မာကု အခန်းကြီး (၄)


၁နောက်တဖန် အိုင်နားမှာ ဆုံးမသြဝါဒပေးတော်မူစဉ်တွင်၊ များစွာသော လူအပေါင်းတို့သည် အထံတော်၌ စုဝေးကြသောကြောင့်၊ အိုင်တွင် လှေထဲသို့ဝင်၍ထိုင်တော်မူ၏။ ပရိတ်သတ်အပေါင်းတို့သည် အိုင်နားကုန်း ပေါ်မှာနေကြ၏။ ၂ထိုအခါ ဥပမာစကားအားဖြင့် များစွာသောဆုံးမသြဝါဒကိုပေး၍ မြွက်ဆိုတော် မူသည်မှာ၊ ၃နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား၏။ ၄အစေ့ကိုကြဲ သည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့သည် လာ၍ကောက်စား ကြ၏။ ၅အချို့သော အစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသောအရပ်၌ ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက်ချင်းအပင် ပေါက်သော်လည်း၊ ၆နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်း ပျက်ဆီးခြင်းသို့ ရောက်ကြ၏။ ၇အချို့သောအစေ့တို့သည် ဆူးပင်တို့တွင်ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှင်းဆဲသောကြောင့် အသီးမသီးကြ။ ၈အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ကျသဖြင့်၊ အပင်ပေါက်၍ ကြီးပွားလျှက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာ၊ ပွားများ၍အသီးသီးကြ၏။ ၉ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။

၁ဝဆိတ်ကွယ်ရာအရပ်၌ ရှိတော်မူသောအခါ တကျိပ်နှစ်ပါးသောသူတို့နှင် အခြံအရံတော်တို့သည် ထိုဥပမာကိုမေးမြန်းကြလျှင်၊ ၁၁ကိုယ်တော်က၊ သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာကို သိရသော အခွင့်ရှိကြ၏။ ၁၂ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြုဘဲမြင်၍၊ ကြားလျက်ပင် အနက်ကိုနား မလည်ဘဲကြားသဖြင့်၊ သူတို့အကျင့်မပြောင်းလဲ၊ အပြစ်မလွှတ်ရသည်တိုင်အောင် သူတို့အား ဟောသမျှကို ဥပမာအားဖြင့်ဟောရ၏။ ၁၃သင်တို့သည် ဤဥပမာကိုမျှနားမလည်လျှင်၊ ဥပမာရှိသမျှတို့ကို အဘယ်သို့နား လည်ကြမည်နည်း။ ၁၄မျိုးစေ့ကြဲသောသူသည် တရားစကားကိုကြဲ၏။ ၁၅တရားစကားကို လမ်း၌ကြဲခြင်း အကြောင်းအရာကား၊ တရားစကားကိုကြားသည်ရှိသော်၊ စာတန်သည်ချက်ခြင်းလာ၍ နှလုံး၌ကြဲသော တရား စကားကို နှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။ ၁၆ကျောက်ပေါသောအရပ်၌ ကြဲခြင်း အကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ခြင်းခံယူသော်လည်း၊ ၁၇စိတ်နှလုံး၌ အမြစ်မစွဲ ခဏသာ တည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့် ညှင်းဆဲခြင်းကိုခံရသောအခါ ချက်ခြင်း ဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။ ၁၈ဆူးပင်တို့တွင် ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကို ကြား၍၊ ၁၉လောကီအမှု၌ စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း၊ ကြွင်းသောအရာကို တပ်မက်ခြင်းစိတ်တို့သည် တရားစကားကို လွှမ်းမိုးညှင်းဆဲ တတ်သောအကြောင့် အသီးမသီးနိုင်ဟု ဆိုသတည်း။ ၂ဝကောင်းသေမြေ၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ခံယူသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်း။

၂၁ထိုမှတပါး ဆီမီးကို ဆီမီးခုံပေါ်မှာမတင်၊ တောင်းဇလားအောက်၊ ခုတင်အောက်၌ ဖုံးထားခြင်းငှါ ယူခဲ့သလော။ ၂၂ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျှက်ရှိသမျှတို့သည်လည်း ပွင့်လင်းလိမ့်မည်။ ၂၃ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေ။

၂၄ထိုမှတပါး သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်တိုင်ခံရကြမည်။ ၂၅အကြင်သူသည် ရတတ်၏၊ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။

၂၆ထိုမှတပါး၊ လူသည် လယ်၌ မျိုးစေ့ကြဲပြီးမှ ၂၇နောက်တဖန် မိမိမကြည့်မမှတ်၊ ညဥ့်၊ နေ့၊ အိပ်လျက်၊ နိုးလျက် နေသော်လည်း အပင်ပေါက်၍ ကြီးပွားသည်နှင့် ဘုရားသခင်၏နိုင်ငံတော်တူ၏။ ၂၈မြေကြီးသည် မိမိအလို အလျောက် အသီးကိုသီးစေ၍ ရှေ့ဦးစွာ အညှောက်၊ ထိုနောက်အနှံ၊ ထိုနောက် အနှံထဲမှာ အောင်မာသော အဆန်ကို ဖြစ်စေတတ်၏။ ၂၉အသီးမှည့်၍ ရိတ်ချိန်ရောက်သောအခါ၊ လယ်ရှင်သည် မဆိုင်းမလင့်၊ တံစဉ်နှင့် ရိတ်စေတတ်သည်ဟု မိန့်တော်မူ၏။

၃ဝထိုမှတပါး၊ ဘုရားသခင်၏နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။ အဘယ်ဥပမာနှင့် ခိုင်းနှိုင်းရအံ့နည်း ဟူမူကား၊ ၃၁မုံညှင်းစေ့နှင့်တူ၏။ မုံညှင်းစေ့သည် မြေ၌စိုက်သောအခါ မြေ၌ရှိသောအစ့တကာတို့ထက် ငယ်သော်လည်း၊ စိုက်ပြီးမှအပင်ပေါက်၍၊ ၃၂မြက်ပင်တကာတို့ထက် ကြီးပွားသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့ သည် အရိပ်ခို၍ နားနေလောက်သောအကိုင်းအခက်ကြီးတို့ကို ဖြစ်စေတတ်သည်ဟု မိန့်တော်မူ၏။ ၃၃ထိုသို့ သောဥပမာစကားများအားဖြင့် ကိုယ်တော်သည် ပရိသတ်များနားထောင်နိုင်သည်အတိုင်း တရားဟောတော် မူ၏။ ၃၄ဥပမာကင်း၍ ဟောပြောတော်မမူ။ ရှိသမျှသောအရာတို့ကို ဆိတ်ကွယ်ရာအရပ်၌ တပည့်တော်တို့အား ဖွင့်ပြတော်မူ၏။

၃၅ထိုနေ့ညအချိန်၌ ကိုယ်တော်က၊ ကမ်းတဘက်သို့ကူးကြကုန်အံ့ဟု မိန့်တော်မူလျှင်၊ ၃၆တပည့်တော် တို့သည် လူစုဝေးရာမှထွက်၍ လှေပေါ်၌ရှိနှင့်သော ကိုယ်တော်ပါလျက် သွားကြ၏။ အခြားလှေတို့လည်း ပါသေး၏။ ၃၇ထိုအခါ ပြင်းစွာသောမိုဃ်းသက်မုန်တိုင်းဖြစ်၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည် ရေနှင့်ပြည့်လေ၏။ ၃၈ကိုယ်တော်သည် ပဲ့၌ ခေါင်းအုံးပေါ်မှာ ကျိန်းစက်၍နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ကို နှိုးပြီးမှ၊ အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ပျက်ဆီးခြင်းသို့ရောက်သည်ကို လျစ်လျူသောစိတ်ရှိတော်မူသလောဟု လျောက်ကြသော်၊ ၃၉ကိုယ်တော်သည် ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာနေဟု လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည် ငြိမ်၍ အလွန်သာယာလေ၏။ ၄ဝကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက် ကြောက်တတ်သနည်း။ အဘယ်ကြောင့် ယုံကြည်ခြင်းစိတ်နှင့်ကင်းသနည်း ဟု မေးတော်မူလျှင်၊ ၄၁သူတို့သည် အလွန်ကြောက်ရွံ့၍ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကို နားထောင်ပါ သည်တကားဟု အချင်းချင်းပြောဆိုကြ၏။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s