နေဟမိ အခန်းကြီး(၆)


၁ထိုအခါ မြို့တံခါးတို့ကို မထူထောင်သေးသော်လည်း၊ မြို့ရိုးတည်၍ လုံကြောင်းကို သမBာလတ်၊ တောဘိ၊ အာရပ်လူ ဂေရှင်မှစ၍ ကြွင်းသောရန်သူတို့သည် သိတင်းကြားသောအခါ၊ ၂သမBာလတ်နှင့် ဂေရှင်တို့က လာပါ။ သြနောချိုင့်တွင် ခေဖိရိမ်ရွာမှာ တွေ့ကြကုန်အံ့ဟု မကောင်းသောအကြံရှိ၍ ငါ့ကိုမှာလိုက်ကြ၏။ ၃ငါကလည်း၊ ငါသည်ကြီးသောအမှုကိုဆောင်ရွက်ရ သောကြောင့် မဆင်းမလာနိုင်။ ထိုအမှုကိုမဆောင်ရွက်ဘဲ သင်တို့ရှိရာသို့ ဆင်းသွား၍၊ အဘယ်ကြောင့်အမှုပျက်ရမည်နည်းဟု တမန်တို့ကိုစေလွှတ်၍ ပြန်ပြော၏။ ၄ထိုသို့လေးကြိမ်တိုင်အောင် မှာလိုက်၍၊ ငါသည်လည်း ယခင်ကဲ့သို့ပြန်ပြော၏။ ၅နောက်ပဉ္စမအကြိမ်၌ သမBာလတ်သည် ယခင်ကဲ့သို့ မိမိကျွန် ကို စေလွှတ်၍၊ ကျွန်တွင်တံဆိတ်မခတ်သော စာပါ၏။ ၆စာချက်ဟူမူကား၊ သင်နှင့်ယုဒလူတို့ည် ပုန်ကန်မည်အကြံ ရှိသည်ဟု လူအမျိုးမျိုးပြောဆိုကြ၏။ ဂေရှင်လည်း သက်သေခံ၏။ ထိုစကားနှင့်အညီသင်သည် ယုဒရှင်ဘုရင်ဖြစ်လို သောငှါ၊ မြို့ရိုးကိုတည်၏။ ၇ယုဒပြည်၌ ရှင်ဘုရင်ရှိသည်ဟု သင့်ကိုရည်ဆောင်၍ ယေရုရှလင်မြို့၌ ဟောပြောရသော ပရောဖက်တို့ကို သင်ခန့်ထားပြီ။ ထိုစကားအတိုင်း ရှင်ဘုရင်အားကြားလျှောက်ရမည်။ သို့ဖြစ်၍ လာပါ။ တိုင်ပင်ကြကုန်အံ့ဟု စာ၌ပါသတည်း။ ၈ငါကလည်း၊ သင်ပြောသောစကားတခွန်းမျှမမှန်၊ ကိုယ်စိတ်ထဲမှ အချည်းနှီး ထင်တတ်သည် ချည်းဟု  စေလွှတ်၍ပြန်ပြော၏။ ၉အကြောင်းမူကား၊ သူတို့ကထိုအလုပ်ကို လက်စမသတ်နိုင်အောင် သူတို့သည်အားလျော့ကြလိမ့်မည်ဟု ဆိုလျက် ငါတို့ကိုခြိမ်းခြောက်ကြ၏။ သို့ရာတွင် ထိုစကားကြောင့် ငါသာ၍ အားရှိ၏။ ၁ဝထိုအခါ မဟေတဗေလသား ဖြစ်သော ဒေလာယ၏သား ရှေမယသည် ပုန်ရှောင်းလျက် နေသောအိမ်သို့ ငါသွားလျှင်၊ သူကဘုရားသခင်၏ အိမ်တော်အတွင်းခန်းထဲမှာ ငါတို့သည်စုဝေး၍၊ ဗိမာန်တော်တံခါးတို့ကို ပိတ်ထားကြကုန်အံ့။ ကိုယ်တော်ကိုသတ်အံ့သောငှါ လာကြလိမ့်မည်။ ယနေ့ညဥ့်၌ ပင်လာကြလိမ့်မည်ဟု ဆို၏။ ၁၁ငါကလည်း၊ ငါကဲ့သို့သောသူသည် ပြေးရမည်လော။ ငါနှင့်တူသောသူသည် အသက်ချမ်းသာခြင်းငှါ ဗိမာန်တော် ထဲသို့ ဝင်ရမည်လော့။ ငါမဝင်ဟု ပြန်ပြော၏။ ၁၂ထိုသူကို ဘုရားသခင် စေလွှတ်တော်မမူ။ တောဘိနှင့် သမBာလတ် ငှါးသောကြောင့်၊ ထိုသို့ငါ့တဘက်၌ ဟောပြောသည်ကို ငါရိပ်မိ၏။ ၁၃သူတို့သည် ငါ့ကိုကဲ့ရဲ့စရာ အကြောင်းရှိစေလျက်၊ ငါကြောက်၍ ထိုသို့ပြုသဖြင့်၊ ပြစ်မှားစေခြင်းငှါ၊ ထိုသူကိုငှါးကြ၏။ ၁၄အိုအကျွန်ုပ် ဘုရားသခင်၊ ထိုသို့ပြုတတ်သော တောဘိနှင့် သမBာလတ်ကို၎င်း နောဒိအမည်ရှိသော ပရောဖက်မ မှစ၍ အကျွန်ုပ်ကိုခြိမ်းခြောက်သော ပရောဖက် တို့ကို၎င်း မှတ်တော်မူပါ။

၁၅အရက်ငါးဆယ်နှစ်ရက်ကြာမှ ဧလုလလနှစ် ဆယ်ငါးရက်နေ့တွင် မြို့ရိုးကို လက်စသတ်ကြ၏။ ၁၆ထိုသိတင်း ကို ရန်သူတို့သည် ကြား၍၊ ပတ်လည်ဝန်းကျင်၌ နေသောတပါးအမျိုးသားအပေါင်းတို့သည် မြို့ရိုးကိုမြင်သောအခါ၊ ရှက်ကြောက်ခြင်းသို့ရောက်ကြ၏။အကြောင်းမူကား၊ ထိုအမှုသည် ငါတို့၏ဘုရား သခင့် အခွင့်နှင့် ပြီးကြောင်းကို ရိပ်မိကြ၏။

၁၇ထိုကာလတွင်၊ ယုဒမှူးမတ်တို့ဥည် များစွာသော မေတ္တာစာကို တောဘိထံသို့ပေးလိုက်၍၊ တောဘိပြန်ပေးသော စာအများကိုလည်း ရကြ၏။ ၁၈တောဘိသည် အာရာသားရှေကနိ၏ သမက်ဖြစ်သော ကြောင့်၎င်း၊ သူ၏သားယောဟနန်သည် ဗေရခိသား မေရှုလံသမီးနှင့် စုံဘက်သောကြောင့်၎င်း ယုဒလူအများတို့သည် တောဘိထံ၌ သစ္စာကိုခံကြပြီ။ ၁၉သူတို့သည် တောဘိပြုသောအမှုကောင်းတို့ကို ငါ့အားပြန်ပြောကြ၏။ ငါ့စကားကိုလည်း သူ့အားပြန်ပြောကြ၏။ သူသည်လည်းငါကြောက်စေခြင်းငှါ စာပေးလိုက်၏။