ယောဘ အခန်းကြီး(၉)


၁-၂ယောဘပြန်၍ မြွက်ဆိုသည်ကား၊ မှန်ပါ၏၊၊ ထိုစကားမှန်ကြောင်းကိုငါသိ၏၊၊ သို့သော်လည်း လူသည် ဘုရားသခင့်ရှေ့တော်၌ အဘယ်သို့ဖြောင့်မတ်ရာသို့ ရောက်နိုင်သနည်း၊၊ ၃ဘုရားသခင်သည် အပြစ်တင်ခြင်းငှါ အလို တော်ရှိလျှင်၊ လူသည်အပြစ်တထောင်တွင် တခုကိုမျှမဖြေနိုင်၊၊ ၄ဘုရားသခင်သည် ထူးဆန်းသောဥာဏ်၊ ကြီးစွာသော တန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊  အဘယ်သူသည် အာဏာတော်ကို ဆန်၍ အောင်နိုင်သနည်း၊၊ ၅ဘုရားသခင် သည် တောင်တို့ကို အမှတ်တမဲ့ရွှေ့တော်မူ၏၊၊ အမျက်ထွက်၍ မှောက်လှန်တော်မူ၏၊၊ ၆မြေကြီးကို ရွှေ့စေခြင်းငှါ တွန်းတော်မူ၍ မြေတိုင်တို့သည် တုန်လှုပ်ကြ၏၊၊ ၇နေကိုမှာထားတော်မူ၍ သူသည်မထွက်ရ၊၊ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ၏၊၊ ၈မိုဃ်းကောင်းကင်ကို ကိုယ်တော်တပါးတည်း ဖြန့်မိုးတော်မူ၏၊၊ သမုဒ္ဒရာလှိုင်းတံပိုးကို နင်း တော်မူ၏၊၊ ၉အာရှကြယ်၊ ခသိလကြယ်၊ ခိမကြယ်စုမှစ၍ တောင်မျက်နှာကြယ်တိုက်တို့ကို ဖန်ဆင်းတော်မူသည်။ ၁ဝစစ်၍မသိနိုင်အောင် အလွန်ကြီး သောအမှု မရေတွက်နိုင်အောင်များ၍ အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူ၏။ ၁၁ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ ရှောက်သွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ၊၊ ၁၂သိမ်းယူတော်မူသော အခါ အဘယ်သူသည် တားဆီးနိုင်သနည်း၊၊ ကိုယ်တော်သည် အဘယ်သို့ ပြုတော်မူသနည်းဟု အဘယ်သူ ဆိုဝံ့သနည်း။ ၁၃ဘုရားသခင်သည် အမျက်ပြေတော်မမူလျှင် မာနကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌နှိမ့်ချခြင်း ကိုခံရမည်၊၊ ၁၄ထိုမျှမကငါသည် အဘယ်သို့ပြန်လျှောက်ရမည်နည်း၊၊ ရှေ့တော်၌ အဘယ်သို့သော  စကားကိုရွေး၍ လျှောက်ရအံ့နည်း။ ၁၅ငါသည်ဖြောင့်မတ်သော်လည်း ပြန်၍မလျောက်ဝံ့ဘဲ တရားမှုကို ဆုံးဖြတ်တော်မူသော  အရှင့်ကိုတောင်းပန်ရုံမျှသာ ပြုရ၏၊၊ ၁၆ငါခေါ်၍အရှင်သည် ထူးသော်မူ သော်လည်း ငါ့စကားကို နားထောင်တော်မူမည် ဟု ငါမယုံနိုင်။ ၁၇အကြောင်းမူကား မိုဃ်းသက်မုန်တိုင်းဖြင့် ငါ့ကိုညှဉ်းဆဲ၍ အကြောင်းမရှိဘဲ ငါ၌အနာတို့ကို များပြားစေသော်မူ၏။ ၁၈ငါကိုအသက်ရှုရသော အခွင့်မပေး။ ၁၉ခါးစွာသောဝေဒနာနှင့် ပြည့်စုံစေတော်မူ၏။ တန်ခိုးကို အမှီပြုမည်ဆိုသော်လည်း ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ တရားကို အမှီပြုမည် ဆိုပြန်သော် အဘယ်သူသည် ငါ့ဘက်၌ သက်သေခံမည်နည်း၊၊ ၂ဝကိုအပြစ်ကိုပြေစေခြင်းငှါ ပြုလျှင် ကိုယ်စကား အားဖြင့် တရားရှုံးလိမ့်မည်။ ငါသည် စုံလင်ပြီဟုဆို ပြန်လျှင် ငါ့သဘော ကောက်ကြောင်း ထင်ရှားလိမ့်မည်။ ၂၁တဖန်စုံလင်သော်လည်း၊ ကိုယ်စိတ်သဘောကို ကိုယ်မသိရ။ ကိုယ်အသက်ကိုပမာဏမပြုရ၊၊

