တမန်တော်အခန်းကြီး(၂၇)


၁ထိုအခါ ငါတို့သည် ဣတလိပြည်သို့ သင်္ဘောနှင့်ကူးရမည်အကြောင်းကို စီရင်ပြီးမှ၊ ယုလိအမည်ရှိ သော သြဂုတ္တုတပ်နှင့်ဆိုင်သောတပ်မှူး၌ ပေါလုမှစ၍ အကျဉ်းခံသောအခြားသူတို့ကို အပ်ကြ၏။ ၂အာဒြမုတ္တိ သင်္ဘောကိုစီး၍ အာရှိပြည်နားသို့ရှောက်သွားမည်အကြေံနှင့်လွှင့်ကြ၏။ အာရိတ္တခုအမည်ရှိသော မာကေဒေနိ ပြည် သက်သာလောနိတ်မြို့သားသည် ငါတို့နှင့်ပါ၏။ ၃နက်ဖြန်နေ့တွင် ဇိဒုန်မြို့၌ ဆိုက်ကြပြီးလျှင် ပေါလုသည် မိမိအဆွေခင်ပွန်းတို့ထံသို့သွား၍ သူတို့၏လုပ်ကျွေးပြုစုခြင်းကို ခံရမည်အကြောင်း၊ ယုလိသည် ကျေးဇူးပြု၍ အခွင့်ပေးလေ၏။ ၄ထိုမှထွက်၍ လေမသင့်သောကြောင့် ကုပရုကျွန်းမြောက်ဘက်နားသို့ လျှောက်သွားသခြင့် ကိလိကိပြည်၊ ၅ပံဖုလိပြည်နှင့်စပ်သောပင်လယ်ကို ကူး၍၊ လုကိပြည်၊ မုရမြို့သို့ရောက်ကြ၏။ ၆ထိုမြို့၌ ဣတလိ ပြည်သို့ကူးသော အာလေဇန္ဒြိသင်္ဘောကို တပ်မှူးသည်တွေ့၍၊ ထိုသင်္ဘောထဲသို့ ငါတို့ကိုသွင်းထားလေ၏။ ၇နှေးနှေးသာသွား၍ နေ့ရက်ကာလကြာသောအခါ၊ ပင်ပန်းစွာကြိုးစား၍ ကနိဒ်မြို့နှင့်တည့်တည့်ရောက်ပြီးမှ လေမသင့်သောကြောင့် ကရေတေကျွန်းအရှေ့ဘက် သာလမုန်မြို့အနားသို့ ပင်ပန်းစွာရှောက်သွား၍၊ ၈လာသဲမြို့ နှင့်အနီး၊ ကာလုလိမင်းအမည်ရှိသော အရပ်သို့ရောက်ကြ၏။

၉ကာလကြာသည်ရှိသော်၊ ကြီးစွာသောဥပုသ်နေ့လွန်၍ ပင်လယ်မကူးသင့်သော လဥတုအချိန်ဖြစ် သည်ကို ပေါလုသည်ထောက်၍၊ ၁ဝအချင်းလူတို့၊ ယခုမှာပင်လယ်ကူးလျှင် သင်္ဘောနှင့်ကုန်များတို့သည် ဆုံးရှုံးသည်သာမက ငါတို့အသက်ပျက်စီးရာသော ဘေးအန္တရာယ်ရောက်မည်ကို ငါထင်မြင်သည်ဟု သတိပေး၏။ ၁၁သို့သော်လည်း၊ တပ်မှူးသည် ပေါလုစကားကိုနားမထောင်ဘဲ တက်မကိုင်စကားနှင့် သင်္ဘောသူကြီးစကားကို နားထောင်၏။ ၁၂ထိုမြိုဆိပ်၌ ဆောင်းကာလပတ်လုံးမနေသင့်သောကြောင့် တဖန်လွှင့်ပြန်၍ ဖိနိတ်မြို့ဆိပ်သို့ မှီနိုင်လျှင်၊ ထိုဆိပ်၌ ဆောင်းကာလကိုလွန်စေသော် သာ၍ကောင်းမည်ဟု လူအများတို့သည် ဆိုကြ၏။ ဖိနိတ်ဆိပ်ကား၊ ကရေတေကျွန်း၌ရှိ၏။ အနောက်မြောက်သို့၎င်း၊ အနောက်တောင်သို့၎င်း မျက်နှာပြု၏။ ၁၃တောင်လေသည် ဖြေးညှင်းစွာလာသောအခါ၊ ယခုမှီနိုင်သည်ဟု စိတ်ထင်နှင့်လွှင့်၍၊ ကရေတေကျွန်းနားသို့ ရှောက်သွားကြ၏။ ၁၄ကာလမကြာမမြင့်မှီ ဥရုကလုဒုန်အမည်ရှိသော လေပြင်းမုန်တိုင်းသည် သင်္ဘောကိုတိုက်၍၊ ၁၅တဟုန်တည်း ဆောင်သွားသဖြင့်၊ သင်္ဘောသည် ထိုလေကိုမခံနိုင်သောကြောင့်၊ ငါတို့သည် အားလျော့၍ လေတိုက်ရာသို့ ပါလွင့်ကြ၏။ ၁၆ကလောဒေကျွန်းနားမှာ ပြေးစဉ်တွင်၊ သမ္ဗန်ကိုမပျက်စေခြင်းငှါ ပင်ပန်းစွာကြိုးစား၍၊ ၁၇သင်္ဘော ပေါ်သို့တင်ပြီးလျှင်၊ သင်္ဘောကို ခိုင်ခံ့စေခြင်းငှါ ကြိုးနှင့်ပတ်စည်းကြ၏။ သောင်ပေါ်မှာတင်မည်ကိုလည်း စိုးရိမ် သောကြောင့် ရွက်ကိုသိမ်းသဖြင့် လေတိုက်ရာသို့ ပါလွင့်ကြ၏။ ၁၈လှိုင်းထအားကြီးသောကြောင့် အလွန်တုန် လှုပ်၍ နက်ဖြန်နေ့၌ ဝန်ကိုထုတ်ပစ်ကြ၏။ ၁၉သုံးရက်မြောက်သောနေ့၌ သင်္ဘောတန်ဆာများကို ကိုယ်လက်နှင့် ကိုင်ယူ၍ ပစ်လိုက်ကြ၏။ ၂ဝနေ၊ လ၊ ကြယ်နက္ခတ်တို့ကို တာရှည်စွာမမြင်ရ၍ မိုဃ်းသက်မုန်တိုင်းအားကြီးသေးသဖြင့်၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟုမျှော်လင့်စရာ အခွင့်အလျင်းမရှိ။

