၂ရာ အခန်းကြီး(၁၆)


၁ဒါဝိဒ်သည် တောင်ထိပ်ကို အနည်းငယ် လွန်သောအခါ၊ မေဖိဗောရှက်၏ကျွန် ဇိဘသည် ကုန်းနှီးတင်သော မြည်းနှစ် စီးနှင့်တကွ မုန့်လုံးနှစ်ရာ၊ စပျစ်သီးခြောက် အပြွတ်တရာ၊ သင်္ဘော သဖန်းသီးပျဉ်အပြားတရာ၊ စပျစ်ရည်ဘူးတလုံးကို မြည်းပေါ်မှာ တင်ဆောင်လျက် ခရီးဦးကြိုပြုအံ့သော ငှါလာ၏။ ၂ရှင်ဘုရင်ကလည်း၊ အဘယ်သို့ပြုခြင်းငှါဤဥစ္စာကို ဆောင်ခဲ့သနည်းဟု ဇိဘအားမေးလျှင်၊ ဇိဘက၊ မြည်းတို့သည်နန်းတော်သားများစီးဘို့၊ မုန့်နှင့်သစ်သီးတို့သည် လုလင်များစားဘို့၊ စပျစ်ရည်သည်လည်း တော၌ မောသောသူများသောက်ဘို့ ဖြစ်ပါသည်ဟုလျှောက်၏။ ၃ရှင်ဘုရင်ကလည်း၊ သင့်သခင်၏ သားသည်အဘယ်မှာရှိသနည်းဟုမေးလျှင်ဇိဘက၊ ယေရုရှလင်မြို့၌နေရစ်ပါ၏။ ယနေ့မှာဣသရေလ အမျိုးသည်ငါ့အဘ၏ နိုင်ငံကိုငါ့အား ပြန်ပေးလိမ့်မည်ဟု ဆိုကြောင်းကိုလျှောက်လေသော်၊ ၄ရှင်ဘုရင်က၊ မေဖိဗောရှက်နှင့်ဆိုင်သမျှသောဥစ္စာသည် သင့်ဥစ္စာဖြစ်စေဟု ဇိဘအားမိန့်တော်မူ၏၊ဇိဘကလည်း၊ အရှင်မင်းကြီးကျွန်တော်သည် ရှေ့တော်၌မျက်နှာရပါမည်အကြောင်း ရှိခိုးအသနားတော်ခံပါသည်ဟု ပြန်လျှောက်လေ၏။

၅ဒါဝိဒ်မင်းကြီးသည်ဗာဟုရိမ်မြို့သို့ရောက်သောအခါ၊ ရှောလု၏အဆွေအမျိုး ဂေရသားရှိမိ အမည် ရှိသောသူသည်ကျိန်ဆဲလျက်ထွက်လာ၏။ ၆ဒါဝိဒ်မင်းကြီးနှင့် ကျွန်တော်မျိုးအပေါင်း တို့ကိုကျောက်ခဲနှင့် ပစ်လေ၏။ လူများအပေါင်းနှင့် မှူးတော်မက်တော်အပေါင်းတို့သည် လက်ျာတော်ဘက်၊ လက်ဝဲတော်ဘက်၌ ရှိကြ၏။ ၇ရှိမိ ကျိန်ဆဲသောစကားဟူမူ ကား၊ သွားဟဲ့၊ သွားဟဲ့။ ၈လူအသက်ကိုသတ်သောအဓမ္မလူ၊ ရှောလု၏နိုင်ငံကို လုယူ၍ သူ၏အဆွေအမျိုးကိုသတ်သော အပြစ်အလုံးစုံကို သင့်ခေါင်းပေါ်မှာ ထာဝရဘုရားသက်ရောက်စေ၍၊ နိုင်ငံတော်ကို သင်၏သားအဗရှလုံလက်၌ အပ်တော်မူပြီ။ သင်သည် လူအသက်ကိုသတ်သောသူဖြစ်သောကြောင့်ကြည့်ပါ။ အမှုကြီးရောက်လေပြီဟုဆို၏။ ၉ဇေရုယာသား အဘိရှဲကလည်း၊ ထိုခွေးသေကောင်သည် အရှင်မင်းကြီးကို ကျိန်ဆဲရမည်လော။ ကျွန်တော်သွား၍ သူ၏လည်ပင်းကိုဖြတ်ပါရစေဟု နားထောင်လျှောက်လျှင်၊ ၁ဝရှင်ဘုရင်က အိုဇေရုယာသားတို့၊ သင်တို့သည်ငါနှင့်အ ဘယ်သို့ဆိုင်သနည်း။ ထိုသူသည်ကျိန်ဆဲပါလေစေ။ ဒါဝိဒ်ကို ကျိန်ဆဲလော့ဟု ထာဝရဘုရားမှာထားတော်မူပြီ။ သို့ဖြစ်၍သင်သည်အဘယ်ကြောင့်ဤသို့ပြုသနည်းဟု အဘယ်သူ ဆိုရမည်နည်းဟူ၍၄င်း၊ ၁၁ကြည့်ပါ။ ငါ့ကိုယ်ထဲကထွက် သောငါ့သားအရင်းသည် ငါ့အသက်ကိုရှာ၏။ ထိုဗင်္ယာမိန်အမျိုးသားသည်ထိုမျှမက အခွင့်ရှိလိမ့်မည်။ သူ့ကိုရှိပါလေစေ။ ကျိန်ဆဲပါလေစေ။ ဒါဝိဒ်ကို ကျိန်ဆိုလော့ဟု ထာဝရဘုရားမှာထားတော်မူပြီ။ သို့ဖြစ်၍ သင်သည်အဘယ်ကြောင့် အသို့ပြုသနည်းဟု အဘယ်သူဆိုရ မည်နည်း ဟူ၍၄င်း၊ ၁၁ကြည့်ပါ။ ငါ့ကိုယ်ထဲက ထွက်သောငါ့သားရင်းသည် ငါ့အသက်ကိုရှိ၏။ ထို ဗင်္ယာမိန်အမျိုးသားသည် ထိုမျှမက အခွင့်ရှိလိမ့်မည်။ သူ့ကိုရှိပါလေစေ။ ကျိန်ဆဲပါလေစေ။ ထာဝရဘုရားမှာထားတော်မူပြီ။  ၁၂ထာဝရဘုရား သည်ငါ၏ဒုက္ခကိုကြည့်ရှု၍ ယနေ့ထိုသူကျိန်ဆဲသည် အတွက် ကောင်းသောအကျိုးကိုပြန်ပေး ကောင်းပေးတော်မူ လိမ့်မည်ဟူ၍၄င်း၊ အဘိရှဲနှင့် ကျွန်တော်မျိုးအပေါင်းတို့အား မိန့်တော်မူ၏။ ၁၃ဒါဝိဒ်သည် နောက်တော်လိုက် သူတို့နှင့်တကွလမ်း၌ သွားစဉ်တွင်၊ ရှိမိသည်ဒါဝိဒ်တဘက်တချက်၊ တောင်ခါးပန်းနားမှာ ရှောက်သွားသဖြင့်၊ ကျိန်ဆဲလျက် ကျောက်ခဲနှင့်ပစ်၍ မြေမှုန့်ကိုလည်း ပက်လေ၏။ ၁၄ရှင်ဘုရင်မှစ၍ နောက်တော်သို့ လိုက်သော သူအပေါင်းတို့သည်မောလျက်၊ ဗာဟုရိမ်မြို့သို့ရောက်၍အမောအပန်းဖြေကြ၏။