၂၂ငါပြောအံ့သောစကားတချက် ဟူမူကား ဘုရားသခင်သည်စုံလင်သော သူတို့ကို၎င်း၊ ဆိုးညစ်သော သူတို့ ကို၎င်း၊ ဖျက်ဆီးတော်မူတတ်၏၊၊ ၂၃ချက်ခြင်းဘေးတစုံတခု ရောက်သောအခါ၊ အပြစ်မရှိသော သူခံရသည် အကြောင်း ကို ရယ်တော်မူ၏၊၊ ၂၄မြေကြီးကိုလူဆိုးလက်၌အပ်၍၊ တရားသူကြီးတို့၏ မျက်နှာကိုဖျက်တော်မူ၏၊၊ သို့မဟုတ် ထိုအမှုကို စီရင်သောသူကား အဘယ်သူနည်း၊၊

၂၅တမြို့မှတမြို့သို့ စာပို့သောလုလင်ထက်၊ ငါ့နေ့ရက်တို့သည် လျင်မြန်၍။ ကောင်းကျိုးကို မခံရဘဲ ပြေးတတ် ကြ၏၊၊ ၂၆လျင်မြန်သော သင်္ဘောကဲ့သို့၎င်း၊ အကောင်ကို သုတ်လာသော ရွှေလင်းတကဲ့သို့၎င်း၊ လွန်သွားတတ်ကြ၏။  ၂၇ငါသည်မြည်တမ်းသော စကားကိုဖြတ်၍၊ ရွှင်လန်းသော မျက်နှာကိုဆောင်လျက်၊ ရဲရင့်ခြင်းသို့ ရောက်မည်ဟု ငါဆိုသော်လည်း၊ ၂၈ငါခံရသော ဒုက္ခဝေဒနာများသောကြောင့်၊ ကြောက်သော သဘောရှိ၏၊၊ အပြစ်လွှတ်စေဟု ငါ၌စီရင် တော်မမူကြောင်းကို ငါသိ၏၊၊ ၂၉ငါသည် အပြစ်သင့်ရောက်သည် ဖြစ်၍၊ အဘယ်ကြောင့် အချည်းနှီး ကြိုးစားရမည် နည်း၊၊ ၃ဝငါ့ကိုယ်ကို မိုဃ်းပွင့်ရေနှင့်ဆေး၍၊ ငါ့လက်ကို ရှင်းရှင်းစင်ကြယ်စေသော်လည်း၊ ၃၁ရွှံ့ထဲသို့ တွန်းချတော်မူ၍ ငါ့အဝတ်ပင် ငါ့ကိုယ်ကိုရွံ့လိမ့်မည်၊၊ ၃၂ငါသည် ဘုရားသခင်၏စကားကို တဦးနှင့်တဦး တရားတွေ့နိုင်မည်အကြောင်း၊ ဘုရားသခင်သည် ငါကဲ့သို့လူဖြစ် တော်မူသည်မဟုတ်၊၊ ၃၃ငါတို့နှစ်ဦးကို ဆီးတားပိုင်သော စပ်ကြားနေအမှုစောင့်မရှိ။ ၃၄ငါ့ကိုဒဏ်ခတ် တော်မမူပါစေနှင့်၊၊ ပြုတော်မူသောဘေးကြောင့် ငါမကြောက်ပါစေနှင့်၊၊ ၃၅သို့ဖြစ်လျှင် ငါ့သည် မကြောက် ဘဲပြောရသောအခွင့်ရှိလိမ့်မည်၊၊ ယခုမူကား ပြောရသောအခွင့်ကိုမရ၊၊