သီချင်းစာသား = ရောဘတ် ရော်ဘင်ဆင် (၁၇၃၅ – ၁၇၉၀)
ကျမ်းညွှန်း – ၁ရာ ၇း၁၂

ရော်ဘတ်ရောဘင်ဆင်သည် ၁၇၃၅ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့တွင် အင်္ဂလန်နိုင်ငံ နော်ဖောက်နယ် ဆွပ်ဟမ်ဒေတွင် ဖွားမြင်ခဲ့ပါသည်။ သူ၏အသက် ရှစ်နှစ်အရွယ်တွင် ဖခင်ဖြစ်သူမှာ သေဆုံးသွားခဲ့ပြီးနောက် မိခင်ဖြစ်သူက ရောဘင်ဆင် အသက် (၁၄) နှစ် အရွယ်တွင် ဆံပင်ညှပ်ပညာကို သင်ယူရန်အတွက် လန်ဒန်မြို့သို့ စေလွှတ်ခဲ့ပါသည်။ သို့သော် ထိုနေရာ တွင် မိဘအုပ်ထိန်းမှုအောက်မှ လွှတ်မြောက်နေသည့်အတွက် မကြာမီ မှာပင် ဆိုးသွမ်းလူငယ်များနှင့် အပေါင်းအသင်းဖြစ်သွားခဲ့ပြီး လုံးဝ ပျက်ဆီး ဆိုးသွမ်းသွား လေတော့သည်။
အသက် (၁၇) နှစ်သို့ရောက်သောအခါ တရာဟောဆရာကြီးတစ်ပါးဖြစ်သော ၀ှိုက်ဖီးလ် တရားဟောသော နေရာသို့ ရောက်ရှိ သွားလေတော့သည်။ ထိုသို့ ရောက်ရှိရခြင်း အကြောင်း မှာလည်း ထိုတရားပွဲတွင် တရားဟောဆရာကို လှောင်ပြောင် လိုသောကြောင့် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုနေရာတွင် တရားဟော ဆရာ၏ ဟောပြော ဝေငှမှုကို စိတ်ဝင်စားခဲ့ပြီး အသက်တာ ပြောင်းလဲသွားလေတော့သည်။ ထိုနေရာမှာပင် ခရစ်တော်ကို ယုံကြည်လက်ခံ လိုက်လေတော့သည်။
နှစ်အတော်ကြာသောအခါ အမှုတော်လုပ်ငန်းတွင် ဘုရားသခင်ရွေးကောက်သည်ဟု ခံစားယုံကြည်ပြီးနောက် မက်သဒစ်အသင်းတော်တွင် အမှုတော်ဆောင်အဖြစ် ပါဝင်လုပ် ဆောင်ခဲ့သည်။ ထိုနောက် ကိန်ဘရစ်မြို့သို့ ပြောင်းရွေ့လာခဲ့ပြီး နှစ်ခြင်းအသင်းတော်သို့ ပြောင်ရွှေ့အမှုတော်ဆောင်ခဲ့သည်။ ထိုနေရာတွင် သင်းအုပ်ဆရာ တစ်ပါးဖြစ်လာ ခဲ့သည်။ ထိုအသင်းတော်မှာပင် နေထိုင်ကာ ဓမ္မပညာနှင့်ဆိုင်သော စာအုပ်များကို ရေးသားခြင်း အားဖြင့်လည်းကောင်း၊ ဓမ္မ သီချင်းများကို ရေးသားခြင်း အားဖြင့်လည်းကောင်း နာမည် ကျော်ကြားလာလေ တော့သည်။
မင်္ဂလာဆုပေါင်းဖြစ်ပွားရာကျူး သီချင်းကို သူ၏အသက် (၂၃) နှစ်အရွယ်တွင် ရေးစပ် သီကုန်းခဲ့ လေသည်။ ထိုသီချင်းမှာ ၁ရာ ၇း၁၂ တွင် ဖိလ္လိတိလူတို့၏ ရန်ပြု တိုက်ခိုက်ခံရမည့် အရေးကို ကြုံတွေ့နေရသော ဣသရလလူမျိုးတို့သည် ရှမွေလထံလာရောက်၍ ဆုတောင်း ပေးရန် တောင်းဆိုကြလေသည်။ ထိုအခါ ရှမွေလက သိုးသူငယ်တစ်ကောင် ကိုယူကာ ယဇ်ပူဇော်ပြီးနောက် ဆုတောင်းခြင်းအမှုကို ပြုလေတော့သည်။ ထိုသို့ ဆုတောင်းခြင်းဖြင့် ဖိလ္လိတိလူတို့ စစ်ပွဲတွင် ရှုံးနိမ့်သွားပြီးနောက် ရှမွေလက ကျောက်တိုင်ကို ယူကာ ထိုမြို့တွင် စိုက်ထူထားပြီးနောက်ဧဗနေဇာဟူသောအမည်ကို မှည့်ခေါ်ခဲ့လေသည်။ ထိုအကြောင်းကို ခံစားပြီး