ယောဘ အခန်းကြီး(၃)


၁ထိုနောက်၊ ယောဘသည် နှုတ်ကိုဖွင့်၍ မိမိဘွားသောနေ့ရက်ကို ကျိန်ဆဲလျက် မြွက်ဆိုသည်ကား၊                               ၂-၃ငါဘွားသောနေ့ရက်ပျက်စီးပါစေ၊၊ သားယောက်ျားကို ပဋိသန္ဓွေယူပြီဟု သိတင်းကြားပြောသော ညဥ့်လည်း ပျက်စီးပါစေ၊၊ ၄ထိုနေ့ရက်မိုက်ပါစေ၊၊ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်၊၊ အလင်းမပေါ်ထွန်း ပါစေနှင့်၊ ၅မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက်အသရေကို ရှုတ်ချပါစေ၊၊ မိုဃ်းတိမ်ထပ် လွှမ်းမိုးပါစေ၊၊ မွန်းတည့်အရှိန်ဖြင့် ကြောက် မက်ဘွယ်ဖြစ်ပါစေ၊၊ ၆ထိုညဥ့်သည် မှောက်မိုက်၌ ပျောက်ပါစေ၊၊ နှစ်စဉ်နေ့ရက် တို့နှင့် မပေါင်းပါစေနှင့်၊ ၇လအရေအတွက် ၌ မဝင်ပါစေနှင့်၊၊ ထိုညဥ့်သည် ဆိတ်ညံပါစေ ရွှင်လန်းသော အသံမရှိပါစေနှင့်၊၊ ၈နေ့ရက်ကိုရွေး၍ ကျိန်ဆဲတတ်သောသူ၊ မိကျောင်းကိုထစေတတ်သောသူတို့သည် ထိုညဥ့်ကို ကျိန်ဆဲပါစေ၊၊ ၉ညဦးယံကြယ်တို့သည် မိုက်ပါစေ၊၊ ထိုညဥ့်သည်အလင်းကို တောင့်တ၍ မရပါစေနှင့်၊၊ နံနက်မိုဃ်းလင်းကို မမြင်ပါစေနှင့်၊၊ အကြောင်းမူကား ၁ဝငါ့အမိ၏ဝမ်းကို ပိတ်မထား၊ ဒုက္ခဆင်းရဲကို ငါမမြင်စေခြင်းငှါ မကွယ်မကာ၊၊

၁၁ငါသည်မွေးစက အဘယ်ကြောင့် မသေသနည်း၊၊ အမိဝမ်းထဲမှ ထွက်စက အဘယ်ကြောင့် အသက်မချုပ် သနည်း၊၊ ၁၂ငါ့ကို အဘယ်ကြောင့် ပိုက်ပွေ့ရသနည်း၊၊ အဘယ်ကြောင့် နို့တိုက်ရသနည်း၊၊ ၁၃ထိုသို့မပြုလျှင် ငါသည် အိပ်၍ငြိမ်းပြီ၊၊ ပျော်လျက်နေရပြီ၊၊ ၁၄-၁၅မြို့ပျက်တို့ကို ပြင်ဆင်ပြုစုသော ယောကီရှင်ဘုရင်၊ မှူးမတ်တို့နှင့်၎င်း၊ ရွှေကို ရတတ်၍ ဘဏ္ဍာတိုက်၌ ငွေကို အပြည့်သိုထားသော မင်းတို့နှင့်၎င်း ငါငြိမ်းရပြီ၊၊ ၁၆သို့မဟုတ် အချိန်နေ့လ မစေ့မှီ မွေးသောသူငယ်၊ အလင်းကို မမြင်ရသော သူငယ်ကဲ့သို့ ငါပျက်စီးရပြီ၊၊ ၁၇ထိုအရပ်၌လူဆိုးတို့သည် နောက်တဖန် မနှောင့်ရှက်ရ၊၊ ပင်ပန်းသောသူတို့ သည် ချမ်းသာရကြ၏၊၊ ၁၈အချုပ်ခံရသော သူတို့သည်လည်း အတူငြိမ်ဝပ်ရကြ၏။  ညှဉ်းဆဲသောသူ၏စကား သံကို မကြားရကြ၊၊ ၁၉ထိုအရပ်၌ ကြီးသောသူနှင့်ငယ်သောသူရှိကြ၏၊၊ ကျွန်သည်လည်း သခင်လက်နှင့် လွတ်ရ၏၊၊

၂ဝဒုက္ခဆင်းရဲခံရသော သူအားအဘယ်ကြောင့် အလင်းကိုပေးသနည်း၊၊ စိတ်နှလုံးခါးသောသူအား အဘယ် ကြောင့် အသက်ကို ပေးသနည်း၊၊ ၂၁သူတို့သည် သေခြင်းကိုတောင့်တ၍ မရနိုင်၊၊ ဝှက်ထားသော ဥစ္စာကိုဘော်ခြင်းငှါ၊ တူးသည်ထက် သေခြင်းအကြောင်းကို ဘော်ခြင်းငှါသာ၍ တူးကြ၏၊၊ ၂၂သူတို့သည် သင်္ချိုင်းတွင်းကို တွေ့သောအခါ အလွန်ဝမ်းမြောက်၍ အထူးသဖြင့် ရွှင်လန်းကြ၏၊၊ ၂၃ မိမိသွားသောလမ်း ကွယ်ပျောက်သောသူ၊ ဘုရားသခင်ဆီးကာ  ချုပ်ထားသောသူအား အလင်းနှင့် အသက်ကို အဘယ်ကြောင့် ပေးသနည်း၊၊ ၂၄အစာစားခြင်းအရာ၌ ငါညည်းတွား ခြင်းရှိ၏၊၊ ငါငိုကြွေးမြည်တမ်းခြင်း မျက်ရည်သည်လည်း ရေစီးသကဲ့သို့ ဖြစ်၏၊၊ ၂၅ငါကြောက်သော အမှုသည် ငါ၌ရောက် လာပြီ၊၊ ငါအလွန်ကြောက်သောဘေးသည် ငါ့ကိုတွေ့မိပြီ။  ၂၆ငါသည်ငြိမ်ဝပ်ခြင်းမရှိ၊၊ ချမ်းဧခြင်းမရှိ၊၊ သက်သာခြင်းမရှိ။ ဒုက္ခဆင်းရဲသက်သက်ရှိသည်ဟု မြွက်ဆိုလေ၏၊၊