ယေဇကျေလ အခန်းကြီး (၁၉)


၁ထိုမှတပါး ဣသရေလမင်းသားတို့အတွက် ငိုကြွေးမြည်တမ်းလျက်၊ ပြောရမည်မှာ၊ ၂သင်၏ အမိကား အဘယ်သူ နည်း၊ ခြင်္သေ့မဖြစ်၏။ ခြင်္သေ့တို့တွင် အိပ်လျက်နေ၍ ခြင်္သေ့ပျိုတို့တွင် မိမိသားတို့ကို ကျွေးမွေး၏။ ၃ကျွေးမွေးသော သားတကောင်သည် ခြင်္သေ့ပျိုဖြစ်၍၊ တောတိရစ္ဆာန်တို့ကို ဘမ်းဆီးခြင်းငှါ၊ သင်၏ လူတို့ကိုလည်း ကိုက်စားတတ်၏။ ၄လူမျိုးတို့သည် ကြား၍ မြေတွင်း၌ ထိုခြင်္သေ့ပျိုကို ဘမ်းပြီးလျှင်၊ သံကြိုးနှင့် ချည်နှောင်၍ အဲဂုတ္တုပြည်သို့ယူသွားကြ၏။ ၅သားဆုံးရှုံးကြောင်းကို အမိသညမြင်၍ စိတ်ပျက်သောအခါ၊ သားတကောင်ကို ယူ၍ ပြန်၍ ခြင်္သေ့ပျို ဖြစ်စေခြင်း ငှါပြုစေသဖြင့်၊ ၆သူသည်လည်း ခြင်္သေ့တို့နှင့် ပေါင်းဘော်၍ ခြင်္သေ့ပျိုဖြစ်လျက်၊ တောတိရစ္ဆာန်တို့ကို ဘမ်းဆီးခြင်းငှါ၊ သင်၏ လူတို့ကိုလည်း ကိုက်စား၏။ ၇ သူတို့မုဆိုးများကို သိ၍၊ သူတို့မြို့များကို သုတ်သင်ပယ်ရှင်းလေ၏။ ဟောက် သောအသံကြောင့် ပြည်နှင့်ပြည်၌ရှိသမျှတို့သည် ဆိတ်ညံလျက် ရှိကြ၏။ ၈ထိုအခါလူမျိုးတို့သည် ကျေးလက်အရပ် ရပ်တို့က တိုက်လာ၍ ပိုက်ကွန်နှင့် ဝိုင်းပြီးလျှင်၊ မြေတွင်း၌ ဘမ်းကြ၏၊ ၉သံကြိုးနှင့် ချည်နှောင်လျက် ဗာဗုလုန်ရှင်ဘုရင် ထံသို့ ဆောင်သွား၍ သူ၏ အသံသည် ဣသရေလ တောင်ပေါ်မှာ နောက်တဖန်မမြည်စေခြင်းငှါ နှောင်အိမ်၌ လှောင် ထားကြ၏။

၁ဝသင်၏အမိသည် သင်နှင့်တူလျက်၊ ရေနားမှာစိုက်သော စပျစ်နွယ်ပင်ကဲ့သို့ဖြစ်၏၊ ရေများသောကြောင့် အခက်အလက်နှင့်ပြည့်စုံ၍၊ များစွာသောအသီးကို သီးတတ်၏။ ၁၁မင်းတို့အသုံးအဆောင် ရာဇလှံတံဘို့ ခိုင်ခံ့သော တံဖျာတို့နှင့် ပြည့်စုံ၏။ ထူထပ်၍ များပြားသော အခက်အလက်တို့နှင့်  အရပ်မြင့်၍ ထင်ရှားလေ၏။ ၁၂သို့ရာ တွင် ဒေါသအရှိန်အားဖြင့် နှုတ်၍ မြေပေါ်မှာ လှဲချလေပြီ၊၊ အရှေ့လေသည် တိုက်၍ အသီးကို ပိန်ခြောက်စေ၏။ ခိုင်ခံ့သော တံဖျာတို့သည် ကျိုး၍ သွေ့ခြောက်သဖြင့်၊ မီးလောင်ခြင်းကို ခံရကြပြီ။ ၁၃ ယခုမူကား ရေမရှိ၊၊ သွေ့ခြောက်သော လွင်ပြင်အရပ်၌ စိုက်လျက်ရှိ၏၊ ၁၄ အခက်အလက်တံဖျာတခုထဲက မီးထွက်၍ အသီးကို ကျွမ်းလောင်ပြီ။ အစိုးရသော ရာဇလှံတံအဘို့၊ ခိုင်ခံသော တံဖျာတစုံ တခုမျှ မကျန်ကြွင်း။ ဤရွေ့ကား ငိုကြွေးမြည်တမ်း ခြင်းအကြောင်းဖြစ်၏။ ငိုကြွေးမြည်တမ်းစရာ အကြောင်းလည်း ဖြစ်လိမ့်မည်။