ယောဘ အခန်းကြီး(၃၁)


၁ငါသည်အပျိုကိုမျှမကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကိုပြုပြီ၊၊ ၂သို့မဟုတ် အထက်အရပ်က ဘုရားသခင်သည် အဘယ်ကျေးဇူးကို၎င်း၊ မြင့်ရာအရပ်က အနန္တတန်ခိုးရှင်သည် အဘယ်သို့သော အမွေဥစ္စာကို၎င်း ပေးတော်မူမည်နည်း၊၊ ၃ဆိုးသောသူတို့သည် ပျက်စီးခြင်းသို့၎င်း၊ မတရားသဖြင့် ကျင့်သောသူတို့ သည် ဆုံးရှုံးခြင်းသို့၎င်း ရောက်ရကြမည် မဟုတ်လော၊၊ ၄ဘုရားသခင်သည် ငါသွားရာလမ်းတို့ကို မြင်တော်မူသည် မဟုတ်လော။ ငါ့ခြေရာရှိသမျှတို့ကို ရေတွက်တော်မူသည် မဟုတ်လော။  ၅မုသာလမ်းသို့ ငါလိုက်မိသော်၎င်း၊ လှည့်စားခြင်းငှါ ငါပြေးမိသော်၎င်း၊ ၆မှန်သောချိန်ခွင်၌ ငါ့ကိုချိန်ပါစေ။ ဘုရားသခင်သည် ငါဖြောင့်မတ်ခြင်းကို သိတော်မူပါစေ၊၊ ၇ငါသည် လမ်းလွှဲမိသော်၎င်း၊ ငါ့စိတ်နှလုံးသည် ငါ့မျက်စိ အလိုသို့ လိုက်မိသော်၎င်း၊ ငါ့လက်၌ အညစ်အကြေးကပ်မိသော်၎င်း၊ ၈ငါကြဲသောမျိုးစေ့၏ အသီးအနှံကို သူတပါးစားပါစေ၊၊ ငါ့ပျိုးပင်များကို သူတပါး နှုတ်ပါစေ၊ ၉သူ့မယားကို ငါတပ်မက်မိသော်၎င်း၊  အိမ်နီးချင်းတံခါးနားမှာ ငါချောင်း မိသော်၎င်း၊ ၁ဝငါ့မယားသည် သူတပါးထံ၌ ကြိတ်ဆုံကြိတ်ရပါစေ၊၊ သူတပါးသည် ငါ့မယားကို ရှုတ်ချပါစေ၊၊ ၁၁ငါသည် ထိုသို့ပြုမိလျှင် အပြစ်ကြီး၏။ ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏၊၊ ၁၂ထိုအပြစ်သည် အကုန်အစင်လောင်သောမီး၊ ငါစည်းစိမ်ရှိသမျှကို သုတ်သင် ပယ်ရှင်းသောမီးဖြစ်၏၊၊ ၁၃ငါ့ကျွန်နှင့် ငါ့ကျွန်မသည် ငါနှင့်တရားတွေ့စရာ အမှုရှိသော အခါ ငါနားမထောင်ဘဲ နေမိလျှင်၊ ၁၄ဘုရားသခင်ထတော်မူသောအခါ အဘယ်သို့ငါပြုရမည်နည်း၊၊ စစ်ကြော တော်မူသောအခါ အဘယ်သို့ ပြန်လျှောက် ရမည်နည်း၊၊ ၁၅ငါ့ကိုဖန်ဆင်းတော်မူသော ဘုရားသည် သူ့ကိုလည်း ဖန်ဆင်းတော်မူသည်မဟုတ်လော၊၊ တပါးတည်း သော ဘုရားသည် ငါတို့နှစ်ယောက်ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသည်မဟုတ်လော၊၊

၁၆ငါသည် ဆင်းရဲသားတောင့်တသော အရာကို မပေးဘဲနေဘူးသလော၊၊ မုတ်ဆိုးမမျက်စိကို ပျက်စေခြင်းငှါ ပြုဘူးသလော၊၊ ၁၇မိဘမရှိသော သူတို့အားစားစရာကိုမမျှဘဲ၊ ငါတယောက်တည်း စားဘူး သလော၊၊ ၁၈ဆင်းရဲသား သည် အဘထံမှာ နေသကဲ့သို့၊ ငါ့အသက် ငယ်စဉ်ကာလမှစ၍ ငါနှင့်အတူ ကျွေးမွေးခြင်းကိုခံပြီ၊၊ ၁၉အဝတ်မရှိသောကြောင့် သေခြင်းသို့ ရောက်သောသူ တစုံတယောက်နှင့် ခြုံစရာမရှိဘဲ ဆင်းရဲစွာနေသော သူတစုံတယောက်ကို ငါမြင်၍၊ ၂ဝသူ၏ခါးသည် ငါ့ကိုကောင်းကြီးမပေး၊၊ ငါ့သိုးမွေးအားဖြင့် မနွေးဘဲနေသော်၎င်း၊ ၂၁ရုံးတော်တွင်ငါ့ဘက်၌နေ သောမင်းကို ငါသည်မြင်၍၊ မိဘမရှိသောသူကို ညှဉ်းဆဲမိသော်၎င်း၊ ၂၂ငါ့လက်မောင်းသည် ပခုံးကကျပါစေ၊၊ ငါ့လက်ရိုးကျိုးပါစေ၊၊ ၂၃ ငါသည်ဘုရားသခင် ဖျက်ဆီးတော်မူခြင်းဘေးကို ကြောက်ရွံ့၍ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ်မှားဝံ့ဘဲနေပါပြီ၊၊ ၂၄ငါသည်ရွှေကိုကိုးစား၍ ရွှေစင်အား သင်သည် ငါခိုလှုံရာဖြစ်၏ဟုဆိုမိသော်၎င်း၊ ၂၅ငါ၌ စည်းစိမ်ကြီး၍ များစွာသော ဥစ္စာရတတ်သောကြောင့်၊ ငါဝါကြွားဝမ်းမြောက် မိသော်၎င်း၊ ၂၆ရောင်ခြည်ထွက်သောနေ၊ ထွန်းလင်းလျက်သွားသောလကို ငါကြည့်ရှုသောအခါ၊ ၂၇ငါ့စိတ်နှလုံးသည် တိတ်ဆိတ်စွာ နူးညွတ်၍ ငါ့လက်ကို ငါနမ်းမိသော၎င်း၊ ၂၈ရာဇဝတ်ခံထိုက်သောအပြစ်ရှိ၏၊၊ အထက်အရပ်၌ ရှိတော်မူသော ဘုရားသခင်ကို ငြင်းပယ်ရာ ရောက်၏၊၊ ၂၉ငါ့ကို မုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော၊ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွား သလော၊၊ ၃ဝငါသည်သူ့အသက်ကိုကျိန်ဆဲ၍ ကိုယ်နှုတ်၌အပြစ် ရောက်စေခြင်းငှါ အခွင့်မပေး၊၊ ၃၁ငါ့အိမ်သူ အိမ်သားတို့က အဘယ်သူသည် ငါတို့သခင်၏ အမဲသားတို့တောင့်တ၍ မဝဘဲနေရသနည်းဟု မဆိုတတ်သလော။ ၃၂ဧည့်သည်သည်လမ်း၌ ညဥ့်ကို မလွန်ရမည်အကြောင်း၊ ငါသည်ခရီးသွားသော သူတို့အားကိုယ်တံခါးကို ဖွင့်ထားပြီ။ ၃၃ငါသည်လူပြုတတ် သကဲ့သို့ ကိုယ်ဒုစရိုက်ကိုဖုံး၍ ကိုယ်ရင်ထဲ၌ ကိုယ်အပြစ်ကို ဝှက်ထားဘူးသလော၊၊ ၃၄ထို သို့ပြုမိလျှင် ကြီးသောပရိသတ်ရှေ့မှာ ငါ့မျက်နှာပျက်ပါစေ၊၊ လူအမျိုးမျိုးတို့သည် ကဲ့ရဲ့၍၊ ငါ့အရှက်ကွဲပါစေ၊၊ အိမ်ပြင် သို့မထွက်ဘဲတိတ်ဆိတ်စွာ နေရပါစေ၊၊ ၃၅တစုံတယောက်သောသူသည် ငါ့စကား ကို နားထောင်ပါစေသော၊၊ ငါ့လက် မှတ်ကို ငါပေးမည်၊၊ အနန္တတန်ခိုးရှင်သည် ငါ့ကိုစစ်ကြောတော်မူပါစေ၊၊ ၃၆အကယ် စင်စစ်ထိုစာကို ပခုံးပေါ်မှာ ငါတင် ထားပါမည်၊၊ ဗေါင်းကဲ့သို့ ဆောင်းပါမည်၊၊ ၃၇ငါသည်ကိုယ်အပြုအမူအလုံးစုံတို့ကို ဘော်ပြမည်၊၊ မင်းကဲ့သို့ အထံတော် ကို ချဉ်းကပ်ပါမည်၊၊ ၃၈ငါ့မြေသည် ငါ့ကိုအပြစ်တင်သဖြင့် အော်ဟစ်၍ လည်ချောင်းတို့သည်တညီတည်း မြည်တမ်း သော်၎င်း၊ ၃၉စရိတ်မကုန်ဘဲ မြေအသီးအနှံကို ငါစား၍ မြေဆိုင်သောသူတို့ကို ညှဉ်းဆဲမိသော်၎င်း၊ ၄ဝစပါးပင်အတွက် ဆူးပင်ပေါက်ပါစေ။ မုယောပင်အ တွက် ဗောရှပင်ပေါက်ပါစေဟု မြွက်ဆို၏၊၊ ယောဘမြွက်ဆိုသော စကားပြီး၏၊၊