ယောဘ အခန်းကြီး(၂)


၁တဖန်ဘုရားသခင်၏ သားတို့သည် ထာဝရဘုရားထံတော်၌ ခစားခြင်းငှါ လာရသော နေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း ထာဝရဘုရားထံတော်၌ ခစားခြင်းငှါ သူတို့နှင့်အတူလာ၏၊၊ ၂ထာဝရဘုရား ကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကို မေးတော်မူလျှင်၊ စာတန်က မြေကြီးပေါ်မှာ လည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏၊၊ ၃ထာဝရဘုရားကလည်း၊ ငါ့ကျွန် ယောဘကို ဆင်ခြင်မိပြီလော၊၊ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တယောက်မျှမရှိ၊၊ စုံလင်ဖြောင့်မတ်ပေ၏၊၊ ဘုရား သခင်ကို ကြောက် ရွံ့သောသူ၊ မကောင်းသော အကျင့်ကို ရှောင်သောသူဖြစ်၏၊၊ အကြောင်းမရှိဘဲ သူ့ကို ပျက်စီးစေ ခြင်းငှါသင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန် အား မိန့်တော်မူ၏၊၊ ၄စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည် မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှ ကိုပေးပါလိမ့်မည်၊၊ ၅ယခုတဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့်သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည်မျက် မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏၊၊ ၆ထာဝရဘုရားကလည်း၊ သူသည် သင့် လက်၌ရှိ၏၊၊ သူ့အသက်တခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်၊  ၇ စာတန်သည် ထာဝရဘုရားထံတော် မှ ထွက်သွား ၍ ယောဘ၏ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင်ဆိုးသော အနာစိမ်းများတိုးပေါက်စေ၏၊၊ ၈ယောဘသည် ကိုယ်ကို ခြစ်စရာအိုးခြမ်းကိုကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏၊၊ ၉ထိုအခါ မယားက၊ သင်သည် ဖြောင့်မတ်သောတရား ကို စွဲလမ်းသေးသလော၊၊ ဘုရားသခင်ကို စွန့်ပယ်၍ သေလော့ဟု ဆို၏၊၊ ၁ဝယောဘကလည်း၊ မိန်းမမိုက်ပြောတတ် သကဲ့ သို့ သင်သည်ပြော၏၊၊ အဘယ်သို့နည်း၊၊ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူ သည်ဖြစ်၍ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟု ဆို၏၊၊ ယောဘသည် ဤအမှုများနှင့်တွေ့ကြုံသော်လည်း နှုတ်ဖြင့် မျှမမှားယွင်း၊၁၁ထိုအခါ တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသားဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖါတည်း ဟူသော ယောဘ၏ အဆွေခင်ပွန်း သုံးယောက်တို့သည်၊ သူ၌ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သိတင်းကြားလျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း၊ အသီးအသီး မိမိတို့ နေရာအရပ်မှ ရောက်လာကြ၏၊၊ ၁၂ထိုသူတို့သည် အဝေးက မျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏၊၊ အသီးအသီးမိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကိုယူပြီးလျှင် မိမိတို့ခေါင်းပေါ်သို့ ကျရောက်စေခြင်းငှါ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏၊၊ ၁၃ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူ မြေပေါ်မှာ ထိုင်၍ သူသည် ပြင်းစွာသော ဆင်းရဲခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ စကားမပြောမဆိုဘဲ နေကြ၏၊၊