၁၅အဗရှလုံနှင့်လူ  အပေါင်းတို့သည် ယေရုရှလင်မြို့သို့ရောက်၍အဟိသောဖေလလည်းပါ၏။ ၁၆ဒါဝိဒ်၏ အဆွေခင်ပွန်း အာခိလူ ဟူရှဲသည်လည်း အဗရှလုံထံသို့ရောက်လာ၍ ရှင်ဘုရင်အသက်တော် ရှင်စေသတည်း၊ ရှင်ဘုရင် အသက်တော် ရှင်စေသတည်းဟု ကောင်းကြီးပေး၏။ အဗရှလုံထံသို‹ ရောက်လာ၍၊ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု ကောင်းကြီးပေး၏။ ၁၇အဗရှလုံကလည်း၊ သင်၏ အဆွေခင်ပွန်းနှင့်အတူ အဘယ်ကြောင့် အလိုက်သနည်းဟု ဟုရှဲအား ဆိုလျင်၊ ၁၈ဟုရှဲက၊ ထိုသို‹ မိန်တော်မမူပါနှင့်။ ထာဝရဘုရားမှ စ၍ ဤ လူများနှင့် ဣသရေလ လူများအပေါင်းတို‹သည် ရွေးချယ်သော ထိုသူထံမှာ ကျွန်တော်ကျွန်ခံပါမည်။ထိုသူထံမှာ နေပါမည် ဟူ၍၄င်း၊ ၁၉တဖန်အကြင်သူထံ၌ ကျွန်ခံရ၏ ထိုသူ၏ သားထံ၌ ကျွန်ခံရသည် မဟုတ်ပါလော။ ကျွန်တော်သည်ခမည်းတော်ထံ၌ ကျွန်ခံသည်နည်းတူ ကိုယ်တော်ထံ၌ လည်းကျွန်ခံပါမည်ဟူ၍၄င်း၊ အဗရှလုံအားလျှောက်ဆို၏။

၂ဝအဗရှလုံကလည်း၊ ငါတို‹သည်အဘယ်သို‹ပြုရမည်ကိုအကြံပေးပါဟု အဟိသောဖေလအားဆိုလျင်၊ ၂၁အဟိသောဖေလက၊ နန်းတော်ကိုစောင့်စေခြင်ငှါခမည်းတော်ထားခဲ့သော ကိုယ်လုပ်တော်တို‹ရှိရာသို‹ ဝင်တော်မူပါ။ ခမည်းတော်သည် ကိုယ်တော်အား စက်ဆုပ်ရွံရှာကြောင်းကို ဣသရေလအမျိုးသား အပေါင်းတို‹သည်ကြား၍၊ကိုယ်တော်ဘက်၌နေသောသူအပေါင်းတို‹သည် လက်အားကြီးကြပါလိမ်မည်ဟု လျှောက်သည်အတိုင်း၊ ၂၂နန်းတော်ပေါ်မှာ အဗရှလုံအဘို‹ မျက်နှာ ကြက်ကိုမိုး၍၊ သူသည် ဣသသရေလ အမျိုးသားအပေါင်းတို‹ရှေ့မှာ ခမည်းတော်၏ ကိုယ်လုပ်တော်တို‹ရှိရာသို‹ဝင်လေ၏။ ၂၃ထို ကာလ၌ အဟိသော ဖေလပေးသော အကြံသည် ဘုရား သခင့် ထံတော်၌ မေးလျောက်၍ ခံရသော ဗျာဒိတ်တော်ကဲ့သို‹ ဖြစ်၏။ သူပေးသမျှသောအကြံကို ဒါဝိဒ်နှင့် အဗရှလုံသည် ဗျာဒိတ်တော်ကဲ့သို‹ မှတ်တတ်သတည်း။