၁ငါနေ၍ မပြောနိုင်ဟုဆိုရသော ကာလသည် မနီး၊ ဆိုးသောကာလမရောက်မှီ၊ ယခုအသက်ပျိုစဉ် အခါပင်၊ သင့်ကိုဖန်ဆင်းတော်မူသော အရှင်ကိုအောက်မေ့လော့။ ၂နေနှင့်အလင်း၊ လနှင့်ကြယ်တို့သည် ကွယ်၍ မိုဃ်းရွာပြီးမှ၊ အထပ်ထပ်ရွာတက်သော ကာလမရောက်မှီအောက်မေ့လော့။ ၃ထိုကာလ၌အိမ်စောင့် တို့သည် တုန်လှုပ်၍၊ ခိုင်ခံ့သောသူတို့သည် အားလျော့ကြလိမ့်မည်။ ဆန်ကြိတ်သောသူတို့သည် နည်းသောကြောင့်ရပ်ကြလိမ့်မည်။ ပြတင်းပေါက်ဖြင့်ကြည့်သော သူတို့သည်အလင်းကွယ်ကြလိမ့်မည်၊၊ ၄ကြိတ်သံလျော့သောအခါ၊ လမ်းနားမှာတံခါးရွက် တို့သည် စေ့လျှက်ရှိလိမ့်မည်။ ငှက်သံကြားသောအခါ၊ စောစောထလိမ့်မည်။ သီချင်းသည်မအပါင်းတို့သည် အသံသေးကြလိမ့်မည်။ ၅ထိုကာလ၌ မြင်ရသောအရာတို့ကိုကြောက်လိမ့်မည်။ လမ်း၌ ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌ မိမိလေးလိမ့်မည်။ အလိုဆန္ဒ လျော့လိမ့်မည်။ အကြောင်းမူကား၊ လူသည်ထာဝရနေရာသို့ သွားဆဲရှိ၍ ငိုခြင်းသည်တို့သည်လမ်းတို့၌လှည့်လည်ကြ၏။ ၆ငွေကြိုးပြုတ်ခြင်း၊ ရွှေဖလားကွဲခြင်း၊ စမ်းရေတွင်း၌ ရေပုံးပေါက်ခြင်း၊ ရေကျင်းနားမှာ စက်ကျိုးခြင်း အခြင်းအရာ တို့သည် ဖြစ်ကြ လိမ့်မည်။ ၇ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့၎င်း ဝိညာဉ်သည် အရင်ပေးသော ဘုရားသခင်ထံ သို့၎င်း ပြန်သွားရလိမ့်မည်။
၈အနတ္တသက်သက် အလုံးစုံတို့သည် အနတ္တဖြစ်ကြလိမ့်မည် ဟုဓမ္မဒေသနာဆရာ ဟောပြော၏။ ၉ဓမ္မဒေသနာဆရာသည် ပညာရှိသည်အတိုင်း၊ ပရိသတ်တို့အား ပညာအတတ်ကို သွန်သင်လေ့ရှိ၏၊၊ လုံ့လဝိရိယ ပြုလျက် များစွာသော သုတ္တံစသားတို့ကို ရှာဖွေ၍ စီရင်၏။ ၁ဝဓမ္မဒေသနာဆရာသည် နားထောင်ဘွယ်သော စကားကိုရှာ၍၊ ရေးထားချက်စကားသည် ဖြောင့်မတ်သောစကား၊ သမ္မာစကားဖြစ်၏။ ၁၁ပညာရှိသသော သူ၏စကားသည်တုတ်ချွန်နှင့်၎င်း၊ တပါးတည်းသောသိုးထိန်းကြီး အပ်းပေတော်မူ၍ ပရိတ်အပ်တို့ရိုက်ထားသော သံချွန်နှင့်၎င်း တူသည်။ ၁၂တဖန်တုံ၊ ငါ့သား၊ ထိုသို့သောစကားဖြင့် ဆုံးမခြင်းကို ခံလော့။ စာများကိုစီရင်၍ မကုန်နိုင်။ စာကိုကြိုးစား၍ ကြည့်ရှုခြင်းအမှုသည၊် ကိုယ်ကိုနှောင့်ရှက်သောအမှု ဖြစ်၏။
၁၃အချုပ်အခြာ စကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍၊ ပညတ်တော်တို့ကိုစောင့်ရှောက် လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သောအမှုဟူကား အလုံးစုံတို့ကို ချုပ်ခြာသတည်း။ ၁၄အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်းသောဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်းမကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူလတံ့သတည်း။
ရှောလမုန်မင်းကြီး စီရင်ရေးထားသော ဒေသနာကျမ်းပြီး၏။