လုကာ အခန်းကြီး (၁၄)


၁တနေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစာကိုသုံးဆောင်ခြင်းငှါ အရာရှိဖြစ်သော ဖာရိရှဲတယောက်၏ အိမ်သို့ ဝင်တော်မူပြီးလျှင်၊ ထိုသူတို့သည် ကိုယ်တော်ကို ချောင်းကြည့်ကြ၏။ ၂ရေဖျဉ်းနာစွဲသော သူတယောက်သည် ရှေ့တော်၌ရှိ၏။ ၃ဥပုသ်နေ့၌ အနာရောဂါငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူလျှင်၊ ၄သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ယေရှုသည် ထိုသူကိုယူ၍ အနာရောဂါနှင့် ကင်းလွတ်စေပြီးမှ၊ လွှတ်လိုက် တော်မူ၏၊ ၅ ပရိသတ်တို့ကိုလည်း၊ မိမိမြည်း၊ နွားသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင် ချက်ခြင်းမဆွဲမတင်ဘဲ နေမည့်သူတစုံတယောက်သည် သင်တို့တွင်ရှိ သလောဟု မေးတော်မူလျှင်၊ ၆ထိုသူတို့သည် စကားတခွန်းကိုမျှ မပြန်နိုင်ကြ။

၇ထိုအခါ ခေါ်ဘိတ်သောသူတို့သည် မြင့်မြတ်သောနေရာ ထိုင်ရာကို ရွေးကြသည်ကို မြင်တော်မူလျှင်၊ သူတို့အား ဥပမာကို မိန့်တော်မူသည်ကား၊ ၈သူတပါးသည် မင်္ဂလာဆောင်ပွဲသို့ သင့်ကို ခေါ်ဘိတ်သောအခါ၊ မြင့်မြတ်သောနေရာ၌ မလျောင်းနှင့်၊ ထိုသို့လျောင်းလျှင် သင့်ထက်သာ၍ မြတ်သောသူသည် ပွဲသို့လာသည် ရှိသော်၊ ၉သင်တို့နှစ်ယောက်ကို ခေါ်ဘိတ်သောသူက၊ ဤသူအား နေရာကိုပေးလော့ဟု လာ၍ပြောလိမ့်မည်။ ထိုအခါ သင်သည် ရှက်ကြောက်ခြင်းနှင့် နိမ့်သောနေရာသို့ ဆင်းရလိမ့်မည်။ ၁ဝသူတပါးတို့သည် သင့်ကိုခေါ်ဘိတ်သောအခါ၊ သွား၍ နိမ့်သောနေရာ၌လျောင်းလော့။ ထိုသို့လျောင်းလျှင် သင့်ကိုခေါ်ဘိတ်သောသူ လာသည်ရှိသော်၊ အဆွေ၊ တက်ပါဟု သင့်ကိုဆိုလိမ့်မည်။ ထိုအခါ သင်နှင့်အတူ လျောင်းသောသူတို့ရှေ့မှာ သင်၏အသရေထင်ရှားလိမ့်မည်။ ၁၁ကိုယ်ကိုကိုယ်ချီး မြှောက်သောသူမည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသော သူမည် သည်ကား မြှောက်ခြင်းသို့ရောက်လတံ့ဟု မိန့်တော်မူ၏။

၁၂ကိုယ်တော်ကိုပင့်ခေါ်သောသူအား တဖန်မိန့်တော်မူသည်ကား၊ သင်သည် နံနက်စာ၊ ညစာလုပ်ကျွေး သောအခါ၊ အဆွေခင်ပွန်း၊ ညီအစ်ကိုအမျိုးသားချင်း၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဘိတ်နှင့်။ ထိုသို့ ခေါ်ဘိတ်လျှင်၊ သူတို့သည် နောက်တဖန်သင့်ကို ခေါ်ဘိတ်၍ ကျေးဇူးဆပ်ကြလိမ့်မည်။ ၁၃သင်သည် ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်ဘိတ်လော့။ ၁၄ထိုသို့ ခေါ်ဘိတ်လျှင်၊ မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည်ဖြစ်၍၊ ဖြောင့်မတ်သော သူတို့သည် ထမြောက်သည်ကာလ၌ သင်သည် ကျေးဇူးဆပ်ခြင်းအကျိုးကို ခံရလတံ့ဟု မိန့်တော်မူ၏။

၁၅စားပွဲ၌လျောင်းသောသူတယောက်သည် ထိုစကားတော်ကိုကြားလျှင်၊ ဘုရားသခင်၏နိုင်ငံတော်၌ ပွဲဝင်သောသူသည် မင်္ဂလာရှိ၏ဟု လျှောက်သော်၊ ၁၆ကိုယ်တော်က၊ လူတဦးသည် ကြီးစွာသောပွဲကိုစီရင်၍ လူများ ကို ခေါ်ဘိတ်လေ၏။ ၁၇ပွဲခံချိန်ရောက်သောအခါ၊ ခေါ်ဘိတ်သောသူတို့ကို၊ လာကြပါ။ အလုံးစုံတို့သည် အသင့်ရှိပြီ ဟုမှာ၍ အစေအပါကိုစေလွှတ်၏။ ၁၈ခေါ်အပ်သောသူအပေါင်းတို့သည် တညီတညွတ်တည်း ပရိယာယ်ပြုကြ၏၊ တယောက်က၊ အကျွန်ုပ်သည် မြေရာကိုဝယ်ပါပြီ။ သွား၍ကြည့်ရပါမည်။ အကျွန်ုပ်ကိုလွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။ ၁၉တယောက်က၊ အကျွန်ုပ်သည် နွားငါးယှဉ်ကိုဝယ်ပါပြီ။ သွား၍စမ်းရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။ ၂ဝတယောက်က၊ အကျွန်ုပ်သည် မယားနှင့် လက်ထပ်ပါပြီ။ ထိုကြောင့် အကျွန်ုပ်မလာနိုင်ပါဟု ဆို၏။ ၂၁အစေအပါသည် သခင့်ထံသို့ပြန်လာ၍ ထိုအကြောင်းများကို လျှောက်လေ၏။ ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍၊ မြို့လမ်းမကြားသို့ အသော့သွားချေ။ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်သွင်းချေဟု အစေအပါကိုဆို၏။ ၂၂အစေအပါကလည်း၊ သခင် စီရင်တော်မူသည်အတိုင်း ပြုပါပြီ။ သို့သော်လည်း လပ်သောနေရာထိုင်ရာ ရှိပါသေးသည်ဟု လျှောက်လေသော်၊ ၂၃သခင်က၊ မြို့ပြင်၊ လမ်းမ၊ ခြံနားသို့သွားဦးလော့။ ငါ့အိမ်ကိုပြည့်စေခြင်းငှါ အနိုင်အထက်ခေါ်သွင်းလော့။ ၂၄အထက်ကခေါ်ဘိတ်သော သူတယောက်မျှ ငါ့ပွဲသို့မဝင်ရ၊ ငါအမိန့်ရှိပြီဟု အစေအပါကိုဆိုသည်ဟု မိန့်တော်မူ၏။

၂၅လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ကို ယေရှုသည် လှည့်၍ကြည့်တော် မူပြီးလျှင်၊ ၂၆အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို၎င်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။ ၂၇အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။ ၂၈သင်တို့တွင် တယောက်သောသူသည် တိုက်ကိုတည်မည်ဟု အကြံရှိလျှင်၊ ထိုတိုက်ပြီးအောင် ငွေလောက်မည်မလောက်မည်ကို သိခြင်းငှါ၊ ရှေ့ဦးစွာထိုင်၍ ကုန်စရိတ်ကို မချင့်တွက်ဘဲ နေမည်လော။ ၂၉သို့မဟုတ် တိုက်မြစ်ကိုတည်၍ တိုက်ကိုမပြီး နိုင်လျှင်၊ သိမြင်သောသူအပေါင်းတို့က၊ ၃ဝဤသူသည် တည်စပြု၍ အစမသတ်နိုင်ဟု ကဲ့ရဲ့ကြလိမ့်မည်။ ၃၁တနည်းကား၊ တစုံတယောက်သောရှင်ဘုရင်သည် အခြားသော ရှင်ဘုရင်နှင့် စစ်ပြိုင်မည် ဟုအကြံရှိလျှင်၊ လူနှစ်သောင်းနှင့်ချီလာသော ရှင်ဘုရင်ကို လူတသောင်းနှင့် ခံနိုင်မည် မခံနိုင် မည်မခံနိုင်မည်ကို ရှေ့ဦးစွာထိုင်၍ မဆင်ခြင်ဘဲနေမည်လော။ ၃၂မခံနိုင်သည်မှန်လျှင်၊ အခြားသော ရှင်ဘုရင်ဝေးသေးသောအခါ သံတမန်ကိုစေလွှတ်၍ စစ်ငြိမ်းမည်အကြောင်းတောင်းပန်တတ်သည် မဟုတ်လော။ ၃၃ထိုနည်းတူ၊ သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကိုမစွန့်ဘဲနေ၏၊ ထိုသူသည်ငါ့တပည့်မဖြစ်နိုင်ရာ။ ၃၄ဆားမူကား ကောင်း၏။ သို့သော်လည်းအငန်ကင်းပျောက်လျှင်ငန်သောအရသာကို အဘယ်သို့ရပြန်မည်နည်း။ ၃၅မြေဘို့မကောင်း၊ အမှိုက် ပုံဘို့မကောင်း၊ ထိုဆားကိုပြင်သို့ပစ်လိုက်တတ်၏။ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s