ယေဇကျေလ အခန်းကြီး (၁၅)


၁တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ ၂အချင်းလူသား၊ သစ်တော၌ သစ် ခက်သာမညဖြစ်သော စပျစ်နွယ်သားသည် အခြားသော သစ်သားထက်မြက်သောအရာ တစုံတရာ ရှိသလော။ ၃တစုံတခုကို လုပ်အံ့သောငှါ စပျစ်နွယ်သားကို ယူတတ်သလော။ တစုံတခုကို ဆွဲထားစရာ တံစို့ကို စပျစ်နွယ်သားဖြင့် လုပ်တတ်သလော။ ၄ထင်းဘို့ မီးထဲသို့ ချတတ်၏။ မီးသည်လည်း အရင်းအဖျားအလယ်ကို လောင်တတ်၏၊၊ အသုံး ဝင်တတ်သလော၊၊ ၅မီးမလောင်မှီ အသုံးမဝင်လျှင် မီးလောင်၍ ကျွမ်းပြီးမှ အသုံးမဝင်ဟုသာ၍ ဆိုဘွယ်ရှိသည်မဟုတ် လော။ ၆ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ တောသစ်ပင်တွင် မီးမွေးစရာ ဟင်းဘို့ငါအပ်သော စပျစ်နွယ်သားကဲ့သို့ ယေရုရှလင်မြို့သားတို့ကို ငါအပ်မည်။ ၇သူတို့တဘက်၌ ငါသည် မျက်နှာကို ထားမည်။သူတို့သည် မီးတပုံမှ ထွက်၍ တပုံ၌ လောင်လိမ့်မည်။ သူတို့တဘက်၌ ငါသည်မျက်နှာကို ထားသောအခါ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်း သင်တို့ သိရကြလိမ့်မည်။ ၈သူတို့သည် ငါ့ကို အထပ်ထပ် ပြစ်မှားသောကြောင့်၊ ငါသည်သူတို့ပြည်ကို လူဆိတ်ညံ့ရာ အရပ်ဖြစ်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။