ဒေသနာ အခန်းကြီး(၁၁)


၁သင်၏ အစာကို ရေပေါ်မှ ပစ်ချလော့။ ကာလကြာမြင့်မှ တဖန်တွေ့လေဦးမည်။ ၂လူခုနှစ်ယောက် မက၊ ရှစ်ယောက်တို့အား ဝေမျှလော့။ မြေပေါ်မှာအဘယ်အမှုရောက်မည်ကို သင်မသိ။ ၃မိုဃ်းတိမ်တို့သည် မိုဃ်းရေနှင့်ပြည့် သောအခါ မြေပေါ်မှာရွာတက်၏။ သစ်ပင်သည် တောင်ဘက်သို့လဲသည်ဖြစ်စေ၊ မြောက်ဘက်သို့လဲသည်ဖြစ်စေ၊ လဲသောအရပ်၌ နေရာကျ၏။ ၄လေကို မှတ်တက်သောသူသည် မျိုးစေ့ကို မကြဲ။ မိုဃ်းတိမ်တို့ကို ပမာဏပြုတတ်သော သူသည် လည်းစပါးကိုမရိပ်ရာ။  ၅နံဝိညာဉ်သွားရာလမ်း ကို၎င်း၊ ကိုယ်ဝန်ဆောင်သောမိန်းမဝမ်း၌  အရိုးတို့သည်   အဘယ်သို့ တိုးပွါးသည်ကို၎င်း၊ မသိနိုင်သကဲ့သို့၊ အလုံးစုံတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏ အမှုတော်တို့ကို မသိနိုင်၊၊  ၆နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့၊၊ ညဦးအချိန်၌လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာသည် အကျိုးရှိမည်ကို၎င်း၊ နှစ်ပါးစလုံးတို့သည် အညီအမျှ အကျိုးရှိမည်ကို ၄င်း မသိနိုင်။

၇အကယ်စင်စစ် အလင်းသည် ချို၏။ နေရောင်ခြည် ကိုမြင်၍ ပျော်ပါစရာရှိ၏။ ၈သို့ရာတွင်၊ လူသည် အသက် တာရှည်၍ အစဉ်ရွှင်လန်းသော်လည်း၊ မှောင်မိုက်ကာလကို အောက်မေ့ပါစေ။ ထိုကာလကြာမြင့်လိမ့်မည်။ ဖြစ်လတံ့ သမျှတို့သည် အနတ္တသက်သက် ဖြစ်ကြ၏။ ၉အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့လော့၊ အသက် ပျိုစဉ် ကာလ တွင် စိတ်ရွှင်လန်းခြင်းရှိလော့။ ကိုယ်အလိုရှိရာလမ်းနှင့်၊ ကိုယ်ညာဏ်ပြသောလမ်းကို လိုက်လော့။ သို့ရာတွင်၊ ထိုအမှုအလုံးစုံတို့ကို ဘုရားသခင်စစ်ကြော၍၊ သင့်ကိုအပြစ်ပေးတော်မူမည်ဟု အောက်မေ့လော့။  ၁ဝသို့ဖြစ်၍၊ စိတ်ည‡ိုး ငယ်ခြင်း အကြောင်းနှင့်၊ ကိုယ်ဆင်းရဲခြင်းအကြောင်းကို ပယ်ရှားလော့။ အသက်ငယ်ခြင်းအရာနှင့်  အရွယ်ပျိုခြင်း အရာသည်အနတ္တဖြစ်၏။