ယောဘ အခန်းကြီး(၄)


၁ထိုအခါတေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား၊ ၂ငါတို့သည် သင်နှင့် နှုတ်ဆက်စမ်းလျှင်၊ သင်သည် စိတ်ပျက်ကောင်း ပျက်လိမ့်မည်၊၊ သို့သော်လည်း၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည် နည်း၊၊ ၃သင်သည် လူအများတို့ကို ဆုံးမပြီ၊၊ လက်မစွမ်းသောသူတို့ကို ခိုင်ခံ့စေပြီ၊၊ ၄သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။  နုန့်နဲသောဒူးကိုလည်း တည့်စေပြီ။ ၅ယခုမူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက်၏၊၊ အထိအခိုက်ခံရသောကြောင့် မိန်းမောတွေ့ဝေလျက် နေ၏၊၊ ၆သင်၏ရိုသေသောသဘော၊ ယုံကြည်ကိုးစားသော သဘော၊ မြော်လင့်သောသဘော၊ တည်ကြည်သောသဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း၊၊ ၇အပြစ်နှင့်ကင်းလွတ် လျက်ပင် ပျက်စီးခြင်းသို့ အဘယ်သူရောက်သနည်း၊၊ ဖြောင့်မတ်သော သူသည်အဘယ်အရပ်၌ ဆုံးသနည်းဟု ဆင်ခြင် ပါလော့၊၊ ၈ငါသိမြင် သည်အတိုင်း မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသော သူတို့သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏၊၊ ၉ဘုရားသခင်မှုတ်တော်မူသဖြင့် ထိုသူတို့သည် ပျက်စီး၍ ရှုတော်မူသော အသက်ဖြင့်လည်း ဆုံးရှုံးရကြ၏၊၊ ၁ဝခြင်္သေ့ဟောက်ခြင်း၊ ကြမ်းတမ်းသော ခြင်္သေ့အသံမြည်ခြင်း၊ ခြင်္သေ့ကလေး ကိုက်ဝါးခြင်း ငြိမ်းရ၏၊၊ ၁၁ဘမ်း၍ စားစရာမရှိသောကြောင့်၊ ကြမ်းတမ်းသော ခြင်္သေ့သည် သေ၍ ခြင်္သေ့မ၏ သားငယ်တို့သည် အရပ်ရပ် ကွဲပြားရကြ၏၊၊

၁၂တရံရောအခါ ငါသည်တိတ်ဆိတ်စွာ ဗျာဒိတ်တော်ကိုရ၍ တိုသောအသံကိုကြားရ၏၊၊ ၁၃လူတို့ သည် ကြီးစွာသော အိပ်ပျော်ခြင်းသို့ ရောက်၍ ထူးဆန်းသော ရူပါရုံထင်ရှားရာ ကာလညဥ့်အချိန်၌ ငါအောက်မေ့စဉ်တွင် ၁၄ငါ့အရိုးများ တုန်လှုပ်သည်တိုင်အောင် ငါအလွန်ကြောက်အားကြီး၍ ထိတ်လန့်လျက် နေ၏၊၊ ၁၅ဝိညာဉ်တပါးသည် ငါ့ရှေ့၌ကန့်လန့်ရှောက်သွား၍ ငါသည် ကြက်သီးမွေးညှင်းထလေ၏၊၊ ၁၆ထိုဝိညာဉ်သည်ရပ်နေ၍ ပုံသဏ္ဍာန်လည်း သေချာစွာ မထင်မရှားအရိပ်ကိုသာ ငါမြင်ရ၏၊၊ ငြင်းသော အသံရှိ၍ ငါကြားသော စကားသံဟူမူကား၊ ၁၇သေတတ် သော လူသည် ဘုရားသခင်ရှေ့မှာ  ဖြောင့်မတ်ခြင်း ရှိရသလော၊၊ လူသတ္တဝါသည် ဖန်ဆင်းတော်မူသောအရှင်ရှေ့မှာ သန့်ရှင်းခြင်း၊ ရှိရသလော၊၊ ၁၈အမှု တော်ထမ်းတို့ကို ယုံတော်မမူ၊၊ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏၊၊ ၁၉သို့ဖြစ်လျှင် မြေမှုန့် ၌ တည်၍ မြေထဲတွင် နေတတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း၊၊ ထိုသူတို့ကို  ပိုးရွပင်နိုင်တတ်၏၊၊ ၂ဝတနေ့ ခြင်းတွင် ပျက်စီးတတ်ကြ၏၊၊ အဘယ်သူမျှ ပမာဏမပြုဘဲ အစဉ်ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြ၏၊၊ ၂၁သူတို့၏ဂုဏ်အသရေ ကွယ်ပျောက်၍ သူတို့သည် ပညာမရှိဘဲ သေသွားတတ်ကြ၏၊၊