ဗျာဒိတ်ကျမ်း အခန်ကြီး(၈)


၁သတ္တမတံဆိပ်ကိုဖွင့်သောအခါ၊ ကောင်းကင်ဘုံ၌ နာရီဝက်မျှ တိတ်ဆိတ်စွာနေကြ၏။ ၂ဘုရားသခင့် ရှေ့တော်၌ ရပ်နေသော ကောင်းကင်တမန်ခုနစ်ပါးကို ငါမြင်၏။ သူတို့၌ တံပိုးခုနစ်လုံးကိုပေး၏။ ၃ကောင်းကင်တမန် တပါးသည်လာ၍ ရွှေလင်ပန်းကို ကိုင်လျက်ယဇ်ပလ္လင်နားမှာ ရပ်နေ၏။ ပလ္လင်တော်ရှေ့၌ ရှိသော ရွှေယဇ်ပလ္လင်ပေါ်မှာ သန့်ရှင်းသူအပေါင်းတို့၏ ပဌနာနှင့် အတူဆက်ကပ်ခြင်းငှါ၊ မီးရှို့သောနံ့သာ ပေါင်း အများကို ထိုသူ၌ပေး၏။ ၄မီးရှို့သောနံ့သာပေါင်း၏ အခိုးအငွေ့ သည်သန့်ရှင်းသူတို့၏ ပဌနာများနှင့် အတူကောင်းကင်တမန်၏ လက်ထဲက ဘုရားသခင့်ရှေ့တော်သို့တက်လေ၏။ ၅ကောင်းကင်တမန်သည် လင်ပန်းကိုယူ၍ ယဇ်ပလ္လင်၏ မီးနှင့်ပြည့်စေပြီးမှ၊ မြေကြီးအပေါ်သို့ချလိုက်သည်ဖြစ်၍၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီးလှုပ်ခြင်းဖြစ်ကြ၏။

၆တံပိုးခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် မှုတ်အံ့သောငှါ မိမိတို့ကိုပြင်ဆင်ကြ၏။ ၇ပဌမသူသည်တံပိုးမှုတ်သောအခါ မိုဃ်းသီးဖြစ်၏။ အသွေးနှင့်ရောနှောသောမီးလည်းဖြစ်၏။ မြေကြီး အပေါ်သို့ ချလိုက်၍၊ မြေသုံးစုတစု၊ သစ်ပင်သုံးစုတစု၊ စိမ်းသောမြက်ပင်ရှိသမျှ တို့ကိုကျွမ်းလောင်လေ၏။ ၈ဒုတိယ ကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးလောင်သောတောင်ကြီးကို ပင်လယ်ထဲသို့ချ လိုက်သကဲ့သို့ဖြစ်၍၊ ပင်လယ်သုံးစုတစုသည် အသွေးဖြစ်၏။ ၉ပင်လယ်၌ အသက်ရှင်သော သတ္တဝါသုံး စုတစုလည်း သေ၏။ သင်္ဘောသုံးစုတစုလည်း ပျက်၏။ ၁ဝတတိယကောင်းကင်တမန်သည် တံပိုးမှုတ် သောအခါ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သောကြယ်ကြီးသည် ကောင်းကင် ကကျ၍၊ မြစ်သုံးစုတစုသို၎င်း၊ စမ်းရေတွင်းသို့၎င်း ရောက်၏။ ၁၁ထိုကြယ်သည် ဒေါနရွက်ဟူသော အမည်ရှိ၏။ ရေသုံးစုတစုသည် ဒေါနရွက်ဖြစ်၍ ရေခါးသောကြောင့်၊ လူအများတို့သည် သေကြ၏။ ၁၂စတုတ္တ ကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ နေသုံးစုတစု၊ လသုံးစုတစု၊ ကြယ်သုံးစုတစုကြတ်၍ သုံးစုတစုမိုက်လေ၏။ နေ့သုံးစုတစု၊ ညဥ့်သုံးစုတစုသည် အလင်းမရှိ၊ ၁၃ထိုအခါ ငါကြည့်လျှင်၊ ရွှေလင်းတတကောင်က၊ ကြွင်းသေး သောကောင်ကင်တမန်သုံးပါး မှုတ်လုလတံ့သော တံပိုးသံကြောင့် မြေကြီးသားတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊  အမင်္ဂရှိကြ၏ ဟုကောင်းကင် အလယ်၌ ပျံဝဲ၍ကြီးသောအသံနှင့် ဆိုသည်ကိုငါကြား၏။