ဟေရှာယ အခန်းကြီး (၁၆)


၁မြေရှင်ထံသို့ သိုးသငယ်ကို ပေးလိုက်ကြလော့၊၊ သေလမြို့မှ တောတရှောက်လုံး၊ ဇိအုန်သတို့သမီး၏ တောင်သို့ ပေးလိုက်ကြလော့၊၊ ၂မိမိအသက်ကိုစွန့်ပစ်၍ လည်ရသောငှက်ကဲ့သို့၊ မောဘသမီးတို့သည် အာနုန်မြစ်ကူး ရာကမ်းနားမှာ ရှိကြလိမ့်မည်၊၊ ၃အကြံပေးလော့၊၊ တရားသဖြင့် စီရင်လော့၊၊ မွန်တည့်အလင်းထဲ၌ ညည့်ကဲ့သို့   သင်၏အရိပ်ကိုဖြစ်စေလော့၊၊ နှင်ထုတ်သောသူတို့ကို ဝှက်ထားလော့၊၊ ပြေးသောသူတို့ကို မပြနှင့်၊၊ ၄မောဘပြည်မှ နှင်ထုတ်သောသူတို့သည် သင်နှင့်အတူ နေကြစေလော့၊၊ ဖျက်ဆီးသောသူ၏လက်မှ လွတ်စေခြင်းငှါ၊ သူတို့ကို စောင့် မလော့၊၊ သင့်ကိုညှဉ်းဆဲသောသူမရှိ၊၊ ဖျက်ဆီးသောသူပြတ်လေ၏၊၊ နှိမ်နင်းသောသူတို့ကို မြေပေါ်က ပယ်ရှင်းလေပြီ၊၅ရာဇပလ္လင်သည်လည်း၊ ကရုဏာ၌တည်လိမ့်မည်၊၊ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူသည် ဖြောင့်မတ်စွာစစ်ကြော၍၊ တရားမှုကို အလျင်အမြန်ဆုံးဖြတ်တော်မူလျက်၊ ဒါဝိမင်း၏တဲတော်၌ တရားစီရင်တော် မူလိမ့်မည်၊၊

၆မောဘ၏မာနကိုငါတို့သည် ကြားသိကြ၏။ အလွန်ကြီးသောမာန ဖြစ်၏။ ထောင်လွှားစော်ကားခြင်း၊ ဒေါသ အမျက်ထွက်ခြင်းရှိ၍ အချည်းနှီးသက်သက် ဝါကြွားသောစကားကို ပြောတက်၏။ ၇ထို့ကြောင့်၊ မောဘသည် မိမိအတွက် ညည်းတွားမြည်းတမ်းရလိမ့်မည်၊၊ ပြည်သားရှိသမျှတို့သည် ညည်းတွားမြည်းတမ်း ကြလိမ့်မည်၊၊ ကိရဟ ရက်မြို့ပျက်သည်အတွက် သင်တို့သည် ညည်းတွားကြလိမ့်မည်၊၊ ထိုမြို့သည် ဒဏ်ခတ်ခြင်းကို အလွန်ခံရ၏၊၊ ၈ဟေရှဘုန်လယ်ပြင်တို့သည် သွေခြောက်ကြ၏၊၊ စိဗမာစပျစ်နွယ်ပင်အညွန့် များကိုလည်း တပါးအမျိုးသားမင်းတို့သည် ချိုးကြပြီ၊၊ ထိုအညွန့်တို့သည် အထက်ကယာဇာမြို့တိုင်အောင် ရောက်၍ တော၌လည်တတ်ကြ၏၊၊ အလက် တို့သည် ရှည်လျား၍၊ ပင်လယ်ကို လွန်ကြ၏၊၊ ၉ထို့ကြောင့်၊ ယာဇာမြို့အတွက် မျက်ရည်ကျသကဲ့သို့ စိဗမာ စပျစ်နွယ်ပင်အတွက် ငါသည် မျက်ရည်ကျမည်၊၊ အိုဟေရှဘုန်မြို့နှင့် ဧလာလေမြို့၊ ငါသည်မျက်ရည်ကျလျက် သင့်ကို ရေလောင်းမည်၊၊ အကြောင်းမူကား၊ သင်၏သစ်သီးနှင့်စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ၊၊ ၁ဝဝပြောသော လယ်ပြင်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်း ပြတ်လေပြီ၊၊ စပျစ်ဥယျာဉ်၌ သီချင်းမဆိုရကြ၊၊ မကြွေးကြော်ရကြ၊၊ စပျစ်သီး နယ်ရာကျင်း၌ စပျစ်သီးကိုနင်းသောသူလည်းမနင်းရ၊၊ ကြွေးသောအသံကိုလည်း ငါပြတ်စေပြီ၊၊ ၁၁ထို့ကြောင့်၊ ငါဝမ်းသည် မောဘပြည်အတွက်၊ ငါ့အအူသည် ကိရဟရက်မြို့အတွက၊် စောင်းကဲ့သို့ မြည်ရလိမ့်မည်၊၊ ၁၂ထိုအခါ မောဘသည် မိမိမြင့်သောအရပ်၌ မိမိကိုပင်ပန်းစေခြင်း၊ ပဌာနပြုအံ့သောငှါ မိမိသန့်ရှင်းရာ ဌာနသို့ဝင်ခြင်းအရာသည် ထင်ရှား ခြင်းသော်လည်း၊ အကြံမမြောက်နိုင်ရာ၊၊

၁၃ထိုသို့ ထာဝရဘုရားသည် မောဘ၏အကြောင်းစကားကို အထက်ကမိန့်တော်မူ၏၊၊ ၁၄ယခုတဖန် မိန့်တော်မူသည်ကား၊ အခစားသော သူရေတွက်သည်အတိုင်း၊ သုံးနှစ်လွန်မှ၊ မောဘပြည်၏ ဘုန်းအသရေသည် မိမိအလုံးအရင်းနှင့်တကွ ရှုတ်ချခြင်းသို့ရောက်ရမည်၊၊ ကျန်ကြွင်းသောသူတို့သည် အလွန်နည်း၍၊ ခွန်အားကုန်ရ ကြလိမ့်မည်ဟု မိန့်တော်မူ၏၊၊