တမန်တော်အခန်းကြီး(၁၉)


၁အာပေါလုသည် ကောရိသုမြို့၌နေစဉ်၊ ပေါလုသည် အထက်အရပ်များသို့ ရှောက်သွားပြီးမှ ဧဖက်မြို့ သို့ရောက်၍၊ တပည့်တော်အချို့တို့ကိုတွေ့လျှင်၊ ၂သင်တို့သည် ယုံကြည်သည်နောက်၊ သန့်ရှင်းသောဝိညာဉ် တော်ကိုခံကြပြီလောဟု မေးသည်ရှိသော်၊ သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်သည်ကို အကျွန်ုပ်တို့ မသိပါဟု ပြောဆိုကြ၏။ ၃ပေါလုကလည်း၊ သို့ဖြင်လျှင်၊ သင်တို့သည် အဘယ်မည်သော ဗတ္တိဇံ ကိုခံကြသနည်း ဟု မေးလျှင် ယောဟန်၏ ဗတ္တိဇံ ကိုခံပါသည်ဟု ပြောဆိုကြ၏။ ၄ပေါလုကလည်း၊ ယောဟန်က၊ ငါ့နောက်ကြွ လာသောသူကို ယုံကြည်ရမည်ဟု လူများတို့အားပြောဆိုလျက်၊ နောင်တနှင့်စပ်ဆိုင်သော ဗတ္တိဇံ ကိုပေး၏။ ထိုသို့ဆိုရာ၌ ယေရှုခရစ်ကိုဆိုလိုသည်၊ ၅ဟူသောစကားကို ကြားလျှင်၊ ထိုသူတို့သည် သခင်ယေရှု၏နာမ၌ ဗတ္တိဇံ ကိုခံကြ၏။ ၆ပေါလုသည်လည်း၊ သူတို့အပေါ်၌ လက်ကိုတင်လျှင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဆင်းသက်တော်မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကိုပြော၍ ပရောဖက်ပြုကြ၏။ ၇ထိုသူ တို့သည် အရေအတွက်အားဖြင့် တကျိတ်နှစ်ယောက်မျှလောက် ရှိသတည်း။

၈ထိုနောက်မှ ပေါလုသည် တရားစရပ်သို့ဝင်၍ သုံးလပတ်လုံး ဘုရားသခင်၏ နိုင်ငံတော်အကြောင်း များကို ဆွေးနွှေးနှီးနှော၍ ဖြားယောင်းသွေးဆောင်သဖြင့် ရဲရင့်စွာဟောပြောလေ၏။ ၉အချို့သောသူတို့သည် ခိုင်မာသောစိတ်ရှိ၍ မယုံကြည်ဘဲနေလျက်၊ လူများရှေ့မှာ ထိုဘာသာကိုကဲ့ရဲ့သောအခါ၊ ပေါလုသည် သူတို့ အထဲမှ ထွက်သွား၍ တပည့်တော်တို့ကို အသီးအခြားခွဲထားပြီးမှ၊ ၁ဝတုရန္နုအမည်ရှိသောသူ၏ စာသင်စရပ်၌ နှစ်နှစ်ပတ်လုံး နေ့တိုင်းဟောပြောသောအားဖြင့်၊ အာရှိပြည်သားဖြစ်သော ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် သခင်ယေရှု၏ နှုတ်ကပတ်တရားတော်ကို ကြားရကြ၏။ ၁၁ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန်တရာ ထူးဆန်းသော တန်ခိုးများကို ပြတော်မူသည်ဖြစ်၍၊ ပေါလုသုံးသောပုဝါ၊ ခါးပန်း တခုခုကို အနာရောဂါရှိသော သူတို့ဆီသို့၊ ပေးလိုက်၍၊ သူတို့သည် အနာရောဂါနှင့် ကင်းလွတ်ကြ၏။ နတ်ဆိုးတို့လည်း ထွက်သွား ကြ၏။

