တမန်တော်အခန်းကြီး(၅)


၁သို့ရာတွင် အာနနိနှင့် ရှာဖိရေ အမည်ရှိသောလင်မယားနှစ်ယောက်တို့မူကား ဥစ္စာတစုံတခုကို ရောင်းပြီး လျှင်၊ ၂ထိုသူသည် မိမိခင်ပွန်းနှင့်သဘောတူလျက်၊ အဘိုး၏တဘို့ကိုထိမ်ဝှက်သဖြင့်၊ တဘို့ကိုသာ ယူဆောင်ခဲ့၍ တမန်တော်တို့၏ ခြေရင်း၌ထားလေ၏။ ၃ပေတရုကလည်း၊ အာနနိ၊ သင်သည်သန့်ရှင်းသော ဝိညာဉ်တော်ကိုလှည့် စား၍၊ မြေကိုရောင်းသောအဘိုး၏ တဘို့ကိုထိမ်ဝှက်မည်အကြောင်း၊ စာတန်သည် သင်၏ စိတ်နှလုံးကို အဘယ်ကြောင့်ပြည့်စေရသနည်း။ ၄ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသော အဘိုးသည် ကိုယ်ဥစ္စာဖြစ်သည်မဟုတ်လော။ အဘယ်ကြောင့်ဤသို့ကြံစည်သနည်း။ လူကိုသာမုသာပြောပြီ မဟုတ်၊ ဘုရား သခင်ကိုလည်းမုသာပြောပြီဟု ပေတရုဆို၏။ ၅ထိုစကားကို ကြားလျှင်၊ အာနနိသည်လဲ၍သေ၏။ ထိုအကြောင်း အရာကို ကြားသောသူအပေါင်းတို့သည် အလွန်ကြောက်လန့်ခြင်းသို့ရောက်ကြ၏။ ၆လုလင်တို့ သည်လည်း ထ၍အလောင်းကောင်ကိုအဝတ်နှင့် ပတ်ရစ်ပြီးလျှင် ဆောင်သွား၍သင်္ဂြိုဟ်ကြ၏။

၇ထိုနောက်သုံးနာရီခန့်လောက်ကြာလျှင်၊ သူ၏ခင်ပွန်းသည် ဖြစ်ခဲ့ပြီးသောအမှုအရာကိုမသိဘဲလျက် ဝင်လာ ၏။ ၈ပေတရုကလည်း၊ ဤမျှလောက်နှင့်မြေကိုရောင်းသလော၊ ငါ့အားပြောလော့ဟု မေးလျှင်၊ ထိုမိန်းမက၊ ဟုတ်ပါ၏။ ဤမျှလောက်နှင့်ပင်ရောင်းပါသည်ဟုဆို၏။ ၉ပေတရုကလည်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်ကို စုံစမ်းမည်ဟု သဘောတူနှင့်အဘယ်ကြောင့်ကြံစည်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွနးကို သင်္ဂြိုဟ်သော သူတို့၏ခြေသည် တံခါးနားမှာရှိသည်ဖြစ်၍၊ သင့်ကိုလည်းဆောင်သွားလေဦးမည်ဟု ဆိုသောခဏခြင်းတွင်၊ ၁ဝထိုမိန်းမသည် ပေတရု၏ ခြေရင်း၌လဲ၍သေလေ၏။ လုလင်တို့သည်လည်း ဝင်၍ထိုမိန်းမသေသည်ကို တွေ့လျှင် ဆောင်သွား၍ သူ၏ခင်ပွန်း အနားမှာ သင်္ဂြိုဟ်ကြ၏။ ၁၁သင်းဝင်သူအပေါင်းမှစ၍ ထိုအကြောင်းအရာကို ကြားရသောသူအပေါင်းတို့သည် အလွန်ကြောက်လန့်ခြင်းသို့ ရောက်ကြ၏။

၁၂တမန်တော်တို့သည်လည်း လူများရှေ့မှာ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုအရာများကို ပြုကြ၏။ ထိုသူအပေါင်းတို့သည် ရှောလမုန်ကနားပြင်၌ တညီတညွတ်တည်းနေကြသဖြင့်၊ ၁၃ကြွင်းသောသူတစုံ တယောက်မျှ မပေါင်းဘော်ဝံ့သော်လည်း၊ လူများတို့သည် ကောင်းကြီးပေးကြ၏။ ၁၄သခင်ဘရား၌ ယုံကြည် သောယောက်ျားမိန်းမ၊ အပေါင်းတို့သည် သင်းဝင်ကြ၏။ ၁၅ပေတရုသည် လမ်း၌ရှောက်သွားစဉ် အနာစွဲသော သူတို့တွင်တယောက်ယောက်ကို သူ၏အရိပ်လွှမ်းမိုးစေခြင်းငှါ၊ လူနာတို့ကိုလမ်းနားသို့ထုတ်၍ ခုတင်မွေ့ယာ ပေါ်မှာတင်ထားကြ၏။ ၁၆ပတ်လည်ဝန်းကျင်၌ရှိသသော မြို့သူရွာသားအပေါင်းတို့သည် အနာစွဲသောသူ၊ နတ်ဆိုးညှဉ်းဆဲသောသူတို့ကို ဆောင်ခဲ့လျက်၊ ယေရုရှလင်မြို့သို့ စုဝေးလာကြ၍၊ ထိုလူနာအပေါင်းတို့သည် အနာကင်းလွတ်ခြင်းသို့ ရောက်ကြ၏။

၁၇ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့် ဇဒ္ဒုကဲဖြစ်သော ထိုမင်း၏အပေါင်းဘော်ရှိသမျှတို့သည် ထ၍ ဒေါသအမျက်နှင့်ပြည့်ကြသဖြင့်၊ ၁၈တမန်တော်တို့ကိုဘမ်းဆီး၍ ထောင်ထဲ၌လှောင်ထားကြ၏။ ၁၉ညဥ့်အခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထောင်တံခါးကိုဖွင့်ပြီးလျှင်၊ ထိုသူတို့ကိုနှုတ်၍၊ သင်တို့သွားကြလော့။ ၂ဝဗိမာန်တော်၌ရပ်၍ အသက်ရှင်ခြင်းတရားစကား အလုံးစုံကို လူများတို့အား ဟောပြောကြလော့ဟု မှာထား၏။ ထိုစကားကိုကြားလျှင်၊ နံနက်စောစောဗိမာန်တော်သို့ဝင်၍ ဆုံးမသြဝါဒပေးကြ၏။ ၂၁ယဇ်ပုရောဟိတ် မင်းနှင့် သူ၏အပေါင်းအဘော်တို့သည် လာကြသဖြင့်၊ လွှတ်အရာရှိမှစ၍ ဣသရေလလူတို့တွင် အသက်ကြီး သောသူအပေါင်းတို့ကို စုဝေးစေပြီးမှ၊ တမန်တော်တို့ကိုခေါ်စေခြင်းငှါ လုလင်တို့ကို ထောင်သို့စေလွှတ်ကြ၏။ ၂၂မင်းလုလင်တို့သည် ထောင်သို့ရောက်လျှင်၊ တမန်တော်တို့ကို ထောင်ထဲမှာမတွေ့ရှိသည်ရှိသော် ပြန်ကြ၍၊ ၂၃ထောင်တံခါးလည်း အထူးသဖြင့်လုံခြုံစွာပိတ်လျက်၊ ထောင်ကိုစောင့်သောသူတို့လည်း တံခါးပြင်မှာရပ်လျက် ရှိကြသည်ကို အကျွန်ုပ်တို့သည်တွေ့ပါ၏။ ဖွင့်ပြီးမှအထဲ၌ အဘယ်သူကိုမျှမတွေ့ပါဟု ကြားလျှောက်ကြ၏။ ၂၄ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန်တော်မှူးအစရှိသော ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုစကားကိုကြားလျှင်၊ ထိုအမှုသည် အဘယ်သို့သောအမှုဖြစ်လိမ့်မည်နည်းဟူ၍ တွေးတောခြင်းရှိကြ၏။ ၂၅ထိုအခါ လူတယောက်သည် လာ၍ ထောင်ထဲမှာလှောင်ထားသောသူတို့သည် ဗိမာန်တော်၌ရပ်လျက်၊ လူများတို့အား ဆုံမသြဝါဒပေးကြ ပါသည်ဟု လျှောက်လေ၏။

၂၆ထိုအခါ ဗိမာန်တော်မှူးသည် မင်းလုလင်တို့နှင့်အတူ သွားပြန်လျှင်၊ မိမိတို့ကိုလူများတို့သည် ကျောက်ခဲ နှင့်ပစ်မည်ကိုစိုးရိမ်သောကြောင့်၊ တမန်တော်တို့ကို အနိုင်အထက်မပြုဘဲ ခေါ်ဆောင်လေ၏။ ၂၇ထိုသို့ခေါ် ဆောင်ပြီးလျှင်၊ လွှတ်အရာရှိတို့ရှေ့မှာထား၍ ယဇ်ပုရောဟိတ်မင်းက၊ ၂၈ထိုနာမကို အမှီပြု၍ မဆုံးမ မသွန်သင် မည်အကြောင်း ငါတို့သည်သင်တို့အား ကျပ်တည်းစွာစီရင်မှာထားသည်မဟုတ်လော။ ယခုကြည့်ကြ။ ယေရုရှလင်မြို့ကို သင်တို့အယူဝါဒနှင့်ပြည့်စသည်ဖြစ်၍၊ ငါတို့အပေါ်သို့ ထိုသူ၏အသွေးကို ရောက်စေခြင်းငှါ သင်တို့ကြံစည်ပါသည်တကားဟု မေးမြန်းပြောဆိုကြ၏။ ၂၉ပေတရုနှင့်အခြားသောတမန်တော်တို့ကလည်း၊ လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။ ၃ဝသင်တို့သည် သစ်တိုင်၌စွဲ၍ ကွပ်မျက်သော ယေရှုကို ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် ထမြောက်စေတော်မူပြီ။ ၃၁ဣသရေလလူတို့အား နောင်တ တရားနှင့် အပြစ်လွှတ်ခြင်းအခွင့်ကို ပေးစေခြင်းငှါ၊ ထိုသူကိုအစိုးရသောအရှင်အရာ၌၄င်း၊ ကယ်တင်သောသခင် အရာ၌၄င်း၊ ဘုရားသခင်ခန့်ထား၍ မိမိလက်ျာလက်တော်နှင့် ချီးမြှင့်တော်မူပြီ။ ၃၂ထိုအကြောင်းအရာတို့သည် အမှန်ဖြစ်ကြောင်း ကို ငါတို့သည်သက်သေခံဖြစ်ကြ၏။ ဘုရားသခင်၏စကားတော်ကို နားထောင်သောသူတို့အား ပေးသနားတော်မူ သော သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေခံဖြစ်တော်မူသည်ဟု ပြောဆိုကြ၏။

၃၃ထိုစကားကိုကြားလျှင်၊ ထိုသူတို့နှလုံးသည် ကွဲပြားမတတ်ဖြစ်၍၊ တမန်တော်တို့ကို ကွပ်မျက်ခြင်းငှါ အချင်းချင်းတိုင်ပင်ပြောဆိုကြ၏။ ၃၄ထိုအခါ လူအပေါင်းတို့ရိုသေသောသူ၊ ဂါမလျေလအမည်ရှိသော နိဿရည်း ဆရာ၊ ဖာရိရှဲတယောက်သည် လွှတ်တော်ပေါ်၌ထ၍၊ တမန်တော်တို့ကို ပြင်သို့ခဏထွက်စေပြီးလျှင်၊ ၃၅ဣသရေလလူတို့၊ ဤသူတို့အား အဘယ်သို့ပြုမည်အရာကို သတိနှင့်ဆင်ခြင်ကြလော့။ ၃၆အကြောင်းမူကား၊ အထက်က သုဒအမည်ရှိသောသူတယောက်သည် ထသဖြင့် ငါသည်လူသာမညမဟုတ်ဟု ဆိုသည်ဖြစ်၍၊ သူ၌လူလေးရာမျှ လောက် ဆည်းကပ်ကြ၏။ ထိုသူသည် ပျက်ဆီးခြင်းသို့ရောက်၍ သူ့ကိုယုံကြည်သမျှသော သူတို့သည် ကွဲပြားပျောက်ပျက်ကြ၏။ ၃၇ထိုသူနောက် ငွေတော်ခွဲစဉ်ကာလ၊ ယုအမည်ရှိသော ဂါလိလဲလူ တယောက်သည်လည်း ထ၍၊ မိမိနောက်သို့ လူများကိုသွေးဆောင်လေ၏။ ထိုသူသည်လည်း ပျက်ဆီးခြင်းသို့ ရောက်၍ သူ့ကိုယုံကြည်သမျှ သောသူတို့သည် ပျောက်လွင့်ကြ၏။ ၃၈ယခုလည်း ဤသူတို့ကို ရှောင်ရှား၍ အလိုအလျောက်ရှိကြပါစေဟု ငါဆို၏။ ဤအကြံဤအမှုသည် လူ၏အကြံလူ၏အမှုဖြစ်လျှင် ပျက်ဆီးခြင်းသို့ ရောက်လိမ့်မည်။ ၃၉ဘုရားသခင်၏ အကြံအမှုဖြစ် လျှင် သင်တို့သည်မဖျက်ဆီးနိုင်ကြ။ သင်တို့သည် ဘုရားသခင် ၏အာဏာတော်ကို ဆန်သောသူမဖြစ်မည်အကြောင်း သတိပြုကြလော့ဟု ပြောဆို၏။ ၄ဝထိုစကားကို နားထောင်သဖြင့်၊ တမန်တော်တို့ကိုခေါ်၍ ရိုက်နှက်ပြီးမှ၊ ယေရှု၏နာမကိုအမှီပြုလျက် မဟောမပြောမည်အကြောင်း မြစ်တား၍ လွှတ်ကြ၏။ ၄၁တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏နာမတော်ကြောင့် မိမိတို့သည် အရှက်ကွဲ ခြင်းကိုခံထိုက်ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက်သောစိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏။ ၄၂ဗိမာန်တော်၌၄င်း၊ အိမ်၌၄င်း နေ့တိုင်းအစဉ်ဆုံးမ သွန်သင်လျက်၊ ယေရှုသည်ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိ တရားကို မပြတ်ဟောပြောလျက်နေကြ၏။