၂ကော အခန်းကြီး(၂)


၁ထိုမှတပါး၊ ဝမ်းနည်းခြင်းနှင့် တကွသင်တို့ဆီသို့နောက်တဖန်ငါမလာဟု ငါစိတ်ပြဌာန်းခဲ့ပြီ။ ၂အကြောင်းမူ ကား၊ ငါသည် သင်တို့ကိုဝမ်းနည်းစေလျှင်၊ ထိုသို့ငါဝမ်းနည်းစေသောသူတို့မှတပါး အဘယ်သူသည် ငါ့ကိုဝမ်း မြောက်စေမည်နည်း။ ၃ငါဝမ်းမြောက်ခြင်း၏အကြောင်းသည် သင်တို့ရှိသမျှ၏ဝမ်းမြောက်ခြင်းအကြောင်း ဖြစ်သည်ကို ငါသဘော ကျသည်ဖြစ်၍၊ ငါရောက်သောအခါ ငါ့ကိုဝမ်းမြောက်စေအပ်သောသူတို့သည် ဝမ်းနည်းခြင်းအကြောင်းကို မပြုစေခြင်းငှါ၊ အထက်စာကို ငါရေး၍ပေးလိုက်၏။ ၄အလွန်ညှိုးငယ်ပူပန်သောစိတ်နှင့် မျက်ရည်အများကျလျက်၊ သင်တို့အား ငါရေး၍ ပေးလိုက်၏။ သင်တို့ကို စိတ်နာစေခြင်းငှါ ငါရေးသည်မဟုတ်။ ငါသည် သင်တို့အား အလွန်ချစ်သော မေတ္တာစိတ်ကို သင်တို့သိစေခြင်းငှာ ငါရေး၏။ ၅တစုံတယောက်သောသူသည် ဝမ်းနည်းခြင်း အကြောင်းကို ပြုသည်မှန်လျှင်၊ သင်တို့တွင် အချို့သောသူတို့အားဖြင့်သာ ငါ့ကိုဝမ်းနည်းစေ၏။ သင်တို့ရှိသမျှကို ကျပ်တည်းစွာမစီရင်လို။ ၆အများသောသူတို့စီရင်သော ဒဏ်သည် ထိုသူ၏အပြစ်နှင့်တန်ပြီ။ ၇သို့ဖြစ်၍ ထိုသို့သော သူသည် ဝမ်းနည်းခြင်းအားကြီးလျက်၊ မိန်းမောတွေဝေခြင်းမရှိစေခြင်းငှါ၊ သင်တို့သည် ခြားနားသောအားဖြင့် သူ၏အပြစ်ကိုလွှတ်၍ သူ့ကိုနှစ်သိမ့် စေခြင်းငှါပြုသင့်၏။ ၈ထိုကြောင့်သင်တို့သည် သူ့ကိုအမှန်ချစ်ကြသည်ကို ထင်ရှားစွာပြမည်အကြောင်း ငါတောင်းပန်၏။ ၉ထိုမှတပါး၊ သင်တို့သည် အရာရာ၌နားထောင်သည်၊ နားမထောင် သည်ကို ငါသိလို၍၊ သင်တို့ကို စုံစမ်းသောအားဖြင့် အထက်ကရေး၏။ ၁ဝအကြင်သူ၏ အပြစ်ကိုသင်တို့သည် လွှတ်၏။ ထိုသူ၏အပြစ်ကို ငါသည်လည်းလွှတ်၏။ အကြောင်းမူကား၊ ငါသည်တစုံတယောက်သောသူ၏ အပြစ်ကိုလွှတ်ဘူးလျှင်၊ သင်တို့ကိုထောက်၍ ခရစ်တော်၏ အခွင့်နှင့် လွှတ်ဘူး၏။ ၁၁သို့မဟုတ်လျှင်၊ စာတန်သည် ငါတို့ကိုနိုင်မည်ဟု စိုးရိမ်စရာရှိ၏။ သူ၏အကြံအစည်များကို ငါတို့သိကြ၏။

၁၂ထိုမှတပါး၊ ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောခြင်းငှါ တရောမြို့သို့ငါရောက်၍၊ သခင်ဘုရားသည် ငါ့အားတံခါးကိုဖွင့်တော်မူသောအခါ၊ ၁၃ငါ့ညီတိတုကို ငါမတွေ့သောကြောင့် စိတ်မသက်သာသဖြင့်၊ ထိုသူတို့ကိုအခွင့် ပန်ပြီးမှမာကေဒေါနိပြည်သို့ထွက်သွားလေ၏။

၁၄ငါတို့သည် ခရစ်တော်နှင့် အတူအောင်ပွဲကိုအစဉ်ခံစေခြင်းငှါ၎င်း၊ ထိုသခင်ကို သိခြင်း၏ အမွှေးအကြိုင်သည် ငါတို့အားဖြင့် အရပ်ရပ်တို့၌နှံ့ပြားစေခြင်းငှါ၎င်း၊ ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်း ရှိစေသတည်း။ ၁၅အဘယ်သို့နည်းဟူမူကား၊ ငါတို့သည်ကယ်တင်သောသူတို့၌၄င်း၊ ဆုံးရှုံးသောသူတို့၌၄င်း၊ ဘုရားသခင်အား ခရစ်တော်၏ အမွှေးအကြိုင်ဖြစ်ကြ၏။ ၁၆ဆုံးရှုံးသောသူတို့၌ကား၊ သေခြင်းတိုင်အောင် သေခြင်း၏ အမွှေးအကြိုင်ဖြစ်ကြ၏။ ကယ်တင်သောသူတို့၌ကား၊ အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း၏ အမွှေးအကြိုင် ဖြစ်ကြ၏။ သို့ဖြစ်၍ ဤအမှုအရာတို့နှင့် အဘယ်သူထိုက်တန်သနည်း။ ၁၇ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မှောက်လှန်သောသူများတို့နှင့် ငါတို့သည်မတူဘဲ ကြည်ဖြူသောစိတ်ရှိ၍ ဘုရားသခင်၏ အလိုတော်နှင့် အညီ၊ ဘုရားသခင့် ရှေ့တော်၌ခရစ်တော်၏ တရားကိုဟောပြောကြ၏။