မာကု အခန်းကြီး (၁၂)


၁ထိုအခါ ဥပမာအားဖြင့် မိန့်တော်မူသည်ကား၊ လူတဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သောသူ တို့အား ဥယျာဉ်ကိုငှါး၍၊ အခြားသောပြည်သို့သွားလေ၏။ ၂ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့ လက်မှ စပျစ်သီးကိုခံစေခြင်းငှါ သူတို့ရှိရာသို့ ငယ်သားကိုစေလွှတ်လေ၏။ ၃ထိုသူတို့သည် ငယ်သားကိုဘမ်းဆီး ၍ရိုက်ပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။ ၄နောက်တဖန် အခြားသောငယ်သားကို သူတို့ရှိရာသို့ စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ်သဖြင့်၊ သူ၏ခေါင်းကိုမှန်၍ အရှက်ခွဲပြီးမှလွှတ်လိုက်ကြ၏။ ၅အခြားသောငယ် သားကိုစေလွှတ်ပြန်လျှင် သူ့ကိုသတ်ကြ၏။ အခြားသောငယ်သားတို့တွင် အချို့တို့ကိုရိုက်ကြ၏။ အချို့တို့ကို သတ်ကြ၏။ ၆ထိုကြောင့် ဥယျာဉ်ရှင်သည် မိမိ၏ချစ်သားတယောက်တည်းရှိသေးသည်ဖြစ်၍၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို နောက်ဆုံး၌စေလွှတ်လေ၏။ ၇ဥယျာဉ်စောင့်တို့ကလည်း၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်ကြကုန်အံ့။ ထိုသို့သူ၏အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်၍၊ ၈ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှ သတ်၍ဥယျာဉ်ပြင်သို့ထုတ်ပစ်ကြ၏။ ၉သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် အဘယ်သို့ပြုမည်နည်း၊ သူသည်လာ၍ ဥယျာဉ်စောင့်တို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသော သူတို့အား ပေးလိမ့်မည်။ ၁ဝတိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တဖန်တိုက် ထောင့်အထွဋိဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏။ ၁၁ငါတို့မျက်မှောက်၌ လည်း အံ့သြဘွယ်ဖြစ်၏ ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် မဘတ် ဘူးသလောဟု မိန့်တော်မူ၏။ ၁၂ထိုသူတို့သည် မိမိတို့ကိုရည်ဆောင်၍ ထိုဥပမာစကားကို ဟောပြောတော်မူ သည်ကိုသိသော ကြောင့်၊ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံကြ၏။ သို့သော်လည်း စုဝေးသောသူတို့ကို ကြောက်သောကြောင့် အထံတော်မှထွက်သွားကြ၏။

၁၃တဖန် စကားတော်ကိုချောင်းမြောင်း၍ အပြစ်ပြုခွင့်ကိုရခြင်းငှါ ဖာရိရှဲတို့နှင့် ဟေရုဒ်တပည့်အချို့တို့ကို အထံတော်သို့ စေလွှတ်ကြ၏။ ၁၄ထိုသူတို့သည် ချဉ်းကပ်၍၊ အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ၏။ ကဲသာဘုရင်အား အခွန်ဆက်အပ်သလော၊ မဆက်အပ်သလော။ ၁၅အကျွန်ုပ်တို့သည် ဆက်ရမည်လော၊ မဆက်ရမည်လောဟု မေးလျှောက်ကြ၏။ ကိုတော်သည် ထိုသူတို့၏ လျှို့ဝှက်ခြင်းကို သိတော်မူလျှင်၊ သင်တို့သည် ငါ့ကိုအဘယ်ကြောင့်စုံစမ်းနှောက်ရှက်ကြသနည်း။ ဒေနာရိ တပြားကို ငါကြည့်ဘို့ယူခဲ့ကြဟု မိန့်တော်မူ၍၊ ၁၆သူတို့သည် ယူခဲ့ကြ၏။ ဤပုံ၊ ဤလိပ်စာကား အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာဖြစ်သနည်းဟု မေးတော်မူလျှင်၊ ကဲသာဘုရင်၏ ပုံလိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊ ၁၇ယေရှုကလည်း ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြလော့ ဘုရားသခင်၏ဥစ္စာကိုကား၊ ဘုရားသခင်အား ဆက်ပေးကြလော့ဟု ဟုမိန့်တော်မူသည်ကို သူတို့သည် အံ့သြခြင်းရှိကြ၏။

၁၈ထမြောက်ရှင်ပြန်ခြင်းမရှိဟူ၍ အယူရှိသော ဇဒ္ဒုကဲ တို့သည်လည်း အထံတော်သို့ချဉ်းကပ်၍၊ ၁၉အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲသေသွား၍ မယားကျန်ရစ်လျှင်၊ သူ့ညီသည် ထိုမိန်းမကို သိမ်းယူ၍ အကိုအမျိုးမပြတ် ဆက်နွှယ်စေဟု အကျွန်ုပ်တို့အား မောရှေစီရင်ရေးထားပါပြီ။ ၂ဝညီအစ်ကို ခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲသေလျှင်၊ ၂၁သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲ သေပြန်လေ၏။ ၂၂ထို့အတူ တတိယသူမှစ၍ တယောက်နောက်တယောက် ခုနှစ်ယောက်သောညီအစ်ကို တို့သည် ထိုမိန်းမကိုသိမ်းယူ၍ သားကိုမကျန်ရစ်စေကြ။ နောက်ဆုံး၍ မိန်းမသည်လည်းသေလေ၏။ ၂၃သို့ဖြစ်၍ ထမြောက်ရာကာလ၌ သူတို့သည် ထမြောက်ကြသောအခါ ထိုမိန်းမသည် အဘယ်သူ၏မယားဖြစ်ပါမည်နည်း။ ထိုသူခုနစ်ယောက်တို့သည် ထိုမိန်းမနှင့်စုံဘက်ခြင်းကိုပြုကြပြီဟု မေးလျှောက်ကြ၏။ ၂၄ယေရှုကလည်း၊ သင်တို့သည် ကျမ်းစာကိုနားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကိုမသိသောကြောင့် မှားသောအယူကို ယူကြ၏။ ၂၅သေခြင်းမှထမြောက်သောအခါ စုံဘက်ခြင်းကိုမပြု၊ ထိမ်းမြားပေးစားခြင်းကိုမပြု၊ ကောင်းကင်တမန် ကဲ့သို့ဖြစ်ကြ၏။ ၂၆ထိုမှတပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟု မောရှေအားမိန့်တော်မူကြောင်းကို မောရှေ၏ကျမ်း၊ ချုံခဏ်း၌ သင်တို့သည်မဘတ်ဘူးသလော။ ၂၇ဘုရားသခင်သည် သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူ၏။ ထိုကြောင့်သင်တို့သည် အလွန်မှားကြသည်ဟု မိန့်တော်မူ၏။

၂၈ထိုသို့ဆွေးနွေးငြင်းခုန်ကြသည်ကို ကျမ်းပြုဆရာတယောက်သည်ကြား၍၊ ကိုယ်တော်သည် လျောက် ပတ်စွာ ပြန်ပြောတော်မူသည်ကို သိမြင်လျှင် အထံတော်သို့ချဉ်းကပ်၍၊ ပညတ်တကာတို့တွင် အဘယ် မည်သောပညတ်သည် သာ၍မြတ်သနည်းဟု မေးလျှောက်သော်။ ၂၉ယေရှုက၊ ပညတ်တကာတို့တွင် အမြတ်ဆုံး သောပညတ်ဟူမူကား၊ အိုဣသရေလလူမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ထာဝရ ဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။ ထာဝရဘုရားသည် တပါးတည်းဖြစ်တော်မူ၏။ ၃ဝသင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။ ဤပညတ်သည် ပဌမပညတ်ဖြစ်၏။ ၃၁ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏ ဤပညတ်ထို့ထက်သာ၍ ကြီးမြတ်သောပညတ်မရှိဟု ပြန်၍ မိန့်တော်မူ၏။ ၃၂ကျမ်းပြုဆရာကလည်း၊ အရှင်ဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် လျောက်ပတ်စွာ မိန့်တော်မူပြီ။ ဘုရားသခင်တဆူတည်းရှိတော်မူ၏။ ၃၃ထိုဘုရားသခင်မှတပါး အခြားသောဘုရားသခင်မရှိ။ ထိုဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူတို့ကိုလည်း ကိုယ်နှင့်အမျှချစ်ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင်မှစ၍ ယဇ်အမျိုးမျိုးတို့ကို ပူဇော်ခြင်း အကျင့်ထက်သာ၍မြတ်ပါသည်ဟု လျှောက်လေ၏။ ၃၄ထိုသို့ပညာသတိနှင့်ပြန်လျှောက်သည်ကို ယေရှုသည် သိမြင်လျှင်၊ သင်သည်ဘုရားသခင်၏နိုင်ငံတော်နှင့်မဝေးဟု မိန့်တော်မူ၏။ နောက်တဖန် အဘယ်သူမျှမမေး မလျှောက်ဝံ့ကြ။

၃၅ထိုအခါ ယေရှုသည် ဗိမာန်တော်၌ဆုံးမသြဝါဒပေးတော်မူစဉ်တွင်၊ ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ် သည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုကြသနည်း။ ၃၆ဒါဝိဒ်၏စကားမှာ၊ ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ထိုင်၍နေလော့ဟု ငါ၏သခင် အားမိန့်တော်မူသည်ဟု သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဒါဝိဒ်ဆိုသတည်း။ ၃၇ထိုသို့ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟုခေါ်လျှင် အဘယ်သို့သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။ လူများအပေါင်းတို့သည် အားရဝမ်းမြောက် သောစိတ်နှင့် စကားတော်ကိုနားထောင်ကြ၏။

ထိုသို့ဆုံးမသြဝါဒပေးစဉ်တွင် တဖန်မိန့်တော်မူသည်ကား၊ ကျမ်းပြုဆရာတို့ကိုရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကိုဝတ်လျက် လည်ခြင်းငှါအလိုရှိကြ၏။ ဈေး၌ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း၊ ၃၉ပွဲသဘင်၊ တရား စရပ်တို့၌ မြင့်မြတ်သောနေရာထိုင်ရာကို၎င်း နှစ်သက်ကြ၏။ ၄ဝသူတို့သည် မုဆိုးမအိမ်ကို လုယူသိမ်းစား၍ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသောပဌနာစကားကို ရွတ်တတ်ကြ၏။ သူတို့သည် သာ၍ကြီး စွာသောဒဏ်ကို ခံရကြမည်ဟု မိန့်တော်မူ၏။

၄၁ထိုနောက်ယေရှုသည် ဘဏ္ဍာတိုက်ရှေ့မှာ ထိုင်တော်မူစဉ်တွင်၊ လူများတို့သည် ကြေးငွေကို ဘဏ္ဍာတိုက်ထဲသို့သွင်းချသည်ကို ကြည့်ရှုတော်မူ၏။ ငွေရတတ်သောသူများတို့သည် များစွာသွင်းချကြ၏။ ၄၂ဆင်းရဲသောမုဆိုးမတယောက်သည်လာ၍ တပဲလောက်တန်သောကြေးနီဒင်္ဂါးနှစ်ပြားကိုသွင်းချ၏။ ၄၃ကိုယ်တော် သည် တပည့်တော်တို့ကိုခေါ်၍ ငါအမှန်ဆိုသည်ကား၊ ဘဏ္ဍာတော်တိုက်ထဲသို့သွင်းချသော သူအပေါင်းတို့ထက် ထိုဆင်းရဲသောမုဆိုးမသည် သာ၍သွင်းချေခဲ့ပြီ။ ၄၄အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝ သောစည်းစိမ်ထဲက နှုတ်၍သွင်းချကြ၏။ ထိုမိန်းမမူကား အလွန်ဆင်းရဲလျက်ပင်၊ မိမိအသက် မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s