ဟေရှာယ အခန်းကြီး (၁၅)


၁မောဘပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ လုပ်ကြံသောညဥ့်အခါ၊ မောဘပြည် အာရမြို့သည် ပျက်ဆီး ၏၊၊ လုပ်ကြံသော ညဥ့်အခါ၊ မောဘပြည် ကိရမြို့သည် ပျက်ဆီး၏၊၊ ၂ပြည်သားတို့သည် ဗတ်မြို့ ဒိဘုန်မြို့၌ မြင့်သော အရပ်သို့တက်၍ ငိုကြွေးကြ၏၊၊ မောဘပြည်သားတို့သည် နေဗောမြို့၊ မေဒဘမြို့ပေါ်မှာ ညည်းတွား မြည်းတမ်းကြ၏၊သူတို့ ခေါင်းပေါ်မှာ ဆံပင်မရှိ၊၊ သူတို့မုတ်ဆိတ်ကိုလည်း ရိတ်ပယ်ပြီ၊၊ ၃လမ်းခရီးတို့တွင် လျှော်တေအဝတ်ကို ဝတ်ကြ၍၊ အိမ်မိုးအပေါ်၌၄င်း၊ လမ်းမ၌ ၄င်းရှိသမျှသောသူတို့သည် ညည်းတွားမြည်းတမ်း၍၊ အလွန်မျက်ရည်ကျကြ၏၊၊ ၄ဟေရှ ဘုန်မြို့နှင့် ဧလာလေမြို့တို့လည်း ငိုကြွေး၍ ငိုသံသည် ယာဟတ်မြို့တိုင်အောင် ကြားရ၏၊၊ မောဘသူရဲတို့သည်လည်း တုန်လှုပ်သောစိတ်နှလုံးနှင့် ငိုကြွေးကြ၏၊၊ ၅ငါ့နှလုံးသည်လည်း မောဘအဘို့ ငိုကြွေး၏၊၊ ပြေးသောသူတို့သည် သုံးနှစ် အသက်ရှိသော နွားမကဲ့သို့ ဇောရမြို့တိုင်အောင် လည်ကြ၏၊၊ လုဟိတ်တောင်ပေါ်သို့ မျက်ရည်ကျလျက်တက်ကြ၏။ ဟော ရနိမ်မြို့သို့သွားသောလမ်း၌လည်း ဆုံးရှုံးခြင်းအသံကို လွှင့်ကြ၏၊၊ ၆အကြောင်းမူကား၊ နိမရိမ်ရေကန်တို့သည် ဆိတ်ညံ၍ မြက်ပင်များသွေ့ခြောက်ခဲ့ပြီ၊၊ ပျိုးပင်များလည်း သေခဲ့ပြီ၊၊ စိမ်းသောအပင်တပင်မျှမရှိ၊၊ ၇ထို့ကြောင့်၊ သူတို့သည် မိမိတို့ဆည်းဖူးသောဥစ္စာ၊ သိုထားသောဘဏ္ဍာများကို မိုဃ်းမခပင်ချိုင့်သို့ ယူသွားလိမ့်မည်၊၊ ၈ငိုကြွေးသောအသံသည် မောဘပြည်ကို နှံ့ပြားလေ၏၊၊ ညည်းတွားမြည်တမ်းသော အသံသည် ဧဂလိမ်မြို့တိုင်အောင်၎င်း၊ ဗေရဧလိမ်မြို့တိုင်အောင်၎င်းရောက်လေ၏၊၊ ၉အကြောင်းမူကား၊ မုဒိန်မြို့ရေတို့သည် အသွေးနှင့်ပြည့်ကြ၏၊၊ ဒိမုန်မြို့ အပေါ်မှာအခြားသော ဘေးများကို၎င်း၊ လွတ်အောင်ပြေးသော မောဘပြည်သားနှင့် ကျန်ကြွင်းသော ပြည်သားအပေါ်မှာ ခြင်္သေ့တို့ကို၎င်း ငါရောက်စေမည်