မြည်တမ်း အခန်းကြီး (၄)


၁ရွှေသည် အလွန် သမ်းညိုသည်တကား။ အကောင်းဆုံးသော ရွှေသည် အလွန်ဖောက်ပြန် သည်တကား၊ သန့်ရှင်းသော ကျောက်တို့သုည် ခပ်သိမ်းသော လမ်းဝတို့၌ ဖရိုဖရဲ ကွဲပြားလျက် ရှိကြ၏။ ၂အမြတ်ဆုံးသော ရွှေနှင့်အမျှ အလွန်အဘိုးထိုက်သော ဇိအုန်မြို့သားတို့ကို၊ အိုးထိန်းသမားလုပ်သော မြေအိုးကဲ့သို့ မှတ်တတ်သည်တ ကား၊၊ ၃မြေခွေးမတို့ပင် မိမိတို့သားငယ်တို့အား နို့သီးကို ပေး၍ နို့တိုက်တတ်၏။ ငါ၏လူမျိုးသတို့သမီးမူကား တော၌ နေသောကုလားအုပ် ငှက်ကဲ့သို့ ကြမ်းကြုတ်သော သဘောရှိ၏။ ၄နို့စို့ကလေးသည် နို့ငတ်သောကြောင့် လျှာသည် အာခေါင်၌ ကပ်လျက်ရှိ၏။ သူငယ်တို့သည် မုန့်ကိုတောင်း၍ အဘယ်သူမျှမပေး။ ၅ကောင်းမွန်စွာ စားတတ် သောသူတို့သည် ကိုးကွယ်ရာမရှိ၊ လမ်း၌ နေကြ၏။ နီမောင်းသော အိပ်ရာပေါ်မှာ ပျော်မွေ့ဘူးသော သူတို့သည် နောက်ချေးပုံကိုဘက်ရကြ၏။ ၆အဘယ်သူမျှ အားမထုတ်ဘဲချက်ခြင်း ပျက်စီးခြင်းသို့ ရောက်သော၊ သောဒုံမြို့ခံရ သောအပြစ်ဒဏ်ထက်၊ ငါ၏ လူမျိုးသတို့သမီးခံရသောအပြစ်ဒဏ်သည် သာ၍ ကြီးပေ၏။ ၇သူ၏ မှူးမတ်တို့သည် မိုဃ်းပွင့်ထက်သန့်ရှင်း၍ နို့ရည်ထက်လည်း ဖြူကြ၏။ သူတို့အသားသည် ကျောက်နီထက်နီ၏။ သွေးကြောလည်း နီလာနှင့်တူ၏၊ ၈ယခုမူကား၊ သူတို့အဆင်းသည် မှောင်မိုက်ထက် မည်းသည်ဖြစ်၍ လမ်း၌ မထင်ရှား။ သူတို့အရေ သည် အရိုး၌ကပ်၍ ထင်းကဲ့သို့ သွေ့ခြောက်လေ၏။ ၉ထားဖြင့်သေသောသူသည်၊ ငတ်မွတ်၍ သေသောသူသည် ထက်သာ၍ မင်္ဂလာရှိ၏။ ငတ်မွတ်၍ သေသောသူသည် အသီးအနှံပြတ်ခြင်းအားဖြင့် ထိုးဖောက်၍ ပိန်ကြုံရ၏၊၊   ၁ဝစိတ်ကြင်နာသောတတ်သော မိန်းမတို့သည် မိမိတို့သားကိုပင် ပြုတ်ရကြ၏၊၊ ငါ၏ လူမျိုးသတို့သမီးသည် ပျက်စီး သောကာလ၌ မိမိတို့သားကိုပင် စားရကြ၏။ ၁၁ထာဝရဘုရားသည် အမျက်တော်ကို စုံလင်စေတော်မူပြီ။ ပြင်းစွာ သော အမျက်အရှိန်ကို လွှတ်တော်မူပြီ။ ဇိအုန်မြို့ကို မီးရှို့၍ မြို့ရိုးအမြစ်တိုင်အောင် လောင်စေတ်ာမူပြီ၊၊ ၁၂ရန်ပြုသော သူနှင့် စစ်တိုက်သော သူသည် ယေရုရှလင်မြို့တံခါးအတွင်းသို့ ဝင်နိုင်သည်ဟု လောကီရှင်ဘုရင်နှင့် လောကီသတ္တဝါ တစုံတယောက်မျှ မယုံကြ။