၂၁အစာကိုမစားဘဲ ကြာမြင့်စွာနေကြပြီးမှ၊ ပေါလုသည် ထိုသူတို့၏အလယ်၌ထ၍၊ အချင်းလူတို့၊ ငါ့စကားကိုနားထောင်၍ ကရေတေကျွန်းမှ မလွှင့်ဘဲနေလျှင် ဤပျက်ဆီးဆုံးရှုံးခြင်းနှင့်ကင်းလွတ်ရကြ၏။ ၂၂ယခုတွင် စိတ်သက်သာခြင်းရှိကြလော့။ အကြောင်းမူကား၊ သင်္ဘောဆုံးခြင်းမှတပါး သင်တို့တွင် အဘယ်သူမျှအသက် မဆုံးရ။ ၂၃အဘယ်အကြောင့်နည်းဟူမူကား၊ ငါ့ကိုပိုင်တော်မူ၍၊ ငါကိုးကွယ်သောဘုရားသခင်၏ ကောင်းကင် တမန်သည် ယနေ့ညဥ့်တွင် ငါ့အနားမှာပေါ်လာလျက်၊ ၂၄ပေါလု၊ သင်သည်မစိုးရိမ်နှင့်။ ကဲသာဘုရင်ရှေ့သို့ ရောက်ရမည်။ သင်နှင့်အတူ ပင်လယ်ကူးသောသူအပေါင်းတို့ကို ဘုရားသင်သည် သင့်အားပေးတော်မူပြီဟု ဆို၏။ ၂၅ထိုကြောင့်အချင်းလူတို့၊ သက်သာခြင်းရှိကြလော့။ ငါ့အားမိန့်တော်မူသည်အတိုင်း ဖြစ်လိမ့်မည်ဟု ငါသည်ဘုရားသခင်ကိုအမှီပြု၍ ယုံခြင်းရှိ၏။ ၂၆သို့သော်လည်း တစုံတခုသောကျွန်းပေါ်မှာ သင်္ဘောတင်၍ ပျက်ရမည်ဟုပေါလုဆို၏။

၂၇တဆယ်လေးရက်မြောက်သော နေ့ညဥ့်ရောက်သောအခါ၊ ငါတို့သည် အာဒြိပင်လယ်တွင် အရပ် လေးမျက်နှာသို့ လူးလာသွားကြစဉ်၊ သန်းခေါင်အချိန်၌ တစုံတခုသောကမ်းအနီးသို့ ရောက်လုသည်ဟု သင်္ဘောသားတို့သည် ထင်မှတ်သဖြင့်၊ ၂၈ရေကိုစမ်းလျှင် အလံနှစ်ဆယ်ရှိသည်ကိုတွေ့ကြ၏။ ထိုမှစိုးစည်းလွန် ပြန်လျှင်၊ တဖန်ရေကိုစမ်း၍ တဆယ်ငါးလံရှိသည်ကိုတွေ့ကြ၏။ ၂၉ကျောက်ကိုတိုက်မိမည်စိုးရိမ်သောကြောင့် သင်္ဘောပဲ့မှ ကျောက်စူးလေးလက်ကိုချ၍ မိုဃ်းလင်းပါစေဟု ဆုတောင်းကြ၏။ ၃၁သင်္ဘောသားတို့သည် သင်္ဘောကိုစွန့်သွားမည်ဟု အကြံရှိသည်နှင့် သင်္ဘောဦးကိုသွား၍ ကျောက်စူးချဟန်ပြုလျက် သမ္ဗန်ကိုလျော့စဉ်တွင်၊ ၃၁ပေါလုက၊ ဤသူတို့သည် သင်္ဘောပေါ်၌မနေလျှင် သင်တို့သည်ချမ်းသာမရနိုင်ကြဟု တပ်မှူးမှစ၍ စစ်သူရဲတို့အားဆို၏။ ၃၂ထိုအခါ စစ်သူရဲတို့သည် သမ္ဗန်ကြိုးကိုခုတ်ဖြတ်၍ ချလိုက်ကြ၏။

၃၃မိုဃ်းလင်းလုသောအခါ အစာကိုစားစေခြင်းငှါ ပေါလုသည် လူအပေါင်းတို့ကိုတိုက်တွန်းလျက်၊ သင်တို့သည် တဆယ်လေးရက်ပတ်လုံး မျှော်လင့်၍ ယနေ့တိုင်အောင် အစာမစားဘဲ ငတ်မွတ်လျက်နေကြ၏။ ၃၄ထိုကြောင့် အစာစားကြလော့။ စားလျှင်ချမ်းသာရခြင်းအကြောင်း ဖြစ်လိမ့်မည်။ ၃၅သင်တို့ဆံခြည်တမျှင်မျှ မပျက်ဆီးရဟုဆိုပြီး လျှင် ပေါလုသည် မုန့်ကိုယူ၍ ထိုသူများရှေ့၌ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍စားလေ၏။ ၃၆ထိုသူအပေါင်းတို့သည်လည်း စိတ်သက်သာခြင်းရှိ၍ အစာကိုစားကြ၏။ ၃၇ထိုသင်္ဘော ၌ပါသော သူများတို့သည် အရေအတွက်အားဖြင့် နှစ်ရာခုနှစ်ကျိပ်ခြောက်ယောက်ရှိသတည်း။ ၃၈ဝစွာစားပြီးမှ ဆန်စပါးကို ပင်လယ်ထဲသို့ ပစ်ချ၍သင်္ဘောကို ပေါ့စေကြ၏။

၃၉မိုဃ်းလင်းသောအခါ ထိုအရပ်ကိုမသိသော်လည်း၊ ထောင့်ကွေ့တခု၌ သင်္ဘောဆိပ်ရှိသည်ကို မြင်သောကြောင့်၊ သင်္ဘောကိုအထဲသို့သွင်းနိုင်လျှင်၊ သွင်းမည်ဟုအကြံရှိကြ၏။ ၄ဝကျောက်ဆူးတို့ကိုလွှတ်၍ ပင်လယ်ထဲသို့ချလိုက်ပြီးမှ တက်မတို့ကိုဆိုင်းသောကြိုးများကိုဖြည်၍ ရွက်ကိုလေ၌ဖြန်ဖွင့်လျက် ကမ်းနားသို့ တိုက်သွားကြ၏။ ၄၁ရေဆိုင်ရာသို့ရောက်လျှင် သင်္ဘောကို သောင်ပေါ်မှာတင်စေ၍ ဦးမလှုပ်ဘဲနေသဖြင့်၊ ပဲ့ကို လှိုင်းတံပိုးရိုက်သောကြောင့် ကျိုး၏။ ၄၂ထိုအခါ အကျဉ်းခံသောသူတို့သည် ကုန်းသို့ကူး၍ ပြေးမည်ကိုစိုးရိမ် သောကြောင့် စစ်သူရဲတို့သည် သတ်မည်ဟုအကြံရှိကြ၏။ ၄၃တပ်မှူးသည် ပေါလုကိုချမ်းသာစေခြင်းငှါ အလိုရှိသဖြင့်၊ စစ်သူရဲတို့၏အကြံကို မြစ်တား၍ ကူးနိုင်သောသူတို့သည် အရင်ဆင်း၍ ကုန်းသို့သွားစေခြင်းငှါ၎င်း၊ ၄၄ကြွင်းသောသူတို့သည် ပျဉ်ပြားမှစ၍ သင်္ဘောတန်ဆာများကို စီးစေခြင်းငှါ၎င်း၊ စီရင်လေ၏။ ထိုသို့လူအပေါင်း တို့သည် ဘေးနှင့်လွတ်၍ ကုန်းပေါ်သို့ရောက်ကြ၏။