ရေးစပ် သီကုန်းထားခြင်းဖြစ်လေသည်။ သို့သော် သူသည် နောက်ပိုင်းတွင် အသက်တာရွှေ လျော့ဖောက်ပြန်ပြီး နောက် အသက်တာ ကျဆင်း သွားခဲ့လေသည်။ ထိုမင်္ဂလာ ဆုပေါင်းသီချင်း၏ တတိယစာသားတွင်ရှိသော “လမ်းလွဲလျက် ဘေးရောက် လုသောအခါ ယေရှုရှင် ငါ့ကိုလိုက်ရှာ”ဟူသော စာသားသည် သူ၏ နောက်ပိုင်း အသက်တာကို ကြိုတင်နိမိတ်ဖတ် ပရောဖတ်ပြုနေသကဲ့သို့ ဖြစ်သည်။
တစ်နေ့သောအခါ ရောဘတ်ရော်ဘင်ဆင်သည် ရထားဖြင့် ခရီးတစ်ခုကို သွားရောက် ခဲ့လေသည်။ ထိုခရီးစဉ်တွင် ရထားပေါ်၌ မျက်နှာချင်းဆိုင် ထိုင်နေသော အမျိုးသမီး တစ်ဦးသည် ဓမ္မသီချင်း စာအုပ်ကိုကိုင်ပြီး ထိုအထဲမှ ဓမ္မသီချင်းတစ်ပိုဒ်ကို သီဆိုချီးမွမ်း နေလေသည်။ သူမသီဆိုသော သီချင်းမှာ သူရေးစပ်သော မင်္ဂလာဆုကျူး သီချင်းဖြစ်နေ သည်။ ထိုသီချင်းဆိုပြီးနောက် သူမသည် ရောဘင်ဆင်ကို စေ့စေ့ကြည့်လိုက် ပြီးနောက် မိမိ ညည်းဆိုသော သီချင်းကို မည်သို့ ထင်ပါသနည်းဟု မေးမြန်လေရာ ရော်ဘင်ဆင်သည် မျက်ရည်များ ထိန်းမနိုင်သိမ်းမရ ကျဆင်း လာလေတော့သည်။ အဘယ်ကြောင့်ဆိုသော ယခင် သီချင်းရေးစပ် သော အချိန်ကာလက ၀ိညာဉ်ရေးအခြေအနေနှင့် ယခု လက်ရှိ အနေအထားတွင် ရှိနေသော ၀ိညာဉ်ရေး အခြေ အနေမှာ မိုးနှင့်မြေလောက်ပင် ကွာခြား နေသောကြောင့်ဖြစ်သည်။ “အဲဒီသီချင်းကို ကျွန်တော်ရေးစပ်ခဲ့တာပါ။ အဲဒီအချိန်က ရှိခဲ့တဲ့ ၀ိညာဉ်ရေး အခြေအနေမျိုး ပြန်ရမယ်ဆိုရင် ကမ္ဘာပေါင်း ထောင်ချီပြီးတော့ ပေးလိုက်ချင် ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့လေသည်။
ထိုသီချင်းကို ၁၈၁၃ ခုနှစ်တွင် ပုံနှိပ်ထုပ်ဝေခဲ့သော “Wyeth’s Repository of Sacred” စာအုပ်တွင် ပထမဦးဆုံးအကြိမ်ဖော်ပြခဲ့လေသည်။
မင်္ဂလာဆုကျူး။ ၄၁၊ ၁ရာ၊ ၇း၁၂
Come, thou fount of every blessing
၁။ မင်္ဂလာဆုပေါင်းဖြစ်ပွါးရာ၊
ယေရှုရှင်၊ မတော်မူပါ။
နေ့ရက်တိုင်းခံရာဆုကျေးဇူး။
နေ့ရက်တိုင်းချီးမွမ်းလိုမူ။
ကောင်းကင်ဘုံသားကျူးသောလင်္ကာ၊
တုပြိုင်လျှက်ချီးမွမ်းလိုပါ။
မေတ္တာတော်တိုင်းထက်လွန်ကြီးပေ၊
မေတ္တာပင်ပြန်ပို့လိုလေ။
၂။ ခုတိုင်အောင်မစတော်မူလို၊
မစတော်မူကျေးဇူးကြောင့်ပေ။
ရွှေပြည်တော်ငါစောင့်စားလေ။
လမ်းလွှဲလျှက်ဘေးရောက်လုသောခါ၊
ယေရှုရှင်ငါ့ကိုလိုက်ရှာ။
ငါ့သက်ကိုကယ်တင်မူလိုငှါ၊
သက်တော်မြတ်စွန့်လေတကား။
၃။ ကျေးဇူးတော်သည်ထူးမြတ်လွန်လေ၊
ကျေးဇူးတော်အောက်မေ့လိုပေ။
ကျေးဇူးရှင်၊ ထိုကျေးဇူးအားဖြင့်
ကျွန်ုပ်စိတ်ကိုနှောင်စေချင်။
မှားမိလွန်းလို့၊ စိတ်ပျက်လုပါ၊
ချစ်ခင်ရှင်ကယ်မသနား၊
ကျွန်ုပ်စိတ်ကိုယူတော်မူလျှင်၊
ကောင်းကင်ဘုံကပြန်ပါရှင်။