၁၃ယေရုရှလင်မြို့အလယ်၌ ဖြောင့်မတ်သောသူတို့ကို သတ်တတ်သော မြို့သားပရောဖက်တို့၏ ဒုစရိုက် များနှင့်၊ ယဇ်ပုရောဟိတ် တို့၏ အပြစ်များကြောင့် ဤအမှုသည် ရောက်လေပြီ။ ၁၄ထိုသူတို့သည် အရှုးကဲ့သို့ လမ်း ၌ လှည့်လည်၍ လူအသွေးနှင့် လူးသောကြောင့် သူတို့အဝတ်ကို အဘယ်သူမျှ မထိဝံ့။ ၁၅သွားကြ။ မစင်ကြယ် သောသူတို့၊ သွားကြ၊ သွားကြ။ မထိကြနှင့်ဟု သူတပါးတို့သည် ဟစ်တတ်ကြ၏။ အဝေးသို့ပြေး၍ အရပ်ရပ်သို့ လှည့်လှည်ရသောအခါ သာသနာပလူတို့သည်က၊ သူတို့သည် မတည်းမနရဟု ဆိုတတ်ကြ၏။ ၁၆ထာဝရဘုရား သည် အမျက်တော်ထွက်၍ သူတို့ကို ကွဲပြားစေတော်မူပြီ၊၊ သူတို့အမှုကို ကြည့်ရှုတော်မမူ၊၊ သူတပါးတို့သည်လည်း ယဇ် ပုရောဟိတ်တို့ကို မရိုသေ၊ အသက်ကြီးသူတို့ကို အားမနာဘဲ နေကြ၏၊၊ ၁၇ငါတို့သည် ရှိစဉ်တွင် မစမည့်သူကို မြော်လင့်၍ မမြင်ရကြ။ မကယ်တင်နိုင်သော လူမျိုးတို့ကို ကင်းစင်ပေါ်မှာ အကျိုးမရှိဘဲစောင့်ကြပြီ။ ၁၈ငါတို့သည် လမ်း၌ မသွားရမည်အကြောင်း ငါတို့ခြေရာကို လိုက်ရှာကြ၏။ ငါတို့သည် ဆုံးချိန်နီးပြ။ ၁၉ငါတို့ကို လိုက်၍ ရှာသော သူတို့သည် မိုဃ်းကောင်းကင်ရွှေလင်းတ ထက်သာ၍ လျင်မြန်ကြ၏။ တောင်ရိုးပေါ်မှာ  လိုက်ရှာကြ၏၊၊ တော၌လည်း ချောင်းမြောင်းကြ၏။ ၂ဝဝင်သက်ထွက်သက်တည်းဟူသော ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသော အရှင်တို့ကို မြေတွင်း၌ ဘမ်းမိကြပြီ။ ထိုအရှင်၏ ဘုန်းတော်ကို ခိုလှုံ၍၊ ငါတို့သည် သာသနာပ လူတို့တွင် အသက်ချမ်းသာရလိမ့် မည် ဟု အထက်ကဆိုတတ်ကြ၏။

၂၁ဥဇပြည်၌နေသော ဧဒုံသတို့သမီး၊ဝမ်းမြောက်ရွှင်လန်းလော။ ဖလားတော်သည် သင်ရှိရာသို့ ကူးသွား လိမ့်မည်။ သင်သည် ယစ်မူး၍ အဝတ်အချည်းစည်းရှိရလိမ့်မည။ ၂၂အုဇိအုန်သတို့သမီး သင်ခံထိုက်သမျှသော အပြစ်ဒဏ်ကုန်ပြီ။ သင်သည် နောက်တဖန် သိမ်းသွားခြင်းကို မခံရ။ အိုဧဒုံသတို့သမီး သင်ပြုသော ဒုစရိုက်ကို စစ်ကြော၍ သင်၏ အပြစ်ကို ဘော်ပြတော်မူမည်။