လုကာ အခန်းကြီး (၅)


၁ တရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တရားကို နားထောင်ခြင်းငှါ ကိုယ်တော်အနီးသို့ တိုးဝှေ့ကြစဉ်တွင်၊ ကမ်းနားမှာစိုက်သော လှေနှစ်စင်း ကိုမြင်တော်မူ၏။ ၂တံငါ တို့သည် လှေထဲကထွက်၍ ပိုက်ကွန်တို့ကို ဆေးလျှော်လျက်နေကြ၏။ ၃ထိုလှေတို့တွင် ရှိမုန်၏လှေထဲသို့ ဝင်တော်မူပြီးလျှင် လှေကိုကမ်းနားမှာအနည်းငယ် ခွာဖွင့်စေခြင်းငှါ ရှိမုန်ကိုအခွင့်တောင်းတော်မူ၏။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတို့ကို ဆုံးမသြဝါဒပေးတော်မူ၏။

၎စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်း လော့ဟု ရှိမုန်အား မိန့်တော်မူ၏။ ၅ရှိမုန်ကလည်း၊ သခင်၊ ကျွန်ုပ်တို့သည် တညဥ့်လုံးကြိုးစားသော်လည်း တကောင်ကိုမျှ မရပါ။ သို့ရာတွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကိုချပါမည်ဟု လျှောက်လေ၏။ ၆ထိုသို့ချကြပြီး လျှင် အလွန်များစွာ သောငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပျတ်စရှိ၏။ ၇အခြားသော လှေတစင်း၌ ရှိသော အပေါင်းအဘော်တို့သည် လာ၍ကူညီစေခြင်းငှါ သူတို့ကိုအမှတ်ပေးသဖြင့်၊ သူတို့လာ၍ လှေနှစ်စင်းနစ်လုမတတ် ငါးနှင့်ပြည့်စေကြ၏။ ၈ရှိမုန်ပေတရုသည်မြင်လျှင်၊ ယေရှု၏ပုဆစ်တော်ကို ဦးတိုက်၍၊ သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်ပါ၏။ အကျွန်ုပ်ဆီမှကြွသွားတော်မူပါဟု လျှောက်လေ၏။ ၉အဘယ်ကြောင့်ဤသို့လျှောက်သနည်း ဟူမူကား၊ အုပ်မိသော ငါးများကို ထောက်သဖြင့်၊ ရှိမုန်နှင့်သူ၏ အပေါင်းအဘော် ဇေဗေဒဲ၏သား ယာကုပ်နှင့်ယောဟန်မှစ၍ ရှိမုန်နှင့် ပါသမျှသောသူတို့သည် မိန်းမောတွေဝေခြင်းရှိကြ၏။ ၁ဝယေရှုကလည်း၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ယခုမှစ၌ လူတို့ကို ဘမ်းမိသော သူဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ ၁၁ကမ်းနားမှာလှေကိုဆိုက်ပြီးလျှင်၊ ထိုသူတို့သည်ရှိသမျှ တို့ကိုစွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။

၁၂ကိုယ်တော်သည် မြို့တမြို့၌ရှိတော်မူစဉ်၊ တကိုယ်လုံးနူနာစွဲသော သူတယောက်သည် ကိုယ်တော်ကို မြင်လျှင် ပြပ်ဝပ်၍၊ သခင်၊ အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။ ၁၃ယေရှုကလည်း၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေဟု မိန့်တော်မူလျက်၊ လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်လေ၏။ ၁၄ယေရှုကလည်း၊ ဤအကြောင်းအရာကို အဘယ်သူအားမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတပါး၌သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ ရောက်သည်အတွက် မောရှေစီရင်မှာထားသော ပူဇော်သက္ကာကိုဆက်လော့ဟု မိန့်တော်မူ၏။ ၁၅သို့သော် လည်း သိတင်းတော်သည်သာ၍ ကျော်စောသဖြင့်၊ များစွာသောလူအပေါင်းတို့သည် တရားနာလိုသောငှါ၎င်း၊ အနာရောဂါ ငြိမ်းစေခြင်း ကျေးဇူးတော်ကို ခံလိုသောငှါ၎င်း စုဝေးလျက်ရှိကြ၏။ ၁၆ကိုယ်တော်သည် တောအရပ်သို့ ကြွ၍ ဆုတောင်းလေ့ရှိတော်မူ၏။

၁၇တနေ့သ၌ ကိုယ်တော်သည် ဆုံးမသြဝါဒပေးတော်မူစဉ်၊ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဂါလိလဲပြည် မြို့ရွာများတို့က ရောက်လာသောဖာရိရှဲတို့နှင့် နိဿရည်းဆရာတို့သည် ထိုင်လျက်ရှိကြ၍၊ အနာရောဂါကိုငြိမ်းစေ ခြင်းငှါ သခင်ဘုရား၏ တန်ခိုးတော်သည် ထင်ရှား၏။ ၁၈ထိုအခါ လက်ခြေသေသောသူတယောက်ကို အိပ်ရာနှင့်တကွ အထံတော်သို့ ဆောင်ခဲ့၍ ရှေ့တော်၌သွင်းထားခြင်းငှါ ရှာကြံကြ၏။ ၁၉လူစုဝေးလျက်ရှိသောကြောင့် ဝင်စရာလမ်းကို မတွေ့သဖြင့် အိမ်မိုးပေါ်သို့တက်၍ အုတ်မိုးကိုဖောက်ပြီးမှ လူနာကို အိပ်ယာနှင့်တကွ လူများအလယ် ယေရှု၏ ရှေ့တော်သို့လျော့ချကြ၏။ ၂ဝကိုယ်တော်သည် ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျှင် လူနာအား၊ အချင်းလူ၊ သင်၏အပြစ်ကိုလွတ်စေပြီဟု မိန့်တော်မူ၏။ ၂၁ကျမ်းပြုဆရာနှင့်၊ ဖာရိရှဲတို့က၊ ဘုရားကိုလွန်ကျူး၍ပြောသော ဤသူကား အဘယ်သူနည်း။ ဘုရားသခင်မှတပါး အဘယ်သူသည် အပြစ်ကိုလွှတ်နိုင်သနည်းဟု ထင်မှတ်ကြ၏။ ၂၂ယေရှုသည် ထိုသူတို့၏ထင်မှတ်ခြင်းကို သိတော်မူလျှင်၊ သင်တို့စိတ်ထဲမှာအဘယ်ကြောင့် ထင်မှတ်ကြသနည်း။ ၂၃အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။ ၂၄လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့။ ကိုယ်အိပ်ယာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော့၊ သင့်အားငါဆိုသည်ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။ ၂၅ထိုသူသည် လည်း လူများရှေ့မှာချက်ခြင်းထ၍ အိပ်ယာကို ဆောင်လျက်။ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလျက် မိမိအိမ်သို့ သွားလေ၏။ ၂၆ထိုသူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ကြောက်ရွံ့အားကြီးသည်နှင့်၊ ငါတို့သည် အံ့ဘွယ်သော အမူအရာကို ယနေ့မြင်ခဲ့ပြီဟု ပြောဆို၍ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။

၂၇ထိုနောက် ကိုယ်တော်သည်ထွက်ကြွ၍၊ လေဝိအမည်ရှိသော အခွန်ခံသူသည် အခွန်ခံရာတဲ၌ ထိုင်နေ သည်ကိုမြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ ၂၈ထိုသူသည်လည်း ရှိသမျှတို့ကို စွန့်ပစ်လျက် ထ၍ နောက်တော်သို့ လိုက်လေ၏။ ၂၉ထိုနောက်မှ လေဝိသည် ကိုယ်တော်အဘို့အလိုငှါ မိမိအိမ်၌ ကြီးစွာသောပွဲကိုခံ၍၊ အခွန်ခံသောသူများနှင့် အခြားသောသူအပေါင်းတို့သည် ကိုယ်တော်မှ စသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။ ၃ဝကျမ်းပြုဆရာနှင့်ဖာရိရှဲတို့က၊ သင်တို့သည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင်အတူ အဘယ် ကြောင့် စားသောက်ကြသနည်းဟု တပည့်တော်တို့ကို ကဲ့ရဲ့ပြစ်တင်ကြ၏။ ၃၁ယေရှုကလည်း၊ ကျန်းမာသောသူ တို့သည် ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့ သာလျှင် အလိုရှိကြ၏။ ၃၂ဖြောင့်မတ်သောသူတို့ကို နောင်တ သို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်။ ဆိုးသော သူတို့ကို ခေါ်ခြင်းငှါ ငါလာသည်တည်းဟု မိန့်တော်မူ၏။

၃၃လူအချို့တို့က၊ ယောဟန်၏တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ခြင်းနှင့်ဆုတောင်းခြင်းတို့ကို အဖန်တလဲလဲပြုကြသည်ဖြစ်၍၊ အဘယ်ကြောင့်ကိုယ်တော်၏တပည့်တို့သည် စားသောက်လျက် နေကြပါသ နည်း ဟု လျှောက်ကြ၏။ ၃၄ကိုယ်တော်ကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့ နှင့်အတူရှိစဉ်အခါ သူတို့ကိုအစာရှောင်စေနိုင်သလော။ ၃၅မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဘော် တို့နှင့်ခွါ၍ ယူသွားသော အချိန်ကာလရောက်လိမ့်မည်။ ထိုကာလအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။ ၃၆ဥပမာကား၊ အဝတ်ဟောင်း ကိုအထည်သစ်နှင့်ဖာလေ့မရှိ။ ထိုသို့ဖာလျှင် အထည်သစ်သည် ဆွဲဆုတ်တတ်၏။ ဖာသောအထည်သစ်သည် အဝတ်ဟောင်းနှင့်မသင့်မတင့်တတ်။ ၃၇၄င်းနည်း၊ ဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့်၊ စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ ၃၈အသစ်သော စပျစ်ရည်ကို အသစ်သောသားရေဘူး၌ထည့်ရသည်၊ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက်စီး။ ၃၉ဟောင်းသော စပျစ်ရည်ကို သောက်ပြီးသောသူသည်လည်း အသစ်သောစပျစ်ရည်ကို ချက်ခြင်းအလို မရှိတတ်။ ဟောင်းသော စပျစ်ရည်သာ၍ကောင်းသည်ကို သိ၏ဟု မိန့်တော်မူ၏။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s