ယေဇကျေလ အခန်းကြီး (၃)


၁တဖန် အချင်းလူသား၊ သင်တွေ့သောအရာကိုစားလော့၊ ဤစာလိပ်ကိုစားပြီးလျှင်၊ ဣသရေလ အမျိုးသားတို့ ရှိရာသို့သွား၍ ငါ့စကားကိုဟောပြောလော့ ၂ဟုမိန့်တော်မူသည့်အတိုင်း၊ ငါသည်ပါးစပ်ကိုဖွင့်စဉ် ၃ထိုစာလိပ်ကိုခွံ့တော်မူလျှက်၊ အချင်းလူသား၊ ငါပေးသောဤစာလိပ်ကိုစား၍ ဝမ်းပြည့်စေလော့ဟု မိန့်တော်မူသည့် အတိုင်း၊ ငါသည်စား၍ပစပ်၌ပျားရည်ကဲ့သို့ချို၏၊၊

၎တဖန်၊အချင်းလူသား၊ ဣသရေလ အမျိုးသားတို့ရှိရာသို့သွား၍ငါ့စကားကိုဟောပြောလော့။၅သင်မသိ မကျွမ်း ၊ နားလည်ခဲသော စကားကို ပြောတတ်သော လူမျိုးရှိရာသို့ သင့်ကို ငါစေလွှတ်သည်မဟုတ်၊၊ ဣသရေလ အမျိုးရှိရာသို့ စေလွှတ်၏။ ၆သင်မသိမကျွမ်း နားလည်ခဲသောစကား၊ အလျှင်းနားမလည်နိုင်သောစကားကို ပြော တတ်သော လူအမျိုးမျိုးတို့ ရှိရာသို့ စေလွှတ်သည်မဟုတ်။ အကယ်၍ ထိုသို့သော သူတို့ရှိရာသို့စေလွှတ်လျှင်၊သင့်စကားကို နားထောင်ကြလိမ့်မည်၊၊ ၇ဣသရေလအမျိုးတို့မူကား၊ သင့်စကားကို နားမထောင်ကြ။ ငါ့စကားကိုပင် နားမထောင်ကြ၊၊ ဣသရေလအမျိုးအပေါင်းတို့သည် ခိုင်မာသော နဖူးနှင့် ခိုင်မာသော နှလုံးရှိကြ၏။ ၈သို့ရာတွင် သူတို့မျက်နှာ တဘက်၌ သင်၏ မျက်နှာကို၎င်း၊ သူတို့ နဖူးတဘက်၌သင်၏ နဖူးကို၎င်း ငါခိုင်ခံ့စေပြီ။ ၉သင်၏နဖူးကို ကျောက်ထက်မက စိန်ထက်သာ၍ ခိုင်မာစေပြီ။ သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သင်သည် မကြောက် နှင့်၊၊ သူတို့မျက်နှာရည်ကြောင့် သင်စိတ်မပျက်နှင့်ဟု မိန့်တော်မူ၏။

၁ဝတဖန်  အချင်းလူသား၊ သင့်အား ငါပြောလတံ့သမျှသော စကားတို့ကို နားထောင်၍ နှလုံးသွင်းလော့။ ၁၁သိမ်းသွင်းခြင်းကို ခံရသော သင်၏ အမျိုးသားချင်းတို့ရှိရာသို့သွား၍ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု သူတို့သည် နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ ဟောပြောလော့ဟု မိန့်တော်မူ၏။

၁၂ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီ၍ ထာဝရဘုရားကျိန်းဝပ်တော်မူရာ အရပ် ဘုန်းတော်သည် မင်္ဂလာ ရှိစေသတည်းဟု ငါနောက်၌ ကြီးစွာသော လှုပ်ရှားခြင်းအသံကို ငါကြား၏။ ၁၃တခုနှင့်တခု စပ်လျက်ရှိသော သတ္တ ဝါတို့၏ အတောင်မြည်သံကို၎င်း၊ သူတို့အနားမှာ ဘီးများမြည်သံကို၎င်း၊ ကြီးစွာသောလှုပ်ရှားသံကို၎င်း၊ ငါကြားရ၏။၁၄ဝိညာဉ်တော်သည် ငါ့ကို ချီသွားတော်မူ၍ ငါသည် ခါးသောစိတ်၊ ပူပန်သောစိတ်နှင့် လိုက်ရ၏။ ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာ လေးလံစွာတင်လျက်ရှိ၏။ ၁၅ သိမ်းသွားခြင်းကိုခံ ရ၍၊ ခေမာမြစ်နား၊ တေလဗိဗရာ မှာနေကြသော သူတို့ရှိရာသို့ငါရောက်၍ သူတို့နေရာ အရပ်၌ ခုနှစ်ရက်ပတ်လုံးမိန်းမောတွေ လျက်ရှိ၏။

၁၆ခုနှစ်ရက်လွန်မှ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီရောက်လာ၍၊ ၁၇အချင်းလူသား၊ သင့်ကို ဣသရေအမျိုး တွင် ကင်းစောင့်အရာ၌ ခန့်ထားသောကြောင့်၊ ငါသတိပေးသော စကားကို နားထောင်၍ သူတို့အား ဆင့်ဆိုလော့။ ၁၈သင်သည် အမှန်သေလိမ့်မည်ဟု၊ လူဆိုးအား ငါပြောလျက်နှင့်သင်သည် သတိမပေး၊ လူဆိုး၏ အသက်ကို ချမ်းသာစေခြင်းငှာ၊ လူဆိုးအားသတိပေးသောစကားကို မပြောဘဲနေလျင် ထိုလူဆိုးသည် မိမိအပြစ်၌ သေလိမ့်မည်။  သူ၏ အသက်ကိုကား ၊  သင်၌ငါတောင်းမည်။ ၁၉သို့မဟုတ် သင်သည် လူဆိုးကို သတိ ပေးလျက်နှင့် သင်သည် မိမိပြုသော ဒုစရိုက်ကို၎င်း၊ မိမိလိုက်သော အဓမ္မလမ်းကို၎င်း၊ မရှောင်ဘဲနေလျင် မိမိ အပြစ်၌ သေလိမ့်မည်။ သင်မူကားကိုယ် အသက်ဝိညာဉ်ကို ကယ်နှုတ်လေပြီ။ ၂ဝတဖန်တုံ ဖြောင့်မတ်သော သူသည်ဖေါက်ပြန်၍ ဒုစရိုက် ကိုပြု၍၄င်း၊ ထိမိ၍ လဲစရာအကြောင်းကို သူရှေ့မှာ ငါထားလျှင် ၄င်းသူသည် သေလိမ့်မည်။ သင်သည်သတိမပေး သောကြောင့်၊ သူသည်မိမိအပစ်၌ သေလိမ့်မည်။ သူကျင့်ဘူးသော တရားကို ပမာဏမပြုရ။ သူ၏ အသက်ကိုကား၊သင်၌ ငါတောင်းမည်။ ၂၁သို့မဟုတ်၊ ဖြောင့်မတ်သောသူသည် ဒုစရိုက်ကိုမပြုမည်အကြောင်းသင်သည်သတိပေး၍ သူသည် ဒုစရိုက် ကိုမပြုဘဲ နေလျှင်၊ သတိပေးကြောင့် စင်စစ်အသက်ချမ်းသာ လိမ့်မည်။ သင်သည်လည်း ကိုယ် အသက်ဝိညာဉ်ကို ကယ်နှုတ်လေပြီဟုမိန့်တော်မူ၏။

၂၂တဖန်ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာ တင်ပြီးလျှင်၊ သင်ထ၍ လွင်ပြင်သို့သွားလော့။ ထိုအရပ်၌ ငါပြောမည်ဟု မိန့်တော်မူသည်အတိုင်း၊ ၂၃ငါသည်ထ၍ လွင်ပြင်သို့သွား၏။ ရောက်သောအခါ ခေဗာမြစ်နားမှာ ငါ မြင်ဘူးသော ထာဝရဘုရား၏ ဘုန်းတော်သည်၊ ရပ်တော်မူ၍ ၊ ငါသည်ပြင်ဝပ်လျတ်နေ၏။ ၂၄ဝိ ညာဉ်တော်သည် ငါ့အထဲသို့ဝင်၍၊ မတ်တပ်နေစေလျက် သင်သွားလော့။ ကိုယ်အိမ်၌ ပုန်းရှောင်နေလော့။ ၂၅အ ချင်းလူသား၊သင်သည် ကြိုးနှင့်ချဉ်နှောင်ခြင်းကို  ခံ၍ သူတို့တွင် မထွက်ရ။ ၂၆သင်သည်သူတို့ကို မဆုံးမဘဲနေ စေခြင်းငှါ၊စကားအလျက်သင့်လျှာကို အာခေါင်၌ကပ်စေမည်။ အကြောင်းမူကား၊ သူတို့သည် ပုန်ကန်တက်သောအ မျိုးဖြစ်ကြ၏။ ၂၇သို့ရာတွင်သင့်အား  ငါပြောသောအခါ သင့်နှုတ်ကို ငါဖွင့်မည်။ သင်ကအရှင်ထာဝရဘုရား မိန့်တော် မူ၏ဟု သူတို့အားဟောပြောရမည်။ နားထောင်သောသူသည်နားထောင်စေ။ နားမထောင်သောသူသည် နားမ ထောင်ဘဲနေစေ။ သူတို့သည် ပုန်ကန်တက်သော အမျိုးဖြစ်သည်ဟု မိန့်တော်မူ၏။