ယောဘ အခန်းကြီး(၇)


၁လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာ အမှုထမ်းရသည်မဟုတ်လော၊၊ သူနေရသော နေ့ရက်တို့ သည် အငှါးခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော၊၊ ၂ကျွန်ခံရသောသူသည် မိုဃ်းချုပ်သောအချိန် ကို တောင့်တ၍ အငှါးခံသောသူသည် အခရမည့်အချိန်ကိုမြော်လင့်သကဲ့သို့၊ ၃ထိုနည်းတူငါသည် ဒုက္ခနေ့လတို့နှင့်ဆိုင်ရ၏၊၊ ပင်ပန်းစွာခံရသော ညဥ့်တို့သည်လည်း ငါ၏အဝန်းအတာဖြစ်၏၊၊ ၄အဘယ်အခါမှ ညဥ့်ကုန်၍ ငါထရပါမည်နည်းဟု ငါသည် ညည်းတွားလျက် အိပ်ရ၏၊၊ မိုဃ်းလင်းသည်တိုင်အောင်လှိမ့်လျက် လူးလျက်နေရ၏၊၊ ၅လောက်နှင့်ရွှံ့တို့သည် အဝတ် ကဲ့သို့ငါ့ကိုယ်ကို ဖုံးလွှမ်းကြ၏၊၊ ၆ငါ့အရေသည်ကွဲ၍ ယိလျက်ရှိ၏၊၊ ငါ့နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မြော်လင့်ခြင်းမရှိဘဲ လွန်သွားတတ်ကြ၏၊၊ ၇ငါ့အသက်သည် လေသက်သက်ဖြစ်ကြောင်းကို အောက်မေ့တော်မူပါ၊၊ နောက်တဖန်ကောင်းသော အကျိုးကိုငါမမြင်ရ၊၊ ၈ငါ့ကိုမြင်သောသူသည် နောင်တဖန်မမြင်ရ၊၊ ကိုယ်တော်သည် ကြည့်ရှုတော်မူသောအခါ ငါပျောက်ပါပြီ၊၊ ၉မိုဃ်းတိမ်သည် ပြယ်ပျောက်ကွယ်လွင့်သကဲ့သို့၊ သင်္ချိုင်းတွင်းထဲသို့ ဆင်း သောသူသည် နောက်တဖန်မတက်ရ၊၊ ၁ဝမိမိအိမ်သို့မပြန်ရ၊၊ သူ၏နေရင်းအရပ်သည် နောက်တဖန်သူ့ကိုမသိရ၊၊ ၁၁ထိုကြောင့် ငါသည်ကိုယ်နှုတ်ကို မချုပ်တည်း၊၊ စိတ်ပင်ပန်းလျက်နှင့် စကားပြောရ၏၊၊ အလွန်ညိုးငယ်သော စိတ်နှင့် မြည်တမ်းရ၏၊

၁၂ငါသည် ပင်လယ်ဖြစ်သလော၊၊ နဂါးဖြစ်သလော၊၊ ထိုသို့ဖြစ်သောကြောင့် ငါ့ကိုအစောင့်ထား တော်မူရ သလော၊၊ ၁၃ငါသည်အိပ်၍ သက်သာမည်၊၊ ငါ့ခုတင်သည် ချမ်းသာပေးမည်ဟု ငါဆိုလျှင် ၁၄ကိုယ်တော်သည် ကြောက်မက်ဘွယ်သော အိပ်မက်ကိုပေးတော်မူ၏၊၊  ညဥ့်ရူပါရုံအားဖြင့် ငါ့ကိုထိတ်လန့် စေတော်မူ၏၊၊ ၁၅ငါသည် ကိုယ်အရိုးကို နှမြောသည်ထက် အသက်ချုပ်၍ သေရသော အခွင့်ကိုသာ၍ တောင့်တပါ၏၊၊ ၁၆ငါသည်အားလျော့ လျက်ရှိ၏၊၊ အစဉ်မပြတ်အသက်မရှင်ရာ၊၊ ငါ့ကိုတတ်တိုင်း ရှိစေတော် မူပါ၊၊ ငါ့အသက်သည် အခိုးအငွေ့ဖြစ်၏၊၊ ၁၇ကိုယ်တော်သည် လူကိုပမာဏပြု၍ စိတ်စွဲလမ်းတော်မူမည် အကြောင်း၊ ၁၈သူ့ကိုနံနက်တိုင်းအကြည့်အရှုကြွလာ၍၊ ခဏခဏစုံစမ်းတော်မူမည်အကြောင်း၊ လူသည် အဘယ်သို့ သောသူဖြစ်ပါသနည်း၊၊ ၁၉အဘယ်ကာလမှ ငါ့ကိုမကြည့် မရှု မျက်နှာလွှဲတော်မူမည်နည်း၊၊ ငါသည်ကိုယ်တံထွေးကို မျိုရသည်တိုင်အောင်၊ အဘယ်ကာလမှ တတ်တိုင်းရှိစေ တော်မူမည်နည်း၊၊ ၂ဝလူကိုစောင့်တော်မူသောအရှင်၊ အကျွန်ုပ် အပြစ်ရှိသည်မှန်ပါစေတော့၊၊ ကိုယ်တော်ရှေ့မှာ အဘယ်သို့ပြုရ ပါမည်နည်း၊၊ အကျွန်ုပ်သည် ကိုယ်ကိုကိုယ် ရွံ့ရှာရသည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့်  ပစ်စရာစက်သွင်းတော်မူသနည်း။ ၂၁အကျွန်ုပ်ပစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း။ အကျွန်ုပ်အပြစ်ကို အဘယ်ကြောင့် ဖြေရှင်းတော်မမူသနည်း။ ယခုမှာ အကျွန်ုပ်သည် မြေမှုန့်၌ အိပ်ရပါ၏။ ကိုယ်တော်သည်နံနက်အချိန်၌ ရှာတော်မူ သောအခါ အကျွန်ုပ်မရှိပါဟု မြွက်ဆိုသည်။