၁၃ထိုအခါ အရပ်ရပ်သို့လှည့်လည်၍ ဓိဋ္ဌာန်သစ္စာပေးတတ်သော ယုဒလူအချို့တို့က၊ ပေါလုဟောပြော သော ယေရှုကိုငါတိုင်တည်၍ သင်တို့ကို ဓိဋ္ဌာန်သစ္စာပေး၏ဟုဆိုလျက်၊ နတ်ဆိုးစွဲသောသူတို့၏အပေါ်၌ သခင်ယေရှု၏ နာမတော်ကိုမြွက်စမ်းကြ၏။ ၁၄သကေဝအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏ သားခုနစ်ယောက်တို့သည် ထိုသို့ပြုကြ၏။ ၁၅နတ်ဆိုးကလည်း၊ ယေရှုကို ငါသိ၏။ ပေါလုကိုလည်း ငါသိ၏။ သင်တို့ကား၊ အဘယ် သူနည်းဟု ပြောဆိုပြီးလျှင်၊ ၁၆နတ်ဆိုးစွဲသောသူသည် ထိုသူတို့အပေါ်သို့ ခုန်တက်၍နိုင်သဖြင့် လုယက်နှိပ်စက် သောကြောင့်၊ ထိုအိမ်မှအဝတ်မပါဘဲ အနာများနှင့်ထွက်ပြေးစေ၏။ ၁၇ထိုအကြောင်းအရာကို ဧဖက်မြို့၌နေသော ယုဒလူနှင့် ဟေလသလူအပေါင်းတို့သည် ကြားသိလျှင်၊ ကြောက်ရွံ့ခြင်းသို့ရောက်၍ သခင်ယေရှု၏နာမတော် ကိုချီးမွမ်းကြ၏။ ၁၈ယုံကြည်သောသူ အများတို့သည်လည်း လာ၍မိမိတို့အကျင့်ကို ဘော်ပြလျက် တောင်းပန် ကြ၏။ ၁၉နတ်ဝိဇ္ဇာအတတ်ကိုသုံးဆောင်သော သူအများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့၍ လူအပေါင်း တို့ရှေ့မှာမီးရှို့ကြ၏။ စာစောင်အဘိုးကိုချင့်တွက်သော်၊ ငွေအသပြာငါးသောင်းထိုက်သည်ကို သိကြ၏။ ၂ဝထိုသို့ ဘုရားသခင်၏ သာသနာတော်သည် တန်ခိုးနှင့်တိုးပွား၍ အောင်မြင်လေ၏။

၂၁ထိုနောက်မှ ပေါလုက၊ ငါသည် မာကေဒေါနိပြည်၌ အခါယပြည်ကို ရှောက်သွားပြီးလျှင်၊ ယေရှုရှလင် မြို့သို့သွားမည်။ ထိုမြို့သို့ရောက်ပြီးသည်နောက်၊ ရောမမြို့ကို မြင်ရမည်ဟု စိတ်ထဲ၌ အကြံရှိသည်ဖြစ်၍၊ ၂၂မိမိအား လုပ်ကြွေးသောသူနှစ်ယောက်၊ တိမောသေနှင့် ဧရတ္တုတို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ မိမိသည် အာရှိပြည်၌ ခဏနေသေး၏။

၂၃ထိုအခါ ဘာသာတရားကြောင့်ရောက်သော အမှုကြီးဟူမူကား၊ ၂၄ဒေမေတရိအမည်ရှိသော ပန်းတိမ် သမားတယောက်သည် အာတေမိနတ်သမီး၏ ငွေဗိမာန်ငယ်တို့ကို လုပ်သဖြင့်၊ ပန်းတိမ်သမားတို့အား စီးပွား များကို ပြုတတ်၏။ ၂၅ထိုသူသည် ပန်းတိမ်သမားတို့နှင့် ထိုသို့သောအတတ်သမားများကို စုရုံးစေပြီးလျှင်၊ အချင်းလူတို့၊ ဤအတတ်ကိုအမှီပြု၍ ငါတို့၌အကျိုးစီးပွားဖြစ်သည်ကို သင်တို့သိကြ၏။ ၂၆ယခုတွင် ထိုပေါလုက၊ လူလက်ဖြင့်လုပ်သမျှတို့သည် ဘုရားမဟုတ်ဟုဆိုသဖြင့်၊ ဧဖက်မြို့မှစ၍ အာရှိပြည်တရှောက်လုံး ကုန်မတတ်၊ လူအပေါင်းတို့ကို ဖြားယောင်းသွေးဆောင်သည်ကို သင်တို့သည်မြင်လျှက်၊ ကြားလျှက် ရှိကြ၏။ ၂၇ထိုသို့ လူများတို့သည် ငါတို့၏အတတ်ကို ကဲ့ရဲ့သည်သာမက၊ ကြီးမြတ်သောနတ်သမီး အာတေမိ၏ဗိမာန်တော်ကို ပမာဏမပြုသဖြင့်၊ အာရှိပြည်တရှောက်လုံးမှစ၍ လောကီနိုင်ငံသားတို့ကိုးကွယ်သော ဘုန်းအသရေတော်ကို ပျက်ဆီးခြင်းသို့ရောက်မည်ကို စိုးရိမ်စရာအကြောင်းရှိပါသည်ဟု ပြောဆို၏။ ၂၈ထိုစကားကိုကြားလျှင်၊ ထိုသူတို့သည် ဒေါသအမျက်နှင့်ပြည့်သဖြင့်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု အော်ဟစ်ကြ၏။ ၂၉တမြို့လုံး ရုန်းရင်ခတ်မျှဖြစ်၍ ပေါလုနှင့်အတူ ဒေသစာရီလှည့်လည်သော မာကေဒေါနိလူ ဂါယုနှင့် အာရိတ္တာခု တို့ကို ဆွဲယူပြီးလျှင်၊ ပွဲခံရာစရပ်ထဲသို့ ညီညွတ်စွာတဟုန်တည်း ပြေးဝင်ကြ၏။ ၃ဝပေါလုသည် လူစုထဲသို့ဝင် ခြင်းငှါ အလိုရှိလျှင် တပည့်တော်တို့သည် မြစ်တားကြ၏။ ၃၁ပေါလု၏အဆွေဖြစ်သော အာရှိပွဲမင်းအချို့ကလည်း၊ ပွဲခံရာစရပ်ထဲသို့ ကိုယ်ကိုမအပ်ပါနှင့်ဟု သူ့ထံသို့စေလွှတ်၍ တောင်းပန်လေ၏။ ၃၂စုဝေးသောလူတို့သည် ရုန်းရင်းခတ်မျှဖြစ်၍ တယောက်တခြားစီ အော်ဟစ်သဖြင့်၊ လူအများတို့သည် မိမိတို့စုဝေးရသည်အကြောင်း ကိုပင် မိမိတို့မသိကြ။

၃၃ယုဒလူတို့သည် အလေဇန္ဒြုကိုအခွင့်ပေး၍ သူတပါးတို့သည် လူစုရှေ့သို့သွားစေသဖြင့်၊ သူသည် လက်နှင့် အမှတ်ပေး၍ အပြစ်ဖြေစရာစကားကို လူများတို့အား ပြောခြင်းငှါအလိုရှိ၏။ ၃၄သူသည် ယုဒလူဖြစ် သည်ကိုသိကြလျှင်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု နှစ်နာရီခန့်မျှလောက် လူအပေါင်း တို့သည် တသံတည်းနှင့်ဟစ်ကြ၏။ ၃၅မြို့စာရေးသည် လူများကိုတိတ်စေပြီးလျှင်၊ ဧဖက်လူတို့၊ ဧဖက်မြို့သည် ဇုသဘုရားထံမှ ကျသောရုပ်တုတော်တည်းဟူသော ကြီးမြတ်တော်မူသော အာတေမိကိုလုပ်ကြွေးသော ဘုရား ကျွန်ဖြစ်သည်ကို မသိသောသူ တစုံတယောက်ရှိသလော။ ၃၆ဤအရာများတို့သည် ငြင်းခုံဘွယ်မရှိသည်ဖြစ်၍၊ သင်တို့သည် တိတ်ဆိတ်စွာနေသင့်ကြ၏။ ၃၇သတိနှင့်မဆင်ခြင်ဘဲ အဘယ်သူကိုမျှမပြုသင့်ကြ။ ဗိမာန်တော်ကို လုယူဖျက်ဆီးခြင်းမရှိ၊ သင်တို့သည် ဘုရားကိုမကဲ့ရဲ့သော ဤသူတို့ကိုသင်တို့သည် ဆောင်ယူခဲ့ကြပြီတကား။ ၃၈ဒေမေတရိမှစ၍ သူနှင့်အတူရှိသော ပန်းတိမ်သမားတို့သည် တစုံတယောက်သောသူ၌ အမှုရှိလျှင် ရုံးတော်ရှိ၏။ မြို့ဝန်မင်းလည်းရှိ၏။ အမှုသည်ချင်းတရားတွေ့ကြစေ။ ၃၉သို့မဟုတ် သင်တို့သည် အခြားအမှုကို အစီရင်ခံလိုလျှင်၊ တရားသောအစည်းအဝေး၌ စီရင်ရလိမ့်မည်။ ၄ဝယနေ့ရုန်းရင်းခတ်သည်ကို ပြုသောကြောင့် အမှုရောက်မည်ဟု စိုးရိမ်စရာရှိ၏။ အကြောင်းမူကား၊ ဤမတရားသောစည်းဝေးခြင်း အကြောင်းကို ပြောစရာတစုံတခုမျှမရှိဟု၊ ၄၁ဆိုပြီးလျှင် အစည်းအဝေးကိုဖျက်လေ၏။