာရှိ၏။ ၃၃ဉာဏ်ရှိသော သူ၏နှလုံး၌ ပညာကျိန်းဝပ်တက်၏။ မိုက်သောသူတို့၏ အထဲ၌ရှိသော အရာမူကား၊ ထင်ရှားတတ်၏။ ၃၄ဖြောင်မတ်ခြင်း တရားသည် ပြည်သားတို့ကို မြှောက်တက်၏။ ဒုစရိုက်အပြစ်မူကား၊ ပြည်သားများတို့ကို ရှုတ်ချတက်၏။ ၃၅ပညာရှိသော ကျွန်အားရှင်ဘုရင် သည်ကျေးဇူးပြုတက်၏။ အရှက်ခွဲတက်သော ကျွန်မူကား၊ အမျက်တော်ကိုခံရမည်။