ဟေရှာယ အခန်းကြီး (၃၄)


၁အိုလူမျိုးတို့ သင်တို့သည် ကြားရအံ့သောငှါချဉ်းကပ်ကြလော့၊၊ အိုလူစုတို့၊ နားထောင်ကြလော့၊၊ မြေကြီး နှင့် မြေကြီး၌ ပါသမျှသောအရာ၊ လောကဓာတ်နှင့် လောကဓာတ် တန်ဆာခပ်သိမ်းတို့သည် ကြားကြပါစေ၊၊ ၂ထာဝရ ဘုရား၏ အမျက်တော်သည် လူမျိုးအပေါင်းတို့၌ထွက်၍၊ ပြင်းစွာသော အမျက်တော်သည် သူတို့အလုံးအရင်း အပေါ်မှာ သင့်ရောက်လေ၏၊၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ အသေသတ်ခြင်း၌ အပ်လိုက်တော်မူ၏၊၊ ၃သူတို့တွင် အသေခံရသော သူတို့ကို ပြင်သို့ပစ်လိုက်သဖြင့်၊ အသေကောင်တို့သည် နံစော်၍၊ သူတို့၏ အသွေးဖြင့် တောင်တို့ သည် အရည်ဖြစ်ကြလိမ့်မည်၊၊ ၄ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည်ပြုတ်၍၊ မိုဃ်းကောင်းကင်သည် စာလိပ် ကဲ့သို့ လိပ်လျက်ရှိလိမ့်မည်၊၊ စပျစ်နွယ်ပင်မှ အရွက်ကျသကဲ့သို့၎င်း၊ သင်္ဘောသဖန်းပင်မှ သီးကျသကဲ့သို့၎င်း၊  ခပ်သိမ်း သော ကောင်းကင်တန်ဆာတို့သည် ကျကြလိမ့်မည်၊၊ ၅အကြောင်းမူကား၊ ငါ့ထားသည် မိုဃ်းကောင်းကင်၌ ရောင့်ရဲပြီးမှ၊ တဖန်ဧဒုံပြည်အပေါ်မှာ၎င်း၊ ငါကျိန်သော လူများတို့အပေါ်မှာ၎င်း၊ ဒဏ်ပေးခြင်းငှါ ရောက်လိမ့်မည်၊၊ ၆ထာဝရဘုရား၏ထားတော်သည် အသွေးနှင့်ဝပြီ၊၊ ဆီဥနှင့်ဆူပြီ၊၊ သိုးသငယ်နှင့်ဆိတ်တို့၏ အသွေး၊ သိုးထီးတို့၏ ကျောက် ကပ်ဆီဥနှင့်ဆူဝပြီ၊၊ ထာဝရဘုရားသည် ဗောဇရမြို့၌ ယဇ်ပွဲကို၎င်း၊ ဧဒုံပြည်၌ ကြီးစွာသော သတ်ခြင်းပွဲကို၎င်း ခံတော်မူ၏၊၊ ၇ကြံ့များနှင့် နွားလားဥဿဘများတို့သည် လဲကြသဖြင့်၊ သူတို့နေရာမြေသည် သူတို့အသွေးနှင့် ယစ်မူး၍၊ မြေ မှုန့်သည်လည်း ဆီဥနှင့်ဆူဝလိမ့်မည်၊၊ ၈ထာဝရဘုရားဒဏ်ပေးတော်မူရာနေ့၊ ဇိအုန်မြို့၏ အမှုကိုစောင့်၍ အပြစ်ပေးတော်မူရာ နှစ်ရောက်လေပြီ၊၊ ၉ထိုပြည်၏မြစ်ရေသည် ထင်းရူးစေး၊ မြေမှုန့်လည်းကန့်၊ တပြည်လုံးသည် မီးလောင်သော အစေးဖြစ်လိမ့်မည်၊၊ ၁ဝနေ့ညဉ့်မပြတ် မီးမငြိမ်းရ၊၊ မီးခိုးလည်း အစဉ်တက်လိမ့်မည်၊၊ ထိုပြည်သည် လူမျိုးအစဉ်အဆက် ဆိတ်ညံ၍၊ ကာလအစဉ်အမြဲ အဘယ်သူမျှမရှောက်မသွားရ၊၊ ၁၁ ဝံပိုငှက်နှင့် ဖြူကောင်တို့သည် ထိုပြည်ကိုအမွေခံ၍၊ ဣဗိတ်ငှက်နှင့် ကျီးအတို့သည်လည်း နေကြလိမ့်မည်၊၊ ထိုမြေအပေါ်မှာလွတ်လပ်ခြင်း မျဉ်းကြိုးကို တန်း၍၊ လဟာမှန်ထုပ်ကို စီရင်တော်မူလိမ့်မည်၊၊ ၁၂မင်းအရာ၌ မြှောက်ရသော မှူးတော်မတ်တော်မရှိရ၊၊ မင်းရိုးပြတ်ရလိမ့်မည်၊၊ ၁၃ဘုံဗိမာန်တို့၌၄င်း၊ ရဲတိုက်တို့၌၄င်း၊ ဆူးပင်အမျိုးမျိုးပေါက်ကြလိမ့်မည်၊၊ မြေခွေးခိုရာ၊ ကုလားအုပ်ငှက် နေရာဖြစ်ရလိမ့်မည်၊၊ ၁၄ထိုအရပ်၌ တောသားရဲတို့သည် တောခွေးတို့နှင့် တွေ့ကြုံကြလိမ့်မည်၊၊ မျောက်တို့သည် အချင်းချင်းတကောင်ကို တကောင်မြည်ကြလိမ့်မည်၊၊ ထိုအရပ်၌ လိလိတ်ငှက်သည်လည်း နား၍ ခိုလှုံရာကို တွေ့လိမ့်မည်၊၊ ၁၅ခုန်တတ်သော မြွေသည်လည်း၊ ထိုအရပ်၌ အသိုက်လုပ်၍ဥလိမ့်မည်၊၊ အဥပေါက်ပြီးမှ မြွေသငယ်တို့ကို စုသိမ်း၍ကွယ်ကာလိမ့်မည်၊ လင်းတတို့သည်လည်း ထိုအရပ်၌ စုဝေး၍၊ အထီးအမများပေါင်း ကြလိမ့်မည်၊၊ ၁၆ထာဝရဘုရား၏ ကျမ်းစာကိုကြည့်ရှု၍ ဘတ်ကြလော့၊၊ ထိုတိရစ္ဆာန်တကောင်မျှမပေါ်ဘဲမနေရ။ အမတကောင်မျှ မိမိအဘော်ကိုမလိုရ၊၊ ထာဝရဘုရာ၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏၊၊ ဝိညာဉ်တော်သည်လည်း ၁၇သူတို့ကိုစာရေးတံပြုလျက်၊ လက်တော်နှင့်မျဉ်းကြိုးကိုတန်းလျက်၊ သူတို့နေရာကိုခွဲဝေတော်မူ၏၊၊ သူတို့သည် ထိုပြည်ကိုအမြဲအမွေခံ၍၊ အမျိုးအနွှယ်အစဉ်အဆက် နေရကြလိမ့်မည်၊            ၁အိုလူမျိုးတို့ သင်တို့သည် ကြားရအံ့သောငှါချဉ်းကပ်ကြလော့၊၊ အိုလူစုတို့၊ နားထောင်ကြလော့၊၊ မြေကြီး နှင့် မြေကြီး၌ ပါသမျှသောအရာ၊ လောကဓာတ်နှင့် လောကဓာတ် တန်ဆာခပ်သိမ်းတို့သည် ကြားကြပါစေ၊၊ ၂ထာဝရ ဘုရား၏ အမျက်တော်သည် လူမျိုးအပေါင်းတို့၌ထွက်၍၊ ပြင်းစွာသော အမျက်တော်သည် သူတို့အလုံးအရင်း အပေါ်မှာ သင့်ရောက်လေ၏၊၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ အသေသတ်ခြင်း၌ အပ်လိုက်တော်မူ၏၊၊ ၃သူတို့တွင် အသေခံရသော သူတို့ကို ပြင်သို့ပစ်လိုက်သဖြင့်၊ အသေကောင်တို့သည် နံစော်၍၊ သူတို့၏ အသွေးဖြင့် တောင်တို့ သည် အရည်ဖြစ်ကြလိမ့်မည်၊၊ ၄ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည်ပြုတ်၍၊ မိုဃ်းကောင်းကင်သည် စာလိပ် ကဲ့သို့ လိပ်လျက်ရှိလိမ့်မည်၊၊ စပျစ်နွယ်ပင်မှ အရွက်ကျသကဲ့သို့၎င်း၊ သင်္ဘောသဖန်းပင်မှ သီးကျသကဲ့သို့၎င်း၊  ခပ်သိမ်း သော ကောင်းကင်တန်ဆာတို့သည် ကျကြလိမ့်မည်၊၊ ၅အကြောင်းမူကား၊ ငါ့ထားသည် မိုဃ်းကောင်းကင်၌ ရောင့်ရဲပြီးမှ၊ တဖန်ဧဒုံပြည်အပေါ်မှာ၎င်း၊ ငါကျိန်သော လူများတို့အပေါ်မှာ၎င်း၊ ဒဏ်ပေးခြင်းငှါ ရောက်လိမ့်မည်၊၊ ၆ထာဝရဘုရား၏ထားတော်သည် အသွေးနှင့်ဝပြီ၊၊ ဆီဥနှင့်ဆူပြီ၊၊ သိုးသငယ်နှင့်ဆိတ်တို့၏ အသွေး၊ သိုးထီးတို့၏ ကျောက် ကပ်ဆီဥနှင့်ဆူဝပြီ၊၊ ထာဝရဘုရားသည် ဗောဇရမြို့၌ ယဇ်ပွဲကို၎င်း၊ ဧဒုံပြည်၌ ကြီးစွာသော သတ်ခြင်းပွဲကို၎င်း ခံတော်မူ၏၊၊ ၇ကြံ့များနှင့် နွားလားဥဿဘများတို့သည် လဲကြသဖြင့်၊ သူတို့နေရာမြေသည် သူတို့အသွေးနှင့် ယစ်မူး၍၊ မြေ မှုန့်သည်လည်း ဆီဥနှင့်ဆူဝလိမ့်မည်၊၊ ၈ထာဝရဘုရားဒဏ်ပေးတော်မူရာနေ့၊ ဇိအုန်မြို့၏ အမှုကိုစောင့်၍ အပြစ်ပေးတော်မူရာ နှစ်ရောက်လေပြီ၊၊ ၉ထိုပြည်၏မြစ်ရေသည် ထင်းရူးစေး၊ မြေမှုန့်လည်းကန့်၊ တပြည်လုံးသည် မီးလောင်သော အစေးဖြစ်လိမ့်မည်၊၊ ၁ဝနေ့ညဉ့်မပြတ် မီးမငြိမ်းရ၊၊ မီးခိုးလည်း အစဉ်တက်လိမ့်မည်၊၊ ထိုပြည်သည် လူမျိုးအစဉ်အဆက် ဆိတ်ညံ၍၊ ကာလအစဉ်အမြဲ အဘယ်သူမျှမရှောက်မသွားရ၊၊ ၁၁ ဝံပိုငှက်နှင့် ဖြူကောင်တို့သည် ထိုပြည်ကိုအမွေခံ၍၊ ဣဗိတ်ငှက်နှင့် ကျီးအတို့သည်လည်း နေကြလိမ့်မည်၊၊ ထိုမြေအပေါ်မှာလွတ်လပ်ခြင်း မျဉ်းကြိုးကို တန်း၍၊ လဟာမှန်ထုပ်ကို စီရင်တော်မူလိမ့်မည်၊၊ ၁၂မင်းအရာ၌ မြှောက်ရသော မှူးတော်မတ်တော်မရှိရ၊၊ မင်းရိုးပြတ်ရလိမ့်မည်၊၊ ၁၃ဘုံဗိမာန်တို့၌၄င်း၊ ရဲတိုက်တို့၌၄င်း၊ ဆူးပင်အမျိုးမျိုးပေါက်ကြလိမ့်မည်၊၊ မြေခွေးခိုရာ၊ ကုလားအုပ်ငှက် နေရာဖြစ်ရလိမ့်မည်၊၊ ၁၄ထိုအရပ်၌ တောသားရဲတို့သည် တောခွေးတို့နှင့် တွေ့ကြုံကြလိမ့်မည်၊၊ မျောက်တို့သည် အချင်းချင်းတကောင်ကို တကောင်မြည်ကြလိမ့်မည်၊၊ ထိုအရပ်၌ လိလိတ်ငှက်သည်လည်း နား၍ ခိုလှုံရာကို တွေ့လိမ့်မည်၊၊ ၁၅ခုန်တတ်သော မြွေသည်လည်း၊ ထိုအရပ်၌ အသိုက်လုပ်၍ဥလိမ့်မည်၊၊ အဥပေါက်ပြီးမှ မြွေသငယ်တို့ကို စုသိမ်း၍ကွယ်ကာလိမ့်မည်၊ လင်းတတို့သည်လည်း ထိုအရပ်၌ စုဝေး၍၊ အထီးအမများပေါင်း ကြလိမ့်မည်၊၊ ၁၆ထာဝရဘုရား၏ ကျမ်းစာကိုကြည့်ရှု၍ ဘတ်ကြလော့၊၊ ထိုတိရစ္ဆာန်တကောင်မျှမပေါ်ဘဲမနေရ။ အမတကောင်မျှ မိမိအဘော်ကိုမလိုရ၊၊ ထာဝရဘုရာ၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏၊၊ ဝိညာဉ်တော်သည်လည်း ၁၇သူတို့ကိုစာရေးတံပြုလျက်၊ လက်တော်နှင့်မျဉ်းကြိုးကိုတန်းလျက်၊ သူတို့နေရာကိုခွဲဝေတော်မူ၏၊၊ သူတို့သည် ထိုပြည်ကိုအမြဲအမွေခံ၍၊ အမျိုးအနွှယ်အစဉ်အဆက် နေရကြလိမ့်မည်၊            ၁အိုလူမျိုးတို့ သင်တို့သည် ကြားရအံ့သောငှါချဉ်းကပ်ကြလော့၊၊ အိုလူစုတို့၊ နားထောင်ကြလော့၊၊ မြေကြီး နှင့် မြေကြီး၌ ပါသမျှသောအရာ၊ လောကဓာတ်နှင့် လောကဓာတ် တန်ဆာခပ်သိမ်းတို့သည် ကြားကြပါစေ၊၊ ၂ထာဝရ ဘုရား၏ အမျက်တော်သည် လူမျိုးအပေါင်းတို့၌ထွက်၍၊ ပြင်းစွာသော အမျက်တော်သည် သူတို့အလုံးအရင်း အပေါ်မှာ သင့်ရောက်လေ၏၊၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ အသေသတ်ခြင်း၌ အပ်လိုက်တော်မူ၏၊၊ ၃သူတို့တွင် အသေခံရသော သူတို့ကို ပြင်သို့ပစ်လိုက်သဖြင့်၊ အသေကောင်တို့သည် နံစော်၍၊ သူတို့၏ အသွေးဖြင့် တောင်တို့ သည် အရည်ဖြစ်ကြလိမ့်မည်၊၊ ၄ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည်ပြုတ်၍၊ မိုဃ်းကောင်းကင်သည် စာလိပ် ကဲ့သို့ လိပ်လျက်ရှိလိမ့်မည်၊၊ စပျစ်နွယ်ပင်မှ အရွက်ကျသကဲ့သို့၎င်း၊ သင်္ဘောသဖန်းပင်မှ သီးကျသကဲ့သို့၎င်း၊  ခပ်သိမ်း သော ကောင်းကင်တန်ဆာတို့သည် ကျကြလိမ့်မည်၊၊ ၅အကြောင်းမူကား၊ ငါ့ထားသည် မိုဃ်းကောင်းကင်၌ ရောင့်ရဲပြီးမှ၊ တဖန်ဧဒုံပြည်အပေါ်မှာ၎င်း၊ ငါကျိန်သော လူများတို့အပေါ်မှာ၎င်း၊ ဒဏ်ပေးခြင်းငှါ ရောက်လိမ့်မည်၊၊ ၆ထာဝရဘုရား၏ထားတော်သည် အသွေးနှင့်ဝပြီ၊၊ ဆီဥနှင့်ဆူပြီ၊၊ သိုးသငယ်နှင့်ဆိတ်တို့၏ အသွေး၊ သိုးထီးတို့၏ ကျောက် ကပ်ဆီဥနှင့်ဆူဝပြီ၊၊ ထာဝရဘုရားသည် ဗောဇရမြို့၌ ယဇ်ပွဲကို၎င်း၊ ဧဒုံပြည်၌ ကြီးစွာသော သတ်ခြင်းပွဲကို၎င်း ခံတော်မူ၏၊၊ ၇ကြံ့များနှင့် နွားလားဥဿဘများတို့သည် လဲကြသဖြင့်၊ သူတို့နေရာမြေသည် သူတို့အသွေးနှင့် ယစ်မူး၍၊ မြေ မှုန့်သည်လည်း ဆီဥနှင့်ဆူဝလိမ့်မည်၊၊ ၈ထာဝရဘုရားဒဏ်ပေးတော်မူရာနေ့၊ ဇိအုန်မြို့၏ အမှုကိုစောင့်၍ အပြစ်ပေးတော်မူရာ နှစ်ရောက်လေပြီ၊၊ ၉ထိုပြည်၏မြစ်ရေသည် ထင်းရူးစေး၊ မြေမှုန့်လည်းကန့်၊ တပြည်လုံးသည် မီးလောင်သော အစေးဖြစ်လိမ့်မည်၊၊ ၁ဝနေ့ညဉ့်မပြတ် မီးမငြိမ်းရ၊၊ မီးခိုးလည်း အစဉ်တက်လိမ့်မည်၊၊ ထိုပြည်သည် လူမျိုးအစဉ်အဆက် ဆိတ်ညံ၍၊ ကာလအစဉ်အမြဲ အဘယ်သူမျှမရှောက်မသွားရ၊၊ ၁၁ ဝံပိုငှက်နှင့် ဖြူကောင်တို့သည် ထိုပြည်ကိုအမွေခံ၍၊ ဣဗိတ်ငှက်နှင့် ကျီးအတို့သည်လည်း နေကြလိမ့်မည်၊၊ ထိုမြေအပေါ်မှာလွတ်လပ်ခြင်း မျဉ်းကြိုးကို တန်း၍၊ လဟာမှန်ထုပ်ကို စီရင်တော်မူလိမ့်မည်၊၊ ၁၂မင်းအရာ၌ မြှောက်ရသော မှူးတော်မတ်တော်မရှိရ၊၊ မင်းရိုးပြတ်ရလိမ့်မည်၊၊ ၁၃ဘုံဗိမာန်တို့၌၄င်း၊ ရဲတိုက်တို့၌၄င်း၊ ဆူးပင်အမျိုးမျိုးပေါက်ကြလိမ့်မည်၊၊ မြေခွေးခိုရာ၊ ကုလားအုပ်ငှက် နေရာဖြစ်ရလိမ့်မည်၊၊ ၁၄ထိုအရပ်၌ တောသားရဲတို့သည် တောခွေးတို့နှင့် တွေ့ကြုံကြလိမ့်မည်၊၊ မျောက်တို့သည် အချင်းချင်းတကောင်ကို တကောင်မြည်ကြလိမ့်မည်၊၊ ထိုအရပ်၌ လိလိတ်ငှက်သည်လည်း နား၍ ခိုလှုံရာကို တွေ့လိမ့်မည်၊၊ ၁၅ခုန်တတ်သော မြွေသည်လည်း၊ ထိုအရပ်၌ အသိုက်လုပ်၍ဥလိမ့်မည်၊၊ အဥပေါက်ပြီးမှ မြွေသငယ်တို့ကို စုသိမ်း၍ကွယ်ကာလိမ့်မည်၊ လင်းတတို့သည်လည်း ထိုအရပ်၌ စုဝေး၍၊ အထီးအမများပေါင်း ကြလိမ့်မည်၊၊ ၁၆ထာဝရဘုရား၏ ကျမ်းစာကိုကြည့်ရှု၍ ဘတ်ကြလော့၊၊ ထိုတိရစ္ဆာန်တကောင်မျှမပေါ်ဘဲမနေရ။ အမတကောင်မျှ မိမိအဘော်ကိုမလိုရ၊၊ ထာဝရဘုရာ၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏၊၊ ဝိညာဉ်တော်သည်လည်း ၁၇သူတို့ကိုစာရေးတံပြုလျက်၊ လက်တော်နှင့်မျဉ်းကြိုးကိုတန်းလျက်၊ သူတို့နေရာကိုခွဲဝေတော်မူ၏၊၊ သူတို့သည် ထိုပြည်ကိုအမြဲအမွေခံ၍၊ အမျိုးအနွှယ်အစဉ်အဆက် နေရကြလိမ့်မည်၊            ၁အိုလူမျိုးတို့ သင်တို့သည် ကြားရအံ့သောငှါချဉ်းကပ်ကြလော့၊၊ အိုလူစုတို့၊ နားထောင်ကြလော့၊၊ မြေကြီး နှင့် မြေကြီး၌ ပါသမျှသောအရာ၊ လောကဓာတ်နှင့် လောကဓာတ် တန်ဆာခပ်သိမ်းတို့သည် ကြားကြပါစေ၊၊ ၂ထာဝရ ဘုရား၏ အမျက်တော်သည် လူမျိုးအပေါင်းတို့၌ထွက်၍၊ ပြင်းစွာသော အမျက်တော်သည် သူတို့အလုံးအရင်း အပေါ်မှာ သင့်ရောက်လေ၏၊၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ အသေသတ်ခြင်း၌ အပ်လိုက်တော်မူ၏၊၊ ၃သူတို့တွင် အသေခံရသော သူတို့ကို ပြင်သို့ပစ်လိုက်သဖြင့်၊ အသေကောင်တို့သည် နံစော်၍၊ သူတို့၏ အသွေးဖြင့် တောင်တို့ သည် အရည်ဖြစ်ကြလိမ့်မည်၊၊ ၄ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည်ပြုတ်၍၊ မိုဃ်းကောင်းကင်သည် စာလိပ် ကဲ့သို့ လိပ်လျက်ရှိလိမ့်မည်၊၊ စပျစ်နွယ်ပင်မှ အရွက်ကျသကဲ့သို့၎င်း၊ သင်္ဘောသဖန်းပင်မှ သီးကျသကဲ့သို့၎င်း၊  ခပ်သိမ်း သော ကောင်းကင်တန်ဆာတို့သည် ကျကြလိမ့်မည်၊၊ ၅အကြောင်းမူကား၊ ငါ့ထားသည် မိုဃ်းကောင်းကင်၌ ရောင့်ရဲပြီးမှ၊ တဖန်ဧဒုံပြည်အပေါ်မှာ၎င်း၊ ငါကျိန်သော လူများတို့အပေါ်မှာ၎င်း၊ ဒဏ်ပေးခြင်းငှါ ရောက်လိမ့်မည်၊၊ ၆ထာဝရဘုရား၏ထားတော်သည် အသွေးနှင့်ဝပြီ၊၊ ဆီဥနှင့်ဆူပြီ၊၊ သိုးသငယ်နှင့်ဆိတ်တို့၏ အသွေး၊ သိုးထီးတို့၏ ကျောက် ကပ်ဆီဥနှင့်ဆူဝပြီ၊၊ ထာဝရဘုရားသည် ဗောဇရမြို့၌ ယဇ်ပွဲကို၎င်း၊ ဧဒုံပြည်၌ ကြီးစွာသော သတ်ခြင်းပွဲကို၎င်း ခံတော်မူ၏၊၊ ၇ကြံ့များနှင့် နွားလားဥဿဘများတို့သည် လဲကြသဖြင့်၊ သူတို့နေရာမြေသည် သူတို့အသွေးနှင့် ယစ်မူး၍၊ မြေ မှုန့်သည်လည်း ဆီဥနှင့်ဆူဝလိမ့်မည်၊၊ ၈ထာဝရဘုရားဒဏ်ပေးတော်မူရာနေ့၊ ဇိအုန်မြို့၏ အမှုကိုစောင့်၍ အပြစ်ပေးတော်မူရာ နှစ်ရောက်လေပြီ၊၊ ၉ထိုပြည်၏မြစ်ရေသည် ထင်းရူးစေး၊ မြေမှုန့်လည်းကန့်၊ တပြည်လုံးသည် မီးလောင်သော အစေးဖြစ်လိမ့်မည်၊၊ ၁ဝနေ့ညဉ့်မပြတ် မီးမငြိမ်းရ၊၊ မီးခိုးလည်း အစဉ်တက်လိမ့်မည်၊၊ ထိုပြည်သည် လူမျိုးအစဉ်အဆက် ဆိတ်ညံ၍၊ ကာလအစဉ်အမြဲ အဘယ်သူမျှမရှောက်မသွားရ၊၊ ၁၁ ဝံပိုငှက်နှင့် ဖြူကောင်တို့သည် ထိုပြည်ကိုအမွေခံ၍၊ ဣဗိတ်ငှက်နှင့် ကျီးအတို့သည်လည်း နေကြလိမ့်မည်၊၊ ထိုမြေအပေါ်မှာလွတ်လပ်ခြင်း မျဉ်းကြိုးကို တန်း၍၊ လဟာမှန်ထုပ်ကို စီရင်တော်မူလိမ့်မည်၊၊ ၁၂မင်းအရာ၌ မြှောက်ရသော မှူးတော်မတ်တော်မရှိရ၊၊ မင်းရိုးပြတ်ရလိမ့်မည်၊၊ ၁၃ဘုံဗိမာန်တို့၌၄င်း၊ ရဲတိုက်တို့၌၄င်း၊ ဆူးပင်အမျိုးမျိုးပေါက်ကြလိမ့်မည်၊၊ မြေခွေးခိုရာ၊ ကုလားအုပ်ငှက် နေရာဖြစ်ရလိမ့်မည်၊၊ ၁၄ထိုအရပ်၌ တောသားရဲတို့သည် တောခွေးတို့နှင့် တွေ့ကြုံကြလိမ့်မည်၊၊ မျောက်တို့သည် အချင်းချင်းတကောင်ကို တကောင်မြည်ကြလိမ့်မည်၊၊ ထိုအရပ်၌ လိလိတ်ငှက်သည်လည်း နား၍ ခိုလှုံရာကို တွေ့လိမ့်မည်၊၊ ၁၅ခုန်တတ်သော မြွေသည်လည်း၊ ထိုအရပ်၌ အသိုက်လုပ်၍ဥလိမ့်မည်၊၊ အဥပေါက်ပြီးမှ မြွေသငယ်တို့ကို စုသိမ်း၍ကွယ်ကာလိမ့်မည်၊ လင်းတတို့သည်လည်း ထိုအရပ်၌ စုဝေး၍၊ အထီးအမများပေါင်း ကြလိမ့်မည်၊၊ ၁၆ထာဝရဘုရား၏ ကျမ်းစာကိုကြည့်ရှု၍ ဘတ်ကြလော့၊၊ ထိုတိရစ္ဆာန်တကောင်မျှမပေါ်ဘဲမနေရ။ အမတကောင်မျှ မိမိအဘော်ကိုမလိုရ၊၊ ထာဝရဘုရာ၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏၊၊ ဝိညာဉ်တော်သည်လည်း ၁၇သူတို့ကိုစာရေးတံပြုလျက်၊ လက်တော်နှင့်မျဉ်းကြိုးကိုတန်းလျက်၊ သူတို့နေရာကိုခွဲဝေတော်မူ၏၊၊ သူတို့သည် ထိုပြည်ကိုအမြဲအမွေခံ၍၊ အမျိုးအနွှယ်အစဉ်အဆက် နေရကြလိမ့်မည်၊