ဗျာဒိတ်ကျမ်း အခန်ကြီး(၁၀)


၁ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် မိုဃ်းတိမ်ကိုဝတ်လျက်၊ ကောင်းကင်က ဆင်းသက် သည်ကို ငါမြင်၏။ သူ၏ခေါင်းပေါ်၌သက်တံ့ရှိ၏။ သူ၏မျက်နှာသည်နေကဲ့သို့ဖြစ်၏။ သူ၏ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ်၏။ ၂ဖွင့်ထားသော စာစောင်ငယ်ကိုကိုင်လျက်ရှိ၏။ လက်ျာခြေသည် ပင်လယ်ပေါ်မှာ၎င်းး၊ လက်ဝဲခြေသည်မြေကြီးပေါ် မှာ၎င်းနင်း၍၊ ၃ခြသေ့င်္ဟောက်သကဲ့သို့ ကြီးသောအသံနှင့် ကြွေးကြော်လေ၏။ ကြွေးကြော်ပြီးမှ မိုဃ်းကြိုးသံ ခုနစ်ချက် မြည်လေ၏။ ၄မိုဃ်းကြိုးသံ ခုနစ်ချက်မြည်ပြီးမှ ငါသည်ရေးမှတ်မည် ဟုအားထုတ်သော်၊ ကောင်းကင်မှထွက် သောအသံကား၊ မိုဃ်းကြိုးသံခုနစ်ချက်မြည်သောအရာကို တံဆိပ်ခတ်လော့။ မရေးမမှတ်နှင့် ဟု ဆိုသည် ကိုငါကြား၏။ ၅ထိုအခါ ငါမြင်၍ မြေနှင့် ပင်လယ်ပေါ်မှာ ရပ်နေသောကောင်းကင်တမန်သည်၊ လက်ျာလက်ကို ကောင်းကင်သို့ချီပြီးလျှင်၊ ၆-၇ဘုရားသခင်၏ ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက်စရာသိတင်းကို ဗျာဒိတ်ထား တော်မူသည်နှင့် စပ်ဆိုင်သော ဘုရားသခင်၏ နက်နဲသောအရာသည်၊ ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုးမှုတ်ခြင်း အသံမြည်သော နေ့ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည်ဟု ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကို၎င်း၊ အရပ်ရပ်၌ ရှိရှိသမျှတို့ကို၎င်း၊ ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကိုတိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။

၈ငါကြားရသောကောင်းကင်အသံသည် တဖန်ငါ့အားပြောသည်ကား၊ မြေနှင့် ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်၏ လက်၌ဖွင့်ထားလျက်ရှိသောစာစောင်ငယ်ကို သွား၍ယူလော့ဟု ဆိုလျှင်၊ ၉ငါသည်ကောင်းကင်တမန် ထံသို့သွား၍ စာစောင်ငယ်ကိုပေးပါဟုတောင်း၏။ သူကလည်းယူ၍ စားလော့။ ဝမ်းကိုခါးစေလိမ့်မည်။ သို့သော်လည်း ပစပ်၌ ပျားရည်ကဲ့သို့ ချိုလိမ့်မည်ဟု ဆိုလျှင်၊ ငါသည်စာစောင်ကို ကောင်းကင်တမန်၏ လက်မှယူ၍စား၏။ ပစပ်၌ ပျားရည်ကဲ့သို့ချို၏။ စားပြီးမှ ဝမ်း၌ခါး၏။ ၁၁ကောင်းကင်တမန်ကလည်း၊ သင်သည်အသီးအသီးဘာသာစကားကို ပြောသောလူအမျိုးမျိုးတို့၌၄င်း၊ ရှင်ဘုရင်တို့၌၄င်း၊ တဖန်ပရောဖက်ပြု၍ ဟောပြောရမည်ဟု ဆိုလေ၏။