ဒေသနာ အခန်းကြီး(၂)


၁တဖန်ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည်ကား၊ လာပါ၊၊ ရွှင်လန်းခြင်းအားဖြင့် သင့်ကို ငါစုံစမ်းမည်၊၊ သို့ဖြစ်၍၊ ကာမဂုဏ်၌ ပျော်မွေ့လော့ဟု ဆိုရာတွင် ထိုအမှုအရာသည်လည်း အနတ္တဖြစ်လေ၏၊၊ ၂ရယ်မောခြင်းကို သင်သည် အရှုးဖြစ်၏ ဟူ၍၄င်း၊ ရွှင်လန်းခြင်းကို အဘယ်ကြောင့် ဤသို့ပြုသနည်း ဟူ၍၄င်း ငါဆိုရ၏၊၊ ၃တဖန်လူသား တို့သည် မိုဃ်းကောင်းကင်အောက်၌၊ တသက်လုံး ပြုသင့်သော အမှုကောင်းကို သိအံ့သောငှါ၊ ပညာတရားကို လေ့ကျင့်လျက်နှင့် စပျစ်ရည်အလိုသို့လိုက်၍ မိုက်သော အကျင့်ဓလေ့၌ ကျင်လည်ခြင်းငှာ၊ ငါကြံစည်၏၊၊ ၄ကြီးကျယ် သောအလုပ်ကို စီရင်၍ အိမ်တို့ကို ဆောက်၏၊၊ စပျစ်ဥယျာဉ်တို့ကိုလည်း စိုက်၏၊၊ ၅ဥယျာဉ်အမျိုးမျိုးကိုပြု စု၍၊ ခပ်သိမ်းသော အသီးမျိုးကို သီးသောအပင်တို့ကိုလည်း စိုက်၏၊၊ ၆သစ်ပင်မျိုးနှင့် ပြည့်စုံသောတောကို ရေလောင်း စရာဘို့ရေကန်တို့ ကိုလည်း လုပ်၏၊၊ ၇ကျွန်ယောက်ျား ကျွန်မမိန်းတို့ကို သိမ်းယူ၍၊ ကျွန်သားပေါက်များလည်း ရှိကြ၏။ ငါ့အရင် ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူအပေါင်းတို့ထက် ငါသည် တိရစ္ဆာန်အကြီးအငယ်တို့နှင့် အလွန်ရတတ်၏။  ၈ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့်ဆိုင်သော ဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်း ငါဆည်းဖူး၏၊၊ အငြိမ့်သမားယောက်ျား မိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့တတ်သော ကြင်လျှာ မိန်းမမောင်းမ မိဿံတို့ကို၎င်း ငါသိမ်းယူ၏၊၊ ၉ထိုသို့ ငါ့အရင် ယေရုရှင်လင်မြို့၌ ဖြစ်ဘူးသော သူအ ပေါင်းတို့ထက် ငါသည် တိုးပွား၍ ကြီးမြင့်ခြင်းသို့ ရောက်၏၊၊ ငါ့ပညာ လည်း တည်လျက်ရှိ၏၊၊ ၁ဝငါ့မျက်စိတပ်မက် လိုချင်သောအရာ တစုံတခုကိုမျှမငြင်း၊ ငါ့စိတ်ရွှင်လန်းစရာ တစုံတခုကိုမျှ မပယ်၊၊ ငါကြိုးစားသမျှတို့၌ ဝမ်းမြောက် လျက်ရှိ၍ ကြိုးစားခြင်းအကျိုးကို ခံရ၏၊၊ ၁၁ထိုအခါ စီရင်ပြုပြင်သမျှ ငါကြိုးစားခြင်းအကျိုးကို ခံရ၏၊၊ ထိုအခါ ငါ့စိတ် ရွှင်လန်းစရာ တစုံတရာကိုမျှ မပယ်၊၊ ငါကြိုးစား သမျှတို့၌ ဝမ်းမြောက်လျက်ရှိ၍ ကြိုးစားခြင်းအကျိုးကို ခံရ၏၊၊ ထိုအခါ ငါစီရင်ပြုပြင်သမျှ ငါကြိုးစားအားထုတ်သမျှ တို့ကို ငါကြည့်ရှု၍ အလုံးစုံတို့သည် အနတ္တအမှု လေကိုကျက် စားသောအမှုဖြစ်ကြ၏၊၊ နေအောက်မှာကောင်းသော အကျိုးတစုံတခုမျှမရှိ၊၊

၁၂တဖန်ငါလှည့်၍ ပညာတရားကို၎င်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကို၎င်း ဆင်ခြင်၏၊၊ ရှင်ဘုရင် နောက် မှာ ဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း၊၊ ပြုဘူးသည်အတိုင်းသာ ပြုနိုင်၏၊၊ ၁၃သို့ရာတွင် အလင်းသည် မှောင်မိုက်ထက်မြတ်သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက် မြတ်သည်ကို ငါ သိမြင်၏၊၊ ၁၄ပညာရှိသောသူ၏မျက်စိတို့သည် သူ၏ ဦးခေါင်း၌ရှိ၏၊၊ မိုက်သောသူမူကား၊ မှောင်မိုက်သော အရပ်၌ ကျင်လည်တတ်၏၊၊ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသောအမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ၏၊၊

၁၅သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည် တွေ့ကြုံလျှင်၊ အဘယ်ကြောင့် သူ့ထက်သာ၍ ပညာရှိသ နည်းဟူ၍၄င်း၊ ဤအမှုအရာသည်လည်း အနတ္တဖြစ်သည်ဟူ၍၄င်း ငါအောက်မေ့၏၊၊ ၁၆ယခုဖြစ်သမျှ အမှုအရာတို့ကို နောင်ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်၊၊ ပညာရှိသောသူသည် မိုက်သောသူ သေသကဲ့သို့ သေတတ်ပါသည်တကား၊၊ ၁၇ထို့ကြောင့် အသက်ရှင်ခြင်းကို ငါငြီးငွေ့၏၊၊ နေအောက်မှာ ပြုရသောမှုသည် ငါ၌ခက်ခဲ၏၊၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသောအမှု ဖြစ်ကြ၏၊၊

၁၈ထိုမှတပါး ငါသည် နေအောက်မှာ ကြိုးစားအားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသော အကြောင်း ဟူမူကား၊ ထိုအမှုကို ငါ့နောက်မှ ဖြစ်လတ္တံသောသူအဘို့ ငါချန်ထားရမည်၊၊ ၁၉ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူပြောနိုင်သနည်း၊၊ ထိုသူသည် ငါကြိုးစားအားထုတ်သမျှ၊ နေအောက်မှာ ငါ့ပညာကို ထင်ရှားပြလေသမျှသော အမှုတို့ကို အစိုးရလိမ့်မည်၊၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏၊၊ ၂ဝထို့ကြောင့်နေအောက်မှာ ငါကြိုးစားအားထုတ်သမျှတို့၌ မြော်လင့်စရာမရှိ၊၊ စိတ်ပျက်အောင်တဖန် ငါကြံ စည်၏၊၊ ၂၁အကြောင်းမူ ကား ပညာရှိလျက် သိပ္ပံအတတ်နှင့် ပြည့်စုံလျက်၊ အမှုအောင်လျက် ကြိုးစားအားထုတ်သောသူဖြစ်သော်လည်း၊ မကြိုးစား၊ အားမထုတ်သောသူ ဝင်စရာဘို့ ထိုအမှု ကို စွန့်ထားရမည်၊၊ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ အလွန်ဆိုးသော အမှုဖြစ်၏၊၊ ၂၂လူသည် နေအောက်မှာ ကြိုးစားအားထုတ်သောအမှု အလွန်စိတ်စွဲလန်းသောအမှု အလုံးစုံတို့၌ အဘယ်အကျိုး ရှိသနည်း၊၊ ၂၃သူ၏ နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏ အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏၊၊ ညဥ့်အခါ၌ပင် သူ၏ စိတ်နှလုံး မငြိမ်ရ၊၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏၊၊ ၂၄စားသောက် ခြင်းငှါ၎င်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံး ပျော်မွေ့ခြင်းငှါ၎င်း၊ လူ၌ကောင်းသောအခွင့်မရှိ၊၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ထိုသို့သောအခွင့်ကို ရနိုင်သည်ဟု ငါသိမြင်၏။ ၂၅ဘုရားသခင်၏အခွင့်မရှိဘဲ အဘယ်သူစားရသနည်း၊၊ အဘယ်သူ ခံစားရသနည်း၊၊ ၂၆ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊ သိပ္ပံအတတ် နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏၊၊ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသောသူအား ပေးစရာဘို့၊ ဆည်းဖူးသိုထားရသောအခွင့်ကို၎င်း ပေးတော်မူ၏၊၊ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကို ကျက်စားသောအမှုဖြစ်၏၊၊