ယောဘ အခန်းကြီး(၁၅)


၁တဖန်တေမန် အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား၊ ၂ပညာရှိသောသူသည်လေနှင့် တူသောအချည်းနှီး စကားကို ပြောသင့်သလော။ မိမိဝမ်းကိုအရှေ့လေနှင့် ပြည့်စေသင့်သလော။ ၃အကျိုးမဲ့သောစကား၊ ကျေးဇူးမပြုနိုင် သောစကားနှင့် ဆွေးနွေးသင့်သလော။ ၄သင်သည်ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကျင့်၌ အကျိုးမရှိဟုဆိုလို၏။ ဆုတောင်းပဌနာပြုရာဝတ်ကို ဆီးတားတတ်၏၊၊ ၅သင်သည်ကိုယ်နှုတ်ဖြင့် ကိုယ်အပြစ်ကို ဘော်ပြ၏။ ပရိ ယာယ်ပြုသောသူ၏ စကားကိုသုံးတတ်၏။ ၆ငါသည်သင့်ကိုအပြစ်မတင်၊ သင့်နှုတ်သည်သင့်ကို အပြစ်တင်၏၊၊ သင့် နှုတ်ခမ်းတို့သည်  သင့်တဘက်၌ သက်သေခံ၏။ ၇သင်သည် အဦးဆုံးဘွားသော လူဖြစ်သလော။ တောင်များကို မဖန်ဆင်းမှီသင့်ကို ဖန်ဆင်းသလော ၈ဘုရားသခင်နှင့် တိတ်ဆိတ်စွာ တိုင်ပင်ဘူးသလော။ ပညာကိုကိုယ်၌ အကုန် အစင်သိမ်းထားပြီလော။ ၉ငါတို့မသိ၊ သင်သိသော အရာမည်မျှရှိသနည်း၊ ငါတို့၌မပါ၊ သင်နားလည်သော အရာ မည်မျှ ရှိသနည်း။ ၁ဝသင့်အဘထက်အသက်ကြီးသောသူ၊ ဆံပင်ဖြူသောသူတို့သည် ငါတို့တွင်ရှိကြ၏။ ၁၁သင်၌ ဘုရားသခင် ပေးတော်မူသော သက်သာခြင်းအကြောင်း နည်းသလော။ သင်၌ဝှက်ထားသောအမှု တစုံတခုရှိသလော။  ၁၂ကိုယ် အလိုသို့ လိုက်၍ အဘယ်ကြောင့် လွှဲသွားသနည်း။ အဘယ်ကြောင့် မျက်စောင်းထိုးသနည်း။ ၁၃သင်၏စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၍၊ နှုတ်နှင့်ပြစ်မှားပေ၏။ ၁၄လူသည် အဘယ်သို့သောသူဖြစ်၍ သန့်ရှင်းနိုင်သနည်း၊ မိန်းမဘွားသောသူသည် အဘယ်သို့သောသူဖြစ်၍ ဖြောင့်မတ်နိုင်သနည်း။ ၁၅ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင် ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်း ရှေ့တော်၌မစင်ကြယ်။ ၁၆သို့ဖြစ်လျှင်၊ ရေကိုသောက် သကဲ့သို့ ဒုစရိုက် အပြစ်ကို သောက်လျက်၊ ဆိုးညစ်ရွံ့ရှာဘွယ်သော လူသတ္တဝါ၌အဘယ်ဆိုဘွယ်ရှိသနည်း။

၁၇-၁၉ ငါ့စကားကို နားထောင်လော့။ တပါးအမျိုးသားနှင့် မရောနှော၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေကိုပိုင်သော ပညာရှိတို့သည်၊ ဘိုးဘေးလက်ထက်မှစ၍ မထိမ်မဝှက်၊ ပြောဘူးသောအရာ ငါ့ကိုယ်တိုင်မြင်သောအရာကို ငါပြသမည်၊၊ ၂ဝဆိုးသောသူသည် တသက်လုံးဒုက္ခဆင်းရဲကို ခံရ၏၊၊ ညှဉ်းဆဲတတ်သောသူသည် မိမိအသက်အပိုင်း အခြားကို မသိရ၊၊ ၂၁သူသည်ကြောက်မက်ဖွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကိုခံစားစဉ်တွင် ဖျက်ဆီး သောသူသည် လာတတ်၏။ ၂၂မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မြော်လင့်စရာမရှိ။ ထားသည့်သူကို  ချောင်းမြောင်း လျက်ရှိ၏၊၊ ၂၃စားစရာကိုရှာ၍ လှည့်လည်ရ၏။ မိမိအဘို့မှောင်မိုက်သောကာလသည် အသင့်ရှိသည်ကို သိ၏။ ၂၄ဆင်းရဲခြင်းဒုက္ခနှင့် နာကြဉ်းခြင်းဝေဒနာတို့သည် ထိုသူကိုချောက်တတ်၏။ စစ်တိုက်ခြင်းငှါ အသင့်နေသောရှင်ဘုရင် ကဲ့သို့သူကိုနိုင်တတ်၏။ ၂၅အကြောင်းမူကား ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကိုဆန်လျက်၊ အနန္တတန်ခိုးရှင် တဘက်ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။ ၂၆လည်ပင်းကိုဆန့်လျက်၊  ထူသောဒိုင်းပုနှင့် ဆီးကာလျက်၊  ဘုရားသခင်ကိုတိုက်အံ့သောငှါ ပြေး၏။ ၂၇မိမိမျက်နှာကို ဆူဖြိုးခြင်းနှင့်ဖုံးအုပ်၍ ဝမ်းပျဉ်း အသား သည်လည်း ဆူဖြိုးလျက်အတွန့်တွန်နေသည်။ ၂၈သို့သော်လည်း လူဆိတ်သောမြို့ အဘယ်သူမျှ မနေ။ ၂၉လဲလုသော အိမ်တို့၌ သူသည်နေရ၏၊၊ ငွေမရတတ်ရ၊ သူ၏စည်းစိမ်မတည်ရ။ သူ၏ဥစ္စာပစ္စည်းသည် မြေကြီးပေါ်မှာ မပြန့်ပွားရ။ ၃ဝသူသည်မှောင်မိုက်ဘေးနှင့် မလွတ်ရ။ မီးလျှံသည် သူ၏အခက်လက်တို့ကို လောင်လိမ့်မည်၊၊ ဘုရားသခင်၏ နှုတ်တော်အသက်အားဖြင့် သုတ်သင်ဖယ်ရှင်းခြင်းကို ခံရ၏။ ၃၁အဘယ်သူလှည့်စားခြင်းကို ခံရ၍ အနတ္တကို မခိုလှုံစေနှင့်။ သို့မဟုတ်အနတ္တအကျိုးကို ခံရလိမ့်မည်။ ၃၂အချိန်မစေ့မှီဆုံးခြင်းသို့ ရောက်လိမ့်မည်။ သူ၏အခက် အလက်သည် မစိမ်းရာ။ ၃၃စပျစ်နွယ်ပင်ကဲ့သို့ မိမိ၌မမှည့်သောအသီးကို၎င်း၊ သံလွင်ပင်ကဲ့သို့ မိမိအပွင့်ကို၎င်း၊ ချွေရလိမ့်မည်။ ၃၄အဓမ္မလူ၏အသင်းသည် ဆိတ်ညံလိမ့်မည်။ တံစိုးစားသော သူတို့၏နေရာသည် မီးလောင်လိမ့်မည်။ ၃၅ထိုသူတို့သည် မကောင်းသော အကြံကို ပဋိသန္ဓွေယူ၍ အနတ္တကိုဘွားတတ်ကြ၏။ သူတို့ဝမ်းထဲ၌ မုသာကို ကိုယ်ဝန်ဆောင်တတ်သည်ဟု မြွက်ဆို၏၊၊