မဿဲ အခန်းကြီး (၂၂)


၁တဖန်ယေရှုသည် ဥပမာကိုဆောင်၍ပရိသတ်တို့အား မိန့်မြွက်တော်မူသည်ကား၊ ၂ကောင်းကင် နိုင်ငံတော် သည် မိမိသားအဘို့ထိမ်းမြားမင်္ဂလာဆောင်ပွဲကိုစီရင်သောမင်းကြီးနှင့်တူ၏။ ၃ထိုမင်းကြီးသည်ဘိတ်ပြီးသောသူတို့ကို ခေါ်စေခြင်းငှါလုလင်တို့ကိုစေလွှတ်သောအခါ ထိုသူတို့သည်မလာဘဲ နေကြ၏။ ၄တဖန်အခြားသောလုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကိုငါပြင်ဆင်ပြီ။ နွားမှစသောဆူဖြိုးသောတိရ စ္ဆြွာန်များကိုသတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့လာကြပါဟု ဘိတ်ပြီးသော သူတို့အားပြောကြဟုမှာလိုက်ပြန်၏။ ၅သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့သွားကြ၏။ အချို့တို့သည်ကုန်သွယ်ရာသို့သွားကြ၏။ ၆ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဘမ်းဆီး၍ညှင်းဆဲခြင်း၊ အသေသတ်ခြင်းကိုပြုကြ၏။ ၇ထိုမင်းကြီးသည် ကြားလျှင် အမျက်ထွက်၍စစ်ချီစေသဖြင့်၊ လူအသက်ကိုသတ်သောထိုသူတို့ကိုအပြီးလုပ်ကြံ၍ သူတို့၏မြို့ကို မီးရှို့လေ၏။

၈ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ်၍ ငါ၏ မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဘိတ်သောသူတို့ သည်မထိုက်မတန်သောကြောင့်၊ ၉လမ်းမလမ်းကြားသို့သွား၍တွေ့သမျှသောသူတို့ကို ပွဲသို့ခေါ်ဘိတ်ကြဟုမိန့်တော်ရှိ သည်အတိုင်း၊ ၁ဝလုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်း တွေ့သမျှသောလူအပေါင်းတို့ကိုစုဝေးစေ၍ ပွဲတော်၌အပြည့်ရှိလေ၏။ ၁၁မင်းကြီးသည် ပွဲ၌လျောင်းသော သူတို့ကိုကြည့်ရှုခြင်းငှါ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကိုမဝတ်သောသူတယောက်ကို မြင်လျှင်၊ ၁၂အဆွေ၊ မင်္ဂလာဆောင်ပွဲ၏အဝတ်မရှိဘဲ အဘယ်ကြောင့်ဝင်သနည်း ဟုမေးတော်မူသည်ကို ထိုသူသည် မပြောနိုင်ဘဲနေ၏။ ၁၃ထိုအခါမင်းကြီးသည် အခြံအရံတို့အားထိုသူ၏လက်ခြေကိုတုပ်နှောင်လော့။ ငိုကြွေးခြင်းအံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲ သို့ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ၏၊ ၁၄ထိုသို့ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက်တော်မူသော သူနည်းသည်ဟုမိန့်တော်မူ၏။

၁၅ထိုအခါ ဖာရိရှဲတို့သည် ထွက်သွားပြီးလျှင်၊ ငါတို့သည်သူ၏ စကားကိုချောင်းမြောင်း၍ အပြစ်ပြုခွင့်ကို အဘယ်သို့ရနိုင်သနည်းဟု မေးမြန်းတိုင်ပင်ပြီးမှ၊ ၁၆မိမိတပည့်တို့နှင့် ဟေရုဒ်တပည့်တို့ကို အထံတော်သို့ စေလွှတ်၍ အရှင်ဘုရား၊ ကိုယ်တော်သည်သစ္စာရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘရားသခင်၏ တရားလမ်းကိုဟုတ်မှန်စွာ ပြတော်မူသည်ကိုအကျွန်ုပ်တို့ သိကြပါ၏။ ၁၇သို့ဖြစ်၍ ကိုယ်တော်သည် အဘယ်သို့ထင် တော်မူသနည်း။ ကဲသာဘုရင်အားအခွန်ကို ဆက်အပ်သလော၊ မဆက်အပ်သလော အကျွန်ုပ်တို့အားမိန့်တော်မူပါဟု မေးလျှောက်ကြ၏။ ၁၈ယေရှုသည် ထိုသူတို့၏ဆိုးညစ်သောသဘောကိုသိတော်မူလျှင်၊ လျှို့ဝှက်သောသူတို့၊ အဘယ် ကြောင့်ငါ့ကိုစုံးစမ်း နှောင့်ရှက်ကြသနည်း။ ၁၉အခွန်ငွေတပြားကိုပြပါဟု မိန့်တော်မူ၍၊ ဒေနာရိတပြားကို၏ယူခဲ့ကြ၏။ ၂ဝဤပုံဤလိပ်စာကားအဘယ်သူ၏ ပုံအဘယ်သူ၏ လိပ်စာဖြစ်သနည်းဟုမေးတော်မူလျှင်၊ ၂၁ကဲသာ ဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟုလျှောက်ကြသော်၊ ယေရှုကလည်း၊ ကဲသာဘုရင်၏ ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြ လော့။ ဘုရားသခင်၏ ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။ ၂၂ထိုသူတို့သည် ကြားရလျှင် အံ့သြ၍အထံတော်မှထွက်သွားကြ၏။

၂၃ထမြောက်ရှင်ပြန်ခြင်းမရှိဟူ၍ အယူရှိသောဇဒ္ဒုကဲတို့သည် ထိုနေ့၌ အထံတော်သို့ချဉ်းကပ်၍၊ ၂၄အရှင်ဘုရား၊ လူမည်သည်းကားသားမရှိဘဲသေလျှင်၊ သူ၏ မယားကကိုသူ့ညီသိမ်းယူ၍အစ်ကိုအမျိုးမပြတ် ဆက်နွယ်စေဟု မောရှေစီရင်ပါပြီ။ ၂၅အကျွန်ုပ်တို့တွင် ညီအစ်ကိုခုနှစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့် စုံဘက်၍ သားမရှိဘဲသေသဖြင့် မိမိမယားကိုမိမိညီနှင့် ကျန်ရစ်စေ၏။ ၂၆ထိုအတူတယောက် နောက်တယောက် ခုနှစ်ယောက်သော ညီအစ်ကို တို့သည်ထိုမိန်းမနှင့်စုံဘက်ပြီးမှ သေကြ၏။ ၂၇နောက်ဆုံး၌မိန်းမသည်လည်း သေလေ၏။ ၂၈သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် ခုနှစ်ယောက်သော ညီအစ်ကိုတို့တွင် အဘယ်သူ၏ မယားဖြစ်ရပါမည်နည်း။ ထိုသူအပေါင်းတို့သည် ထိုမိန်းမနှင့် စုံဘက်ခြင်းကိုပြုကြပြီဟု မေးလျှောက်ကြ၏။ ၂၉ယေရှုကလည်း၊ သင်တို့သည်ကျမ်းစာကို နားမလည်၊ ဘုရားသခင်၏ တန်ခိုးတော်ကို မသိသောကြောင့်မှား သောအယူကိုယူကြ၏။ ၃ဝထမြောက်ရာကာလ၌ စုံဘက်ခြင်းကိုမပြု၊ ထိမ်းမြား ပေးစားခြင်းကိုမပြု။ ၃၁ကောင်းကင်သားဘုရားသခင်၏ တမန်တော်ကဲ့သို့ဖြစ်ကြ၏။ ၃၂ထိုမှတပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က၊ ငါသည်အာဗြဟံ၏ဘုရား၊ ဣဇာက်၏ ဘုရား၊ ယာကုပ်၏ ဘုရားဖြစ်သည် ဟုသင်တို့အား မိန့်မြွက်တော်မူကြောင်း ကိုသင်တို့သည် မဘတ်ဘူးသလော။ ဘုရားသခင်သည်သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့ ၏ ဘုရားဖြစ်တော်မူသည် ဟုမိန့်တော်မူ၏။ ၃၃ပရိသတ်များတို့သည် ကြားရလျှင်ဆုံးမသြဝါဒ ပေးတော်မူသည်ကို အံ့သြခြင်းရှိကြ၏။

၃၄ဇဒ္ဒုကဲတို့၏ စကားကိုချေတော်မူကြောင်းကိုဖာရိရှဲတို့သည် ကြားလျှင်စုဝေးကြ၍၊ ၃၅သူတို့အဝင် အပါ ဖြစ်သော ကျမ်းတတ်တယောက်သည် ကိုယ်တော်ကိုစုံစမ်း နှောင့်ရှက်ခြင်းငှါ၊ ၃၆အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည်သာ၍ ကြီးသနည်းဟုမေးလျှောက်သော်၊ ၃၇ယေရှုက၊ သင်၏ ဘုရားသခင်ထာဝရ ဘုရားကိုစိတ်နှလုံး အကြွင်းမဲ့ ဥာဏ်ရှိသမျှနှင့် ချစ်လော့၊ ၃၈ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်သည်လည်း ဖြစ်၏။ ၃၉ထိုမှတပါးကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမပညတ်နှင့် သဘောတူ၏။ ၄ဝဤပညတ်နှစ်ပါး တို့ကားပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။

၄၁ဖာရိရှဲတို့သည် စုဝေး၍နေကြစဉ်တွင် ယေရှုက၊ သင်တို့သည် ခရစ်တော်ကိုအဘယ်သို့ ထင်မှတ်ကြသနည်း။ ၄၂အဘယ်သူ၏ သားဖြစ်သနည်းဟုမေးတော်မူလျှင်၊ ဒါဝိဒ်၏ သားဖြစ်သည် ဟုလျှောက်ကြသော်၊ ၄၃သို့ဖြစ်လျှင် ဒါဝိဒ်သည် ခရစ်တော်ကိုသခင် ဟူ၍ဝိညာဉ်တော် အားဖြင့် အဘယ်ကြောင့် ခေါ်သနည်း။ ၄၄ဒါဝိဒ်၏ စကားမှာ၊ ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာငါမချမထားမှီတိုင်အောင်ငါ့လက်ျာဘက်၌ထိုင်နေလော့ ဟုငါ၏သခင်အားမိန့်တော်မူသည် ဟုဒါဝိဒ်ဆိုသတည်း။ ၄၅ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင်၊ အဘယ်သို့သူ၏ သားဖြစ်သနည်းဟု မေးတော်မူသည်ရှိသော်၊ ၄၆အဘယ်သူမျှ စကားတခွန်းကိုပြန်လျှောက်ခြင်းငှါ မတတ်နိုင်ကြ။ ထိုနေ့မှ စ၍နောက်တဖန